Author's Profile Photo

မြ (စံကားဝါမြေ)

10/07/2024

Onlineပေါ်မှာ လူတွေ စိတ်ဝင်စားစေတဲ့ အချက်(၄)ချက်

2 mins read
Life Style
Business
Product Design
Onlineပေါ်မှာ လူတွေ စိတ်ဝင်စားစေတဲ့ အချက်(၄)ချက်'s photo

မြရဲ့ ဒီနေ့ဆောင်းပါးလေးကတော့ နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ လူတွေက Onlineပေါ်မှာပဲ အနေများလာကြပါတယ်။ အဲ့ဒီလို Onlineခေတ်စနစ်တွေ ပြောင်းလဲလာတဲ့အခါမှာ Onlineကို အသုံးပြုပြီးတော့

◆ Online Learning လုပ်မလား။?
◆ Online Shopping လုပ်မလား။?
◆ Content Writer လုပ်မလား။?
◆ YouTuber လုပ်မလား။?
◆ Food Blogger လုပ်မလား။?
◆ Personal Vlogs ရိုက်မလား။?
◆ Page Admin လုပ်မလား။?

အစရှိသဖြင့် Online Platformတွေကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြတဲ့အခါမှာ ကိုယ့်ရဲ့ Online Platformကို လူသိများပြီး Like & Follower များလာဖို့ ဘယ်အချက်တွေ လိုအပ်သလဲဆိုရင် မြ အောက်မှာ ပြောပြပေးမယ့် အချက်(၄)ချက်ထဲက (၁)ချက်၊ (၂)ချက်လောက် အဆင်ပြေရင်ကို Followerတွေ များလာနိုင်ပါတယ်ရှင်။

မြက ဒီထဲမှာ Subscriberတွေဆိုပြီး သီးသန့်ထည့်မပြောတော့ပါဘူးနော်။ Followers & Subscribersဆိုတာက တကယ်တော့ အတူတူပါပဲရှင်။ သူ့ရဲ့ Social Mediaအလိုက် အခေါ်အဝေါ် အသုံးအနှုန်းလေး ကွာသွားရုံလေးမလို့ပါနော် စာဖတ်သူလေးတို့ရေ။

ကဲ အဲ့တာဆိုတော့ မြပြောပြမယ့် "Onlineပေါ်မှာ လူတွေ စိတ်ဝင်စားစေတဲ့ Content (4)မျိုး" က ဘာတွေလဲဆိုတော့....

(1) ဒီလူက ငါ့ကို တစ်စုံတစ်ရာ သင်ပေးနေတယ်လို့ ခံစားရရင် Like & Follow လုပ်မယ်။


(2) ဒီလူက ငါ့ကို ဖျော်ဖြေပေးနေတယ်လို့ ခံစားရရင် Like & Follow လုပ်မယ်။


(3) ဒီလူက ငါ့ကို တွေးခေါ်စေတယ်။ Ideaအသစ်တွေ ရစေတယ်လို့ ခံစားရရင် Like & Follow လုပ်မယ်။


(4) ဒီလူ၊ ဒီပို့စ်က ငါ့ကို နားလည်တယ်။ ငါဖြစ်နေတာနဲ့ တစ်ထပ်တည်းပဲလို့ ခံစားရရင် Like & Follow လုပ်မယ်။



မြ ပြော‌ခဲ့တဲ့ ‌(၄)ချက်ထဲမှာ စာဖတ်သူလေးတို့ တစ်ခုသတိထားမိမယ်ဆိုရင် "လူတွေက သူများအတွက်ထက် ကိုယ့်အတွက်ကိုယ်ပဲ ကြည့်ကြတာများပါတယ်။" အဲ့တာကတော့ လူ့သဘောသဘာဝအရ လောဘစိတ်တွေ ကိန်းအောင်းနေတာကြောင့်လည်း ပါတာပေါ့ရှင်။

❖ နံပါတ်တစ်အချက်မှာဆိုရင် ဒီလူ့ရဲ့ ဒီပို့စ်ကနေ ငါ့အတွက် ဘာအကျိုးရှိလိုက်လဲ။ ငါ ဘာတွေရလိုက်လဲဆိုတာကို စဉ်းစားကြပါတယ်။ ကိုယ့်အတွက် အကျိုးလည်းမရှိ၊ ဘာမှလည်းမရ၊ အရည်မရ အဖက်မရတွေဆိုရင်တော့ ဘယ်သူက အချိန်ကုန်ခံ၊ ဘေလ်ကုန်ခံပြီး ကြည့်နေပါဦးမလဲ။ ဒါ့ကြောင့်မလို့ မိမိတင်တဲ့ ပို့စ်လေးတွေက Online အသုံးပြုသူတွေအတွက် အကျိုးတစ်စုံတစ်ရာရှိစေမယ့် Postလေးတွေ ဖြစ်ရပါမယ်ရှင်။

❖ နံပါတ်နှစ်အချက်လေးကတော့ ဒီပို့စ်လေးကို ကြည့်လိုက်ခြင်းက ကိုယ့်ကို ပျော်ရွှင်ကျေနပ်စေတယ်၊ ကြည်နူးမှုကို ရစေတယ်၊ ကရုဏာသက်စေတယ် အစရှိသဖြင့် ရသ(၉)ပါးထဲမှ တစ်ပါးပါးကို ခံစားရရင် နောက်လည်း ထပ်ပြီး ကြည့်ရှုချင်သေးတဲ့အတွက် ဧကန် Like & Follow လုပ်ထားပါလိမ့်မယ်ရှင်။

❖ နံပါတ်သုံးအနေနဲ့ကတော့ "ငါ ဒီစာကို ဖတ်ပြီးသွားတဲ့အချိန်မှာ ငါ့အတွက် အတွေးအခေါ်အသစ်တွေနဲ့ ငါ့ဘဝကြီး ရှေ့ဆက်ဖို့အတွက် အကြံဉာဏ်ကောင်းတွေ ပေါ်ထွက်လာစေတယ်။ အဲ့တာဆိုတော့ ငါ စိတ်ဓာတ်ကျနေတဲ့အချိန်တွေမှာ သူရဲ့ ခွန်အားပေးစာပေတွေနဲ့ အားပေးစကားသံတွေကို ဖတ်ရှုနားဆင်ဖို့အတွက် Like & Follow လုပ်ထားဦးမှပဲ။" ဆိုပြီး Like & Follow လုပ်ထားပါလိမ့်မယ်ရှင်။

❖ နောက်ဆုံးနံပါတ်လေးအချက်‌ကတော့ "ဟာ ဒီစာထဲမှာ ရေးထားတာနဲ့ ငါ အခု ဖြစ်နေတာနဲ့ တူလိုက်တာ တစ်ပုံစံတည်းပဲ။ ဒီတစ်ယောက်က ငါ့အကြောင်းကို နားလည်တာပဲ။ ဟာ ဒီVideoလေးထဲက ပြောထားလိုက်တာများ ငါဖြစ်ခဲ့တာတွေနဲ့ ချွတ်စွတ်ကို တူတာပဲ။ အမလေး ငါ့ကို နားလည်ပေးနိုင်တယ်။ သဘောကျလိုက်တာ Like & Followလေးတော့ လုပ်ထားဦးမှပဲ။" ဆိုပြီး Like & Follow လုပ်ထားပါလိမ့်မယ်ရှင်။

ဒီအချက်တွေကတော့ စာဖတ်သူလေးတွေအတွက် အသုံးဝင်မယ်လို့ ထင်ပါတယ်ရှင်။ ဘာ့ကြောင့်လဲဆိုရင် မြကိုယ်တိုင်က Online Shopping လုပ်ဖူးသလို ယခုအချိန်မှာလည်း Content Writer & Page Adminတွေကို လုပ်နေတဲ့သူတစ်ယောက်ဖြစ်တဲ့အတွက် မြရဲ့ Page & Channelတွေမှာ စာဖတ်သူလေးတွေအတွက် အကျိုးရှိစေမယ့် စာကောင်းပေမွန်တွေကို တင်ပေးနေရင်းကနေ လေ့လာစောင့်ကြည့်ချက်အရ အဖြစ်နိုင်ဆုံးနဲ့ အမှန်ကန်ဆုံး သီအိုရီလေးကို စာဖတ်သူလေးတွေအတွက် မျှဝေရေးသားပေးလိုက်ရပါတယ်ရှင်။

စာဖတ်သူများအားလုံးကို ချစ်ခင်လေးစား ကျေးဇူးတင်လျက်.....

✍️ မြ (စံကားဝါမြေ)

#SarPhat
#Mya_Kyaukpadaung
10.7.2024(Wednesday)

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်လေးဆယ် - အလိုကြီးအရနည်း စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်နှစ်ဆယ့်ခုနှစ်-အသိရှိရှိရှင်သန်ခြင်းကိုယ်ပိုင်စည်းမျဉ်း(ဂုဏ်တန်ဖိုး)စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းမေတ္တာပေးခြင်းဆ်ိုသည်မှာ...စာစောင်နှစ်ဆယ့်ငါး-ခက်ခဲမှုတို့ရဲ့နောက်ကွယ်တန်ဖိုးထူးဆန်းတဲ့လောက