Kaung Hein Soe - Strategic
အားလုံးပဲ မင်္ဂလာပါ။
ကျွန်တော်တို့ရဲ့ မိနစ်ပိုင်းစာ စီးပွားပညာအစီအစဉ်ကနေ ကြိုဆိုပါတယ်။ ကျွန်တော် ဒီနေ့ မှာတော့ စီးပွားရေးလုပ်ငန်းတစ်ခုလုပ်မယ်ဆိုရင် မသိမဖြစ်သိရမယ့် Generic Strategy ဆိုတဲ့ အကြောင်းလေးကို ကျွန်
တော် ရှင်းပြပေးချင်ပါတယ်။ဆက်လေ့လာကြည့်ရအောင်။
အဲဒီတော့ စီးပွားရေးလုပ်ငန်းလုပ်မယ်ဆိုလို့ရှိရင် ကျွန်တော်တို့မှာ ဈေးကွက်ကိုထိုးဖောက်ဖို့အတွက်၊ နောက်တစ်ခါ ပြိုင်ဘက်တွေကို ယှဉ်ပြိုင်နိုင်ဖို့အတွက် ကျွန်တော်တို့မှာ အားသာချက်တစ်ခုခုရှိဖို့ လိုပါတယ်။ ဒါကို ယှဉ်ပြိုင်ခြင်းဆိုင်ရာ အားသာချက် Competitive Advantages လို့ ခေါ်ပါတယ်။ အဲဒီတော့ Competitive Advantages ကို ရဖို့အတွက် Competitive Strategy လို့ ခေါ်တဲ့ Generic Strategy သုံးမျိုးထဲက တစ်ခုမဟုတ်တစ်ခုကို သုံးရတယ်။ သို့မဟုတ် နှစ်ခုစီပေါင်းစပ်ပြီးတော့ သုံးလို့ရလေ့ရှိပါတယ်။
ပထမတစ်မျိုးက ဘာလဲဆိုတော့ Cost Leadership Strategy ဖြစ်ပါတယ်။ အဲဒီ Cost Leadership Strategy ဆိုတာ ကိုယ့်ရဲ့ ဈေးကွက်ထဲမှာ ပြိုင်ဘက်တွေနဲ့ယှဉ်ပြီးတော့ ကိုယ့် Product ကိုဖောက်မယ်ဆိုရင် ကိုယ့် Product က ဈေးနှုန်းအနည်းဆုံးအနေအထားနဲ့ ဈေးကွက်ကို ဖောက်နိုင်ပါတယ်။ ဒါ Cost Leadership Strategy ဖြစ်ပါတယ်။
တစ်နည်းအားဖြင့်တော့ ဈေးကွက်ထဲမှာရှိသမျှ Quality အတူတူ Product တွေထဲမှာ ကိုယ့်ရဲ့ Product က ဈေးအသက်သာဆုံးဖြစ်အောင်လုပ်မယ်။ ဒီနည်းကို ကျွန်တော်တို့က Cost Leadership လို့ ခေါ်ပါတယ်။
ဟုတ်ပြီ...။
Cost Leadership Strategy ရဖို့အတွက်က ကျွန်တော်တို့ ဘာတွေလုပ်ဖို့လိုလဲဆိုရင် ကျွန်တော်တို့ရဲ့ ကုန်ကြမ်းပစ္စည်းတွေသည် (ဈေးကွက်ထဲက တခြား Product များနဲ့ Quality အတူတူ ထုတ်နိုင်တဲ့ ကုန်ကြမ်းပစ္စည်းတွေသည်) ဈေးအသက်သာဆုံးနေရာကနေရဖို့ ကျွန်တော်တို့လိုပါတယ်။ ဒီအတွက် ကျွန်တော်တို့သည် ဈေးအသက်သာဆုံး ကျွန်တော်တို့ကို Supply ပေးနိုင်မယ့် Supplier တွေကို အမြဲတမ်းရှာဖွေပြီးတော့ လုပ်နေဖို့လိုပါတယ်။
နောက်တစ်ခါ ဒီကုန်ကြမ်းပစ္စည်းတွေကို ကျွန်တော်တို့ဆီကိုရောက်လာအောင် သယ်ယူရမယ့် Logistic စရိတ် အသက်သာဆုံးဖြစ်အောင် ဘယ်လိုလုပ်မလဲ။ အစရှိတဲ့ Logistic Chain တစ်ခုလုံးရဲ့ Cost တွေကို အနည်းဆုံးဖြစ်အောင် လုပ်နိုင်ရမှာဖြစ်ပါတယ်။နောက်တစ်ချက်။
ကုန်ကြမ်းပစ္စည်းတွေကို Production ပြန်ပြီးတော့ ထုတ်လုပ်မယ်၊ ကုန်ချောအဖြစ်ပြောင်းလဲမယ်ဆိုရင် ကျွန်တော်တို့သည် ကုန်ချောထုတ်လုပ်တဲ့နေရာမှာ (Production တိုင်းမှာ) Rejet Rate လို့ ခေါ်တဲ့ Defect Rate လည်းရှိပါတယ်။ တစ်နည်းအားဖြင့်တော့ ပစ္စည်း အခု ၁ဝဝ ထုတ်မယ်ဆိုရင် ဘယ်နှစ်ခု ပျက်စီးတတ်သလဲ။ ဒါကို Rejet Rate လို့ခေါ်ပါတယ်။ အဲဒီတော့ ဒီ Rejet Rate ကို အနည်းဆုံးဖြစ်အောင် လုပ်မယ်ဆိုရင် ကျွန်တော်တို့ရဲ့ Cost Leadership Strategy ကို ထပ်ပြီးတော့ ရနိုင်တယ်။
နောက်တစ်ချက် ဘာထပ်လုပ်ဖို့လိုသလဲဆိုတော့ Waste တွေပေါ့။ လုပ်ငန်းထဲမှာ ကျွန်တော်တို့သည် Waste လို့ခေါ်တဲ့ အလေအလွင့်တွေရှိတယ်။ ဒီအလေအလွင့်တွေကို ကျွန်တော်တို့ အနည်းဆုံးဖြစ်အောင် ဘယ်လိုလုပ်မလဲ။ ဒါကိုဖော်ဆောင်ဖို့လိုပါတယ်။
နောက်တစ်ချက်က လုပ်ငန်းရဲ့ Operation Expense လို့ခေါ်တဲ့ ဝန်ထမ်းခအနည်း ဆုံးနဲ့ ထိရောက်အောင် ဘယ်လိုလုပ်မလဲ။ တခြားသော ဆိုင်ခန်းငှားခတွေ၊ ရေဖိုး မီးဖိုးတွေ အစရှိတဲ့ Expense တွေကို အနည်းဆုံးဖြစ်အောင် စီမံနိုင်ရပါတယ်။ အဲဒီတော့ အစရှိတဲ့ စပြီးတော့ပြောခဲ့တဲ့ ကုန်ကြမ်းကနေပြီးတော့ အခုလက်ရှိ နောက်ဆုံး Operation Expense အထိ အနည်းဆုံးဖြစ်အောင်ဆောင်ရွက်နိုင်မယ်ဆိုရင် ကျွန်တော်တို့သည် Cost Leadership Strategy ကို အောင်အောင်မြင်မြင် အသုံးချနိုင်မှာ ဖြစ်ပါတယ်။
အဲဒီတော့ Cost Leadership Strategy ဆိုတာသည် ကိုယ့်ရဲ့ အမြတ်မကျန်ဘဲနဲ့ ဈေးကွက်ထဲမှာ မူရင်းဈေးအတိုင်းချရောင်းပြီး အရှုံးခံ ရောင်းတာမျိုးကို ဆိုလိုတာမဟုတ်ပါဘူး။ သူများက တစ်ရာရောင်းတယ်၊
ကျွန်တော်တို့လည်း တစ်ရာရောင်းမယ်။ ဒါပေမဲ့ ကျွန်တော်တို့က သူများထက်ပိုပြီးတော့ နှစ်ဆမြတ်မယ်။ ဒါကိုလည်း Cost Leadership လို့ ပြောလို့ရတယ်။ သူများက တစ်ရာရောင်းမယ်၊ ကျွန်တော်တို့က ရှစ်ဆယ်ပဲ
ရောင်းမယ်။ ဒါပေမဲ့ သူများလည်း နှစ်ဆယ်မြတ်တယ် တစ်ရာနဲ့ရောင်းတဲ့ အချိန်မှာ။ ကျွန်တော်တို့လည်း (ရှစ်ဆယ်နဲ့ရောင်းတဲ့အချိန်မှာ) နှစ်ဆယ်မြတ်တယ်။ ဒါကို Cost Leadership Strategy ရဲ့ Effective အမြင့်ဆုံးအခြေအနေလို့ပြောရမှာဖြစ်ပါတယ်။ ကိုယ့် Product က ဈေးသက်သာပြီး အမြတ်ပမာဏမှာ သူများနဲ့တူတာမျိုးပါ။
အဲဒီတော့ Cost Leadership Strategy ဖောက်မယ်ဆိုရင် စောစောက ကျွန်တော်ပြောခဲ့တဲ့ ကုန်ကြမ်းပစ္စည်းကနေ နောက်ဆုံး Expense အထိ အနည်းဆုံးဖြစ်အောင် ဘယ်လိုလုပ်မလဲဆိုတဲ့
တစ်ချက်ချင်းစီကို စဉ်းစားပြီး ဆောင်ရွက်ရမှာဖြစ်ပါတယ်။
နောက်ထပ် Generic Strategy သို့မဟုတ် Competitive Strategy နောက်ထပ်တစ်ချက်ကတော့ ကျွန်တော်တို့သည် Focus လို့ ခေါ်ပါတယ်။ Focus Strategy လို့ ခေါ်ပါတယ်။ အဲဒီတော့ Focus Strategy ဆိုတာ ဘာလဲဆိုတော့ Customer Segment တစ်ခုကို ကောင်းကောင်း ရွေးချယ်ပြီးတော့ အဲဒီ Segment သည် ဘာတွေ လိုအပ်နေသလဲ။ အဓိက သူတို့လိုချင်နေတာ ဘာလဲဆိုတာကို ရှာဖွေပြီးတော့ သူတို့ရဲ့ လိုချင်တဲ့ လိုအပ်မှုကို ၁ဝဝ ရာခိုင်နှုန်း အပြည့်နီးပါး ရအောင်ဖြည့်ဆည်းမယ်။ အဲဒီအတွက် Charge ကတော့ ပိုပြီးတော့ ယူမယ်။ ဒီလိုအနေအထားနဲ့သွားတဲ့ Strategy ဖြစ်ပါတယ်။
အဲဒီတော့ ဆိုလိုတာက ကျွန်တော်တို့သည် Customer တွေကို Segment တွေခွဲလို့ရတယ်ပေါ့ဗျာ။ ဥပမာ ကျွန်တော်တို့ လူလတ်ပိုင်း အသက်အရွယ်၊ ဝင်ငွေအနိမ့်အမြင့်ရှိတဲ့လူ၊ ဘယ်မြို့မှာနေတဲ့လူ၊ ဘာလုပ်ငန်းလုပ်တဲ့လူတွေ၊ သူတို့အတွက် ဘယ်လောက်တန်ဖိုးရှိတဲ့ ပစ္စည်းတွေကို ကျွန်တော်တို့ ပေးမှာလဲ။ ဒါကို Focus Strategy လို့ ခေါ်ပါတယ်။
အဲဒီတော့ ဆိုလိုတာက ကျွန်တော်တို့သည် ကျောင်းသားတွေကို ရည်ရွယ်မှာလား၊ အိမ်ရှင်မတွေကို ရည်ရွယ်မှာလား၊ စီးပွားရေးကိုယ်ပိုင် လုပ်တဲ့သူတွေကို ရည်ရွယ်မှာလား၊ ဝန်ထမ်းတွေကို ရည်ရွယ်မှာလား၊ ဘယ်နေရာကလူတွေကို ဘာ့အတွက် ရည်ရွယ်မှာလဲ အစရှိသည်ဖြင့် Customer Segment တစ်ခုကို ရည်ရွယ်ပြီးတော့ သူတို့ရဲ့လိုအပ်ချက် ကို သေချာစဉ်းစားမယ်။ ဒါကို ကွက်တိဖြစ်အောင် ဖြည့်ဆည်းပေးလိုက်မယ်။ Service သို့မဟုတ် Product တစ်ခုခုကို ကျွန်တော်တို့ ဖြည့်ဆည်း ပေးမယ်။ ဒါဆိုရင် ကျွန်တော်တို့သည် စီးပွားရေးက ဈေးကွက်ကိုဖောက်နိုင်မှာဖြစ်ပါတယ်။ ဒါကိုတော့ ကျွန်တော်တို့က ဘာလို့ခေါ်သလဲဆိုတော့ Focus Strategy လို့ ခေါ်ပါတယ်။
နောက်ဆုံး ကျွန်တော်တို့ Competitive Advantages ရစေမယ့် Competitive Strategy တစ်ခုကို ပြောရမယ်ဆိုရင်တော့ Differentiation ဖြစ်ပါတယ်။ Differentiation ဆိုတာ “သူများနဲ့မတူဘဲ ထူးခြားခြင်း” လို့ အဓိပ္ပာယ်ရပါတယ်။ ဆိုလိုတာက ကျွန်တော်တို့ရဲ့ Product သို့မဟုတ် ကုန်ပစ္စည်းသည် ဈေးကွက်ထဲမှာ တခြားဘယ်သူနဲ့မှမတူဘဲ ထူးခြားမယ်၊ နောက်တစ်ခါ Customer တွေကိုလည်း Value တစ်ခု ကောင်းကောင်း ပေးနိုင်မယ်ဆိုရင် Differentiation Strategy လို့ ခေါ်ပါတယ်။
အဲဒီတော့ သူများနဲ့မတူအောင် ကျွန်တော်တို့ ဘယ်လိုလုပ်မလဲ။ Example ပေးရမယ်ဆိုရင်တော့ ကျွန်တော်တို့သည် အခြား Android Phone တွေ အများကြီးနဲ့မတူဘဲ ကွဲထွက်နေတာသည် ဒါ Apple iPhone ဖြစ်တယ်။ ဒီလိုမျိုးပေါ့။ အဲဒီတော့ ကိုယ်ရဲ့ကုန် ပစ္စည်းသည် ဈေးကွက်ထဲမှာ ရှိနေပြီးသား ပြိုင်ဘက်တွေနဲ့ မတူညီဘူး၊ ထူးခြားနေမယ်။ အဲဒီထူးခြားချက်ကလည်း Customer တွေအတွက် သိသာထင်ရှားတဲ့ တန်ဖိုးတစ်ခု Value တစ်ခုကို ပေးနိုင်မယ်ဆိုရင် ဈေးကွက်ထဲမှာ ကျွန်တော်တို့ Product တွေကို ကောင်းကောင်းထိုးဖောက်နိုင်မှာဖြစ်ပါတယ်။ဒါကို ကျွန်တော်တို့က Differentiation Strategy လို့ ခေါ်တယ်။
အဲဒီတော့ ကိုယ်က စီးပွားရေးလုပ်ငန်းလုပ်မယ်ဆိုရင် ကိုယ်လုပ်ငန်းသည် ဘယ်အားသာချက်ကိုယူပြီးတော့ သုံးမှာလဲ။ ဒါကို အရင်စဉ်းစား ရပါတယ်။
အဲဒီတော့ Cost Leadership Strategy ကိုသုံးမလား၊ Focus ကိုသုံးမလား၊ Differentiation ကိုသုံးမလား၊ ဒါကို အရင်စဉ်းစားလို့ရတယ်။ အဲဒီတော့ တစ်ခုချင်းစီသုံးလို့ရသလို Cost နဲ့ Focus နဲ့ ပူးတွဲပြီးတော့သုံးမယ်။ တစ်နည်းအားဖြင့်တော့ Customer Segmentတစ်ခုအတွက် ရည်ရွယ်ပြီးတော့ ဖြည့်ဆည်းပေးမယ်။ အဲဒီဖြည့်ဆည်းပေးမယ့် ဖြည့်ဆည်းချက်သည် အဲဒီဈေးကွက်အတွက် အသက်သာဆုံးဖြစ်ရမယ်။ ဒီလိုလည်း သွားလို့ရတယ်နော်။
နောက်တစ်ခါ Focus နဲ့ Differentiation ကျွန်တော်တို့ သုံးလို့ရတယ်။ Customer Segment တစ်ခုကိုရွေးမယ်။ အဲဒီ Segment အတွက် လိုအပ်ချက်တစ်ခုကို တခြားပြိုင်ဘက်တွေနဲ့ မတူဘဲနဲ့ မတူကွဲပြားစွာ ကောင်းတဲ့တန်ဖိုးတွေနဲ့ ဖြည့်ဆည်းပေးမယ်။ အဲဒီတော့ Focus Differentiation ဖြစ်တယ်။ ဒီလိုလည်း ကျွန်တော်တို့က တွဲပြီးသုံးလို့ရပါတယ်။
အဲဒီတော့ နောက်တစ်ခါ Cost နဲ့ Differentiation ပေါ့။ များသောအားဖြင့်တော့ သူများနဲ့မတူဘဲ ထူးခြားအောင်လုပ်မယ်ဆိုရင် Cost သက်သာလေ့မရှိဘူး။ ဒါပေမဲ့ အဲဒါကို Cost သက်သက်သာသာနဲ့ ထူးခြားအောင်လုပ်နိုင်ရင်လည်း ဈေးကွက်ထဲမှာ အရမ်းပေါက်သွားလေ့ရှိပါတယ်။
အဲဒီတော့ စီးပွားရေးလုပ်ငန်းတစ်ခုခုလုပ်မယ်ဆိုရင် ကျွန်တော်တို့မှာ ယှဉ်ပြိုင်ခြင်းဆိုင်ရာ အားသာ ချက်ရှိဖို့လိုတယ်။ ဒီအားသာချက်ကိုရဖို့အတွက် Competitive Strategy တစ်ခုမဟုတ်တစ်ခုကို တစ်ခုတည်းဖြစ်ပါစေ၊ နှစ်ခုရောစပ်ပြီးဖြစ်ပါစေ သုံးစွဲဖို့လိုပါတယ်။
ဒီလိုနည်းတွေအသုံးပြုပြီး ကိုယ်ပိုင်လုပ်ငန်းတွေကို အောင်မြင်အောင်လုပ်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။
ကျေးဇူးအများကြီးတင်ပါတယ်။ကျွန်တော် ကောင်းဟိန်းစိုးပါ။
Keep Reading