Author's Profile Photo

Leo(Nann)❤️

7/08/2024

ဒီနေ့အတွက်idioms(6)?

2 mins read
Personal Development
Education
General Knowledge
ဒီနေ့အတွက်idioms(6)?'s photo

ဒီနေ့အတွက်Idiom အပိုင်း(6)မှာဆိုရင်တော့ Idioms comprising with body parts(2)ကို
ရေးသားဖော်ပြပေးသွားမှာဘဲဖြစ်ပါတယ်ရှင့်။စာဖတ်သူလေးတို့အနေနဲ့ မှတ်သားရလွယ်ကူစေလောက်မဲ့ idiomတွေကိုဘဲ ရွေးချယ်ရေးသားပေးသွားမှာပါနော်။

မိုးပေါက်လေးတွေစုသွားတဲ့အခါ ရေပြင်ကျယ်ကြီးဖြစ်သွားတတ်တယ်။
အလားတူဘဲ ၊စကားလုံးတွေကို နည်းနည်းချင်းစီမှတ်သားသွားတဲ့အခါ
နောက်ဆုံးကျ vocabulary developmentဖြစ်လာပြီး ဝေါဟာရကြွယ်ဝသူတွေဖြစ်လာနိုင်ပါတယ်။
ဒါဆိုleoနဲ့အတူလေ့လာကြည့်ရအောင်လားရှင့်။

__________________________________
Idioms comprising with body parts(2)
__________________________________

(1)Make someone's blood boil

ဒီidiomလေးဟာဆိုရင် ပုံမှန်အားဖြင့်တော့
တစ်စုံတစ်ယောက်ရဲ့သွေးကို ဆူပွက်အောင်လုပ်တယ်လို့ ဘာသာပြန်ရမှာပါ။
သို့ပေမဲ့ သူ့ရဲ့အဓိပ္ပာယ်လေးက
တစ်ယောက်ယောက်ကိုဒေါသထွက်အောင်လုပ်တာပါတဲ့နော်။
ဒီနှစ်ခုဟာမြန်မာဝေါဟာရအရဆိုရင်တော့ အဓိပ္ပာယ်ဆင်တူနေတာမို့ မှတ်သားရလွယ်ကူစေမှာပါရှင့်။

For example,
[1] His speech makes my blood boil.
    သူ့စကားက ငါ့ကိုဒေါသထွက်စေတယ်။

[2] That manner can make your father's blood boil.Be careful.
အဲ့ဒီအပြုအမူက မင်းအဖေကို ဒေါသထွက်စေနိုင်တယ်။သတိထားပါ။


------------------------------------
????????????

(2)head over heels

head over heelsကိုတော့ "ဒေါက်ဖိနပ်ပေါ်ကခေါင်း"လို့ဘာသာမပြန်ရပါဘူးနော်။
သူ့ရဲ့ဆိုလိုရင်းက "နက်နက်ရှိုင်းရှိုင်းချစ်မိနေတယ်"လို့ဆိုလိုတာပါ။
Deeply in loveနဲ့အဓိပ္ပာယ်တူပြီး
အချစ်စကားကို တင်စားပြောဆိုတဲ့နေရာတွေမှာသုံးပါတယ်။

For example,
[1] I am head over heels for you.
ငါမင်းကို နက်နက်ရှိုင်းရှိုင်းချစ်တယ်။

[2] You should be head over heels
for her like Romeo loved Julius.
မင်း သူမကို"ရိုမီယိုက ဂျူးလီးယက်ကိုချစ်ခဲ့သလို" နက်နက်ရှိုင်းရှိုင်းချစ်သင့်တယ်။

------------------------------------
????????????

(3)An old hand

ဒီIdiomလေးကတော့ "ဟောင်းနွမ်းနေတဲ့လက်တစ်ဖက်"လို့ဆိုလိုတာ မဟုတ်ပါဘူး။
An old handဟာ
"အတွေ့အကြုံရှိတဲ့သူ"(an experienced person)လို့ အဓိပ္ပာယ်ရပါတယ်။

For example,
[1] My grandpa is an old hand.
He'll definitely know about that.
ငါ့အဘိုးက အတွေ့အကြုံရှိတဲ့သူဘဲ။
သူကတော့ဒါကို သေချာပေါက်သိလိမ့်မယ်။

[2] Tell me how to bake the birthday cake as you are an old hand.
မင်းကအတွေ့အကြုံရှိတဲ့သူမို့ မွေးနေ့ကိတ်ဘယ်လိုဖုတ်ရမယ်ဆိုတာပြောပြကွာ။

------------------------------------
????????????

(4)give someone a hand

ဒီIdiomလေးကတော့ စာဖတ်သူလေးတို့နဲ့စိမ်းမယ်မထင်ပါဘူး။
ကြားဖူးကြမယ်လို့ထင်ပါတယ်။မသိသေးသူလေးများအတွက် ရေးသားဖော်ပြပေးလိုက်ရပါတယ်။
give a handဆိုတာ idiomအနေနဲ့ဆိုရင် "တစ်စုံတစ်ယောက်ကို လက်တစ်ဖက်ကမ်းပေးတယ်"လို့မဆိုလိုပါဘူး။" တစ်စုံတစ်ယောက်ကို ကူညီပေးတယ်"ဆိုတဲ့ အဓိပ္ပာယ်ပါ။

For example,
[1]He gave me a hand when I got trouble.
ငါဒုက္ခရောက်တုန်းကသူကူညီခဲ့တာ။

[2]Although I gave her a hand,she didn't accept.
ငါကူညီပေးတာကို သူမလက်မခံခဲ့ဘူး။

------------------------------------????????????

(5)cry your heart out

ချုံးပွဲချငိုတယ်(သေမတတ်ငိုတယ်)လို့အဓိပ္ပာယ်ရပါတယ်။
သာမန်မျက်ရည်ကျတာမျိုးလောက်မဟုတ်ဘဲ အလွန်အကျွံငိုကြွေးတဲ့အခါမျိုးမှာသုံးတဲ့idiomလေးပါ။

For example ,

[1]She was crying her heart out because her boyfriend was killed.
သူမရဲ့ကောင်လေးအသတ်ခံရခဲ့တာကြောင့်
သူမဟာ သေမတတ်ငိုနေခဲ့တယ်။

[2] The loss of him makes me cry my heart out.
သူကို့ဆုံးရှုံးလိုက်ရခြင်းက ငါ့ကို ချုံးပွဲချငိုကြွေးစေတယ်။


အထက်မှာဖော်ပြပေးခဲ့တာကတော့
body partsတွေနဲ့ဖွဲ့စည်းထားတဲ့
idiom၅လုံးဘဲဖြစ်ပါတယ်။အားလုံးအတွက်အကျိုးရှိလိမ့်မယ်လို့လည်းမျှော်လင့်ပါတယ်။
Leoရဲ့exampleတွေကကိုယ်ပိုင်ရေးသားဟန်ဖြစ်လို့ Grammarပိုင်းမှာ အမှားပါခဲ့သည်ရှိသော် ချစ်သောမျက်စိနဲ့ ဖြည့်စွက်ဖတ်သားပေးကြပါဦးလို မေတ္တာရပ်ခံပါရစေရှင့်။
------------------------------------
????????????
အားလုံးကိုအစဥ်လေးစားလျက်
#leo

Keep Reading

ဖတ်နိုင်သမျှ များများဖတ်ပေးပါ ချေးများစေ့စပ်တဲ့သူစာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးတန်ဆေးလွန်ဘေးနည်းပညာခေတ်နဲ့ လုပ်ရည်ကိုင်ရည်အာရုံစူးစိုက်မှုအင်တာနက်နဲ့ လူနေမှုဘဝ Cambridge English Examလိုမှသုံးပါမရိုးတရိုး