
SarPhat User

*****
ခပ်ဆင်ဆင် ဖြစ်နေတဲ့ စာလုံးပေါင်းတွေ၊ အသံထွက်တွေကို ခွဲခွဲခြားခြား သိထားဖို့ လိုအပ်ပါတယ်။
'သရဲ'နဲ့ 'သူရဲ'တို့ကို သူ့ချည်း အဓိပ္ပာယ်သဘောရယ်၊ သူ့ချည်း မဟုတ်ဘဲ အခြားစကားလုံးတွေနဲ့ တွဲရေးတဲ့အခါ ဘယ်လို ခွဲခြား သုံးနှုန်းရမလဲ။
အသံထွက်ချင်း ခပ်ဆင်ဆင် ဖြစ်လို့ လွဲ ရေးမိတတ်ကြတာထဲမှာ 'သရဲ'နဲ့ 'သူရဲ'တို့လဲ အပါအဝင်ပါ။ 'သရဲ'ကို သူ့ချည်း သုံးနိုင်ပါတယ်။ နာမ်အဓိပ္ပယ်နဲ့ သုံးပါတယ်။
* သရဲ (နာမ်)= မကောင်းဆိုးဝါးကောင် တစ်မျိုး။
            ဒီအဓိပ္ပာယ်နဲ့ 'သရဲ'ကို သူ့ချည်း သုံးရင် မလွဲတတ်ပေမဲ့ တွဲလုံးအနေနဲ့ သုံးတဲ့အခါမျိုးမှာတော့ လွဲတတ်ကြပါတယ်။ 'အံ့အာသူရဲ၊ အံ့ဖွယ်သူရဲ' စသဖြင့် 'သူရဲ'နဲ့ လွဲသုံးတတ်ကြပါတယ်။ တကယ်တော့ 'အံ့အာသရဲ၊ အံ့ဖွယ်သရဲ' ဆိုပြီး 'သရဲ'နဲ့ တွဲရတာ ဖြစ်ပါတယ်။
             'သူရဲ' ဆိုတာကိုလဲ သူ့ချည်း သုံးလို့ ရပါတယ်။ နာမ်အဓိပ္ပာယ်နဲ့ပါပဲ။
* သူရဲ (နာမ်)= စစ်သည်။
              ဒီဘက်ခေတ်မှာတော့ 'စစ်သည်' ဆိုတဲ့အဓိပ္ပာယ်နဲ့ 'သူရဲ'ကို သူ့ချည်း သုံးလေ့မရှိတတ်ပါဘူး။ တွဲလုံးအနေနဲ့ပဲ 'သူရဲကောင်း၊ သူရဲဘော' ဆိုတာမျိုး သုံးလေ့ရှိပါတယ်။ 'သူရဲ'ချည်း သုံးရင် သူ့ရေးထုံးအတိုင်း 'သူယဲ'လို့ အသံထွက်ပေမဲ့ တွဲလုံးအနေနဲ့ ဆိုရင် အသံထွက်ပုံတွေ သတိပြုရပါတယ်။ 'သူရဲကောင်း' ဆိုရင် 'သူယဲဂေါင်း'လို့ အသံထွက်ပြီး 'သူရဲဘော' ဆိုရင် 'သယဲဘော'လို့ အသံထွက်ပါတယ်။ ရေးထုံး သတ်မှတ်ထားပုံနဲ့ အသံထွက်ရပုံတို့ကို မကွဲပြားတဲ့အခါကျတော့ 'သရဲကောင်း၊ သရဲဘော' ဆိုတာမျိုး လွဲရေးတတ်ကြပါတယ်။
ကိုးကား ။  ။ အထက်ဖော်ပြပါ အကြောင်းအရာသည် ဆရာအေးကျော်မင်း၏ သင်ခန်းစာပို့ချချက်မှ ကောက်နုတ်ချက် ဖြစ်ပါသည်။
#ရေးမယ်ထရိန်နင် 
#အသုံးအနှုန်းအလွဲ 
(Post အား လွတ်လပ်စွာ Share နိုင်သည်။ ကူးယူဖော်ပြခွင့် မပြု။)
မယ်ရေးတို့ ဝေမျှနေတဲ့ ဗဟုသုတတွေကို ဖတ်ရှုနိုင်ဖို့ 
ရေးမယ်ထရိန်နင်ရဲ့ Social Media
Link တွေကိုပါ တင်ပြပေးလိုက်ပါတယ်။ 
?Telegram channel
https://t.me/yaymaltraining
?Instagram Channel
https://instagram.com/yaymal_training?igshid=119xh0bd0nfp5
?Youtube Channel 
https://youtube.com/channel/UCZmNsBQb0Bm6zwLKqVsc91Q
?LinkedIn 
https://www.linkedin.com/company/yay-mal/
?Viber Channel
https://invite.viber.com/?g2=AQA6ciOWEhWMNlL7oX%2B%2Bh8GhiWmVgfetedr8mYgu%2B2FaeHFryD7Q6iib9uL3ZaAA
Keep Reading