Author's Profile Photo

Reviews by Benevolent

15/12/2023

'မာလီ' (ဆရာနေဝင်းမြင့်)

1 min read
Book Review
'မာလီ' (ဆရာနေဝင်းမြင့်)'s photo

ဒီစာအုပ်လေးက လူငယ်နဲ့ လူကြီး ကြားက အကြောင်းအရာ သရုပ်ဖော်ချက်များထက် သာလွန်သော စာအုပ်ဖြစ်တယ်။ ခွန်အားနှင့် ပေးဆပ်ခြင်း ကိုလည်း ဖော်ပြနိုင်စွမ်းရှိတဲ့ စာအုပ်လို့ ဆိုရမယ်။သံယောဇဥ်နဲ့စွန့်စားမှု များကိုစရိုက်ပီပြင်စွာနဲ့ရေးဖွဲ့ထားတဲ့ ဝတ္ထုလတ်တစ်ပုဒ်ဖြစ်ပါတယ်။

အိန္ဒိယလူမျိုး မာလီတစ်ယောက်နဲ့ ကောင်လေးတစ်ယောက်အကြောင်း အခြေခံထားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပါ။မူရင်းစာ‌ရေးသူ 'ဒဲနစ်ရော်နယ်ရှားမန်း' ရဲ့ ငယ်ဘဝ အိန္ဒိယနိုင်ငံ၊ ခူဆီယွန်းဒေသ က ထိုဇာတ်လမ်း ဖြစ်ပေါ်ရာ နေရာဖြစ်တယ်။

တကယ်တော့ ဆယ်ကျော်သက် ကောင်လေးက အဘိုးအိုကို ဉယျာဉ်မှူးဆိုတဲ့ သဘောနဲ့ 'မာလီ' လို့ခေါ်နေခြင်းမျိုးမဟုတ်ဘဲ လူနာမည်ထင်၍ ခေါ်နေခြင်းမျိုးဖြစ်တယ်။'ဂျက်ဖရီ'မှာ အဖေမရှိတော့ဘူး။အမေနဲ့အတူနေထိုင်ရင်း မာလီအဖိုးကြီးကိုပဲ တရင်းတနှီးဆက်ဆံ ပြောဆိုနေရသူဖြစ်တယ်။

လူငယ်လေးက ကျောင်းနေဖက်သူငယ်ချင်းတွေနဲ့အတူ ပြောင်းဖူးခင်းတစ်ခုထဲက ပြောင်းဖူးတွေ
ကို လူမသိအောင် ယူခဲ့မိတယ်။ဒါဟာ ခိုးယူမှုမြောက်တယ်လို့ သူတို့ကမထင်ခဲ့ကြဘူး။ကျောင်းအုပ်ဆရာကြီးက သူတို့ကို ပြင်းထန်လှတဲ့ကြိမ်ဒဏ် ၁၃ချက်ပေးတယ်။လမ်းလျှောက်တာကိုတောင် မာန်တင်းလျှောက်ရတဲ့အထိ နာကျင်သွားရတယ်။ကြိမ်ဒဏ်ပေးခံရတာကို 'ဂျက်ဖရီ' အမေ သိရင်တော့ မကြိုက်၊ ထပ်ပြီးဆုံးမမှုလုပ်မှာ သေချာတယ်။

မာလီအိုကြီးက ကလေးငယ်၏ အရာရာအပေါ် ဖြစ်လာတတ်တဲ့ ခံစားချက်၊ ထင်မြင်မှု၊ အတွေးအမြင်တွေ နားထောင်ပေးလေ့ရှိတယ်။ အရင်းနှီးဆုံးသူငယ်ချင်းတစ်ယောက်လို သိချင်တာတွေကို ပွင့်ပွင့်လင်းလင်း မေးလေ့ရှိတယ်။မာလီအဘိုးအိုကလည်း နားထောင်ရတာကို မညည်းငွေ့ဘူး။အတတ်နိုင်ဆုံး စိတ်ရှည်စွာ ပြန်ဖြေလေ့ရှိတယ်။

အဘိုးအို ပြောပြလေ့ရှိတဲ့ ဇာတ်လမ်းတွေ၊ပုံပြင်‌အကြောင်းတွေကို 'ဂျက်ဖရီ'က သေချာနားထောင်တယ်။ မ

AVA (Season 1 & 2) Beyond AVA The Fall of Hantharwaddyဘဝဟူသည်အရင်းအနှီးနဲ့ တည်ဆောက်ထားတဲ့ ဘဝရည်မှန်းချက်ပန်းတိုင်မေတ္တာမဏ္ဍိုင်တန်ဖိုးရှိတဲ့အရာ ခံစားမိအောင်ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်သည်းခြေကြိုက် စာအုပ် ၆ အုပ်"စာအရေးအသား ကောင်းစေရန်" – အပိုင်း ၄: စာရေးသူတွေရဲ့ စိတ်နေသဘောထားတွေအကြောင်း  The Gentleman in the Parlour"စာအရေးအသား ကောင်းစေရန်" – အပိုင်း ၃: ဘယ်လို အမျိုးအစားတွေကို ရေးမလဲ  

Unlock to read this premium article with 100 points.