SarPhat Author
အခုဖုန်းကြည့်နေတယ်ဆိုရင် မိတ်ဆွေရဲ့ အိမ်ရှေ့ကို ကြည့်လိုက်၊ ဘေးကို ကြည့်လိုက် ထုတ်ကုန်တွေ တွေ့လိုက်မယ်။ ဒါဆိုရင် ဒီလို ထုတ်ကုန်တွေထဲမှာ ဘယ်နှခုလောက်ကို ကြော်ငြာမမြင်လိုက်ဘဲ ဝယ်ခဲ့ဖူးလဲ စဉ်းစားကြည့်။
ဥပမာ။ ။ ထိုင်းကထုတ်တဲ့ ထုတ်ကုန်တွေရှိတယ်။ ထိုင်းကြော်ငြာဘယ်နှခုမြင်ဖူးလဲစဉ်းစားကြည့်။ ကဲ.. မမြင်ဖူးဘူးဆို ဘာလို့ ဝယ်ခဲ့လဲ။
အဖြေကရှင်းပါတယ် “ Referral - ညွှန်းပေးတဲ့သူ” အရေးကြီးတယ်။
ဆိုတော့ကား စဉ်းစားကြည့်ရအောင် ညွှန်းပေးတဲ့သူကရော ဘယ်သူတွေဖြစ်နိုင်လဲ။
တကယ်အသုံးပြုဖူးတဲ့သူတွေပေါ့ဗျာ။ ရှင်းရှင်းလေးပဲ။
ဆိုတော့ကား မားကတ်တင်းကောင်းရင် အရောင်းတက်တယ်ဆိုတာ မှန်တယ်။ သို့သော်ငြားလည်း ဒီဘက်မှာရှိတဲ့ ထုတ်ကုန်တွေကို ပိုကောင်းအောင် လုပ်သင့်တယ်ဆိုတာကိုလည်း မေ့ထားလို့မရပြန်ဘူး။ စောနက ဥပမာလေးလိုပေါ့ဗျာ။ ကိုယ့်ရဲ့ထုတ်ကုန်ကို ညွှန်းပေးမယ့် ဖောက်သည်တွေက အရေးကြီးတယ်။
ဒါကြောင့်မို့ ကျွန်တော်တို့ စီးပွားရေးလုပ်ငန်းတစ်ခုစတဲ့အခါ အရေးကြီဆုံးအချက်တွေထဲက တစ်ချက်ဖြစ်တဲ့ ကိုယ့်လုပ်ငန်းကို ညွှန်းပေးမယ့် ဖောက်သည်တွေကို အမြဲတမ်း ဂရုစိုက်ပါ။
ထုတ်ကုန်တွေကို ပိုကောင်းလာအောင် မြှင့်တင်ပေးပါ။
ဒါဆိုရင်တော့ ကြော်ငြာစရာတောင်မလိုဘဲ ကိုယ့်ထုတ်ကုန်တွေကို လူတွေကြားထဲ သိနေပြီပေါ့ဗျာ။
ဒါဆို အရောင်းတက်မယ်။ မားကတ်တင်းအတွက် ငွေတွေအများကြီးအကုန်မခံဘဲ အသုံးပြုတဲ့သူတွေ ပေါလာတယ်။ မားကတ်တင်းအတွက် ငွေမကုန်ဘဲ လည်ပတ်တော့ ထုတ်ကုန်တွေကို ပိုဂရုစိုက်လာနိုင်တယ်။ ကြက်ဥ။ ကြက်မလိုပေါ့။
ဒါကြောင့် မာကတ်တင်းလည်းလုပ်၊ ထုတ်ကုန်တွေကိုလည်း ကောင်းကောင်းပြင်ဆင်ဖို့ ကျွန်တော်ကတော့ မှာချင်တယ်ဗျ။
ဆိုတော့ကား ဘယ်လိုမျိုး ဂရုစိုက်သင့်လဲ။
နောက်ဆုံးအချက်ကလည်း အရေးကြီးတဲ့အထဲမှာ ပါတယ်။ အကြောင်းအရင်းကတော့ အချို့က ငွေတွေသာ ရလာတယ်။ ကိုယ့်ရဲ့ ဘယ်လုပ်ငန်းမှာ အသုံးချရမှန်းမသိတာမျိုး ဖြစ်တတ်တယ်။ တစ်ကိုယ်ရည်အတွက် သုံးလိုက်တာမျိုး ဖြစ်တတ်တယ်။ လုပ်ငန်းငွေနဲ့တစ်ကိုယ်ရည်အသုံးစရိတ်က မတူပါဘူး။
ဒါကြောင့်မို့ ငွေကြေးပိုင်းဆိုင်ရာတွေကိုလည်း စီးပွားရေးလုပ်ငန်းရှင်တွေကို နားလည်ထားစေချင်တယ်။ ကျွန်တော်လည်း လုပ်ငန်းတစ်ခုစတုန်းက ငွေကြေးကို ကောင်းကောင်းမထိန်းသိမ်းနိုင်လို့ တော်တော် အကျပ်ရိုက်ခဲ့ရဖူးတယ်။
ဆိုတော့ကား မိတ်ဆွေတို့လည်း ကျွန်တော်လို မဖြစ်ရအောင် ငွေကြေးပိုင်းဆိုင်ရာကို ကြိုလေ့လာထားပါ။ သုံးသပ်ပါ။ ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ကြည့်ပါ။ ဖောက်သည်တွေကို ဂရုစိုက်ပါ။ ဒါဆို (၂) နှစ်၊ (၃) နှစ်လောက် အချိန်ပေးရင် ရလဒ်တစ်ခုထွက်မှာပါ။ ဆောင်းပါးလေးကတော့ ဒီလောက်ပါပဲ။ နောက်နေ့မှာ ပြန်တွေ့ပါမယ်။
Keep Reading