Author's Profile Photo

Tainlwhar

8/08/2024

"ကလောင်ကိုင်တို့မဖြစ်မနေသိထားသင့်တဲ့ စာရေးနည်း(၄)နည်း"

1 min read
General Knowledge
Startup

စာတစ်ပုဒ်ကိုဖန်တီးဖို့ဆိုတာဟာ ထင်ထားသလောက် လွယ်ကူတဲ့အရာမဟုတ်ပါဘူး။ စာရေးဖို့အတွက် အကြောင်းအရာတစ်ခုရှာရ၊ ဖွဲ့နွဲ့ရေးဖို့စာစီရနဲ့ ဒီစာကိုဖတ်တဲ့သူတွေနားလည်နိုင်ဖို့ ကိုယ်ပြောချင်တဲ့အကြောင်းအရာကိုပေါ်လွင်အောင် သေချာလေးစမ်းစစ်ပြီးမှရေးရပါတယ်။ ဒီလိုပဲ အရေးအဖွဲ့မှာလည်း သူ့နည်းနဲ့သူရေးမှ လွယ်ကူရှင်းလင်းပြီး ကျစ်လျစ်တဲ့စာဆောင်ကိုဖန်တီးနိုင်ပါလိမ့်မယ်။ ဒါကြောင့် ကလောင်ကိုင်တို့အနေနဲ့မဖြစ်မနေသိထားသင့်တဲ့ စာရေးနည်း(၄)နည်းအကြောင်းကို ပြောပြပေးချင်ပါတယ်။

(၁) သရုပ်ဖော်ရေးဖွဲ့နည်း

သရုပ်ဖော်ရေးဖွဲ့နည်းဟာ ပတ်ဝန်းကျင်သဘာဝမြင်ကွင်း၊ သက်ရှိသက်မဲ့တို့ရဲ့ပုံပန်းသွင်ပြင်၊ စရိုက်လက္ခဏာတွေကို စာဖတ်သူရဲ့မျက်လုံးအာရုံမှာပေါ်လာအောင် ရေးဖွဲ့ရတဲ့နည်းလမ်းပဲဖြစ်ပါတယ်။ ဥပမာ - အုံ့မှိုင်းဆဲမိုးသောက်ယံအချိန်တွင် တောတွင်းတစ်ခုလုံး မြူခိုးမှုန်တို့ဖြင့်ပြည့်နှက်နေပြီး ကျေးငှက်သာတကာတို့၏ သာယာစွာတွန်ငြီးသံတို့ကိုလည်း ကြားရ၏။

(၂) ဖြစ်စဥ်ပြရေးနည်း

ဒီရေးနည်းကတော့ အကြောင်းအရာတစ်ခုရဲ့ဖြစ်စဉ်တစ်ခုချင်းကို အချိန်ကာလရွေ့လျားမှုအတိုင်းဖြစ်စေ အဆင့်ဆင့်ဖော်ကျူးရေးဖွဲ့ခြင်းမျိုးဖြစ်တယ်။ ဥပမာ - မောင်မောင်သည် မနက်(၈)နာရီတွင်အိပ်ရာထပြီး ရေမိုးချိုးကာ အလုပ်သွားဖို့ပြင်ဆင်လေတော့သည်။

(၃) ကျိုးကြောင်းပြရေးနည်း

ကျိုးကြောင်းပြရေးနည်းဆိုတာ အကြောင်းအရာတစ်ခုရဲ့ အကောင်းအဆိုး၊ အကျိုးအပြစ်တွေပေါ်လွင်စေပြီး ကိုယ့်ရဲ့ဆိုလိုချက်ကို သူတစ်ပါးယုံကြည်လက်ခံလာ‌အောင်ရေးဖွဲ့ခြင်းပဲဖြစ်တယ်။ ဥပမာ - လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းအားဖြင့် ခန္ဓာကိုယ်ကိုလှပစေရုံသာမက ကျန်းမာရေးလည်းညီညွတ်စေသည်။

(၄) ဖွင့်ဆိုရှင်းပြရေးနည်း

ဖွင့်ဆိုရှင်းပြရေးနည်းဆိုတာ အဆိုဝါကျ (အဓိကအကြောင်းအရာ)ရဲ့ မှားခြင်း၊ မှန်ခြင်းတွေကိုနားလည်သဘောပေါက်အောင် အကျယ်တဝင့်ရှင်းပြရေးသားရတဲ့နည်းလမ်းပဲဖြစ်ပါတယ်။ ဥပမာ - အောင်မြင်ချင်သူတိုင်း စာဖတ်သင့်သည်။ မြန်မာလူမျိုးမှန်လျှင် ကိုယ့်ပြည်ကိုချစ်မြတ်နိုးပြီး တိုင်းပြည်တိုးတက်ရေးအတွက် တစ်ဖက်တစ်လှမ်းမှကူညီပါဝင်သင့်သည်။

ဒီရေးနည်းလေးက အပေါ်ကကျိုးကြောင်းပြရေးနည်းနဲ့ခပ်ဆင်ဆင်မလို့ အများစုမှားလေ့ရှိတတ်ကြပါတယ်။

အဆုံးထိဖတ်ပေးကြတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်ရှင့်...?

#Tainlwhar

Keep Reading

ကိုယ့်ကိုယ်ကိုယ်ကုစားနည်းစာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအကျင့်ဆိုးဖျောက်နည်းစိတ်ခွန်အားပြန်လည်မွေးယူပါစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းပျူတွေ ဘယ်ပျောက်သွားသလဲစာစောင်လေးဆယ် - အလိုကြီးအရနည်း စာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းအာရုံများနေခဲ့ရင်ဘာလုပ်သင့်လဲနှစ်သစ်ကူး(တန်ခူးလ)၏ အကြောင်း သိမှတ်ဖွယ်ရာများ။