SarPhat Author
(၁၈နှစ်သားတစ်ယောက်၏ဂုဏ်)
ကျောင်းစာကြည့်တိုက်က စာအုပ်တွေဆိုတာ ပျောက်မှာဆိုးလို့
ဗီဒိုထဲထိန်းသိမ်းထားတော့၊ ရတဲ့ မုန့်ဖိုးလေးနဲ့ စုပြီးဝယ်
ဆရာအောင်သင်း၏ "ကိုယ်ကျင့်နဲ့ပညာ" စာအုပ်နဲ့ ၁၈နှစ်သားလောက်က ဘဝကို တစ်ဆစ်ချိုးလိုက်တာပါပဲ၊
ထောင်ထောင်မတ်မတ်နဲ့ စကားကလည်း ငယ်ကတည်းကတက်တော့ အမေကအမြဲပြောပါတယ် " အိမ်နားက ကလေးတွေ နင့် အရွယ်လူပျိုပေါက်စ နင့် အရွယ်လေးတွေက ပြန်မပြော နားမထောင် နင်က ပြန်လည်းပြော နားကမထောင်"
အမေက ..သားရေ ထမင်းပိုတာတွေ ခွေးကျွေးလိုက်အခုမှ မီးကလည်းမလာဘူး မီးသွေးမီးဖိုပေါ်က ထမင်းပူတွေ တို့သားမိတွေ စားမယ်လို့ဆိုရင် ...ကျွန်တော်က ကျွန်တော်စားမဲ့ ထဲက နိဗ္ဗာန် န ပစ္စယော ဟောတု ရွတ်ခါ ကျွေးလိုက်တာပါပဲ သားမိတွေစကားစများတော့တာပဲ၊
သားအကြီးဆုံးဖြစ်ပြီး အမေနဲ့ရန်ဖြစ် နောက်မှသဘောပေါက်လာတာက စိတ်ညစ်လို့ လမ်းလျှောက်ထွက်ရင်း စပါးတွဲလေးတွေရောင်းနေတဲ့ ကလေးလေးတွေ ဖိနပ်မပါပဲ ညနေဘက်လူတွေချမ်းစပြုနေချ်ိန် အမှိုက်ကောက်နေရတဲ့ ကလေးလေးတွေကြည့်ပြီး
ငါမမှားခဲ့ပါဘူး ဒါပေမဲ့ မြန်မာစကားအဆိုအရ ငါလွန်ခဲ့တယ် ဆိုပြီး အိမ်ပြန်လာခဲ့တယ်၊
အမေလည်းငါ့ကြောင့်စိတ်မဆင်းရဲ ရပါစေနဲ့ လို့တွေးမိခဲ့တယ်၊
နပိုလီယံလို ကျင့်ရင် နပိုလီယံလို ထောင်နန်းဝင်ရမယ်၊
ဟစ်တာလာလိုကျင့်ရင် ဟစ်တလာလို အဆိပ်သောက်သေရမယ်၊ လူလောကကြီးမှာ မှန်တာမှန်တယ်လူငယ်တစ်ယောက်အတွက်မှန်တယ်ဆိုတာ အတ္တဖြစ်သွားခဲ့တယ်
မိမိ၏ အရည်ချင်းနဲ့မှ အမှန်တရားဆိုတဲ့အရာကို နားလည်ရတယ်ဆိုတာ ပိုမိုဖြစ်သင့်ပါတယ်လေ၊
နောက်ဆုံးတော့ လူငယ်လေး၏ဂုဏ်ဟာ အတ္တ မဖြစ်သွားခဲ့ပါဘူး။
- အောင်မိုးချမ်း-
Keep Reading