Author's Profile Photo

Var Han Jar

4/08/2024

"အာရုံငါးပါး"

1 min read
Education
General Knowledge
18 Again
"အာရုံငါးပါး"'s photo

အာရုံးငါးပါးကို လူတိုင်းနီးပါးသိကြမယ်ထင်ပါတယ်။ အာရုံငါးပါးမှာ ပြီးပြည့်စုံအောင်ပါဝင်တဲ့လူရှိသလို ချို့ယွင်းနေတဲ့လူလဲရှိတာပေါ့။ စာဖတ်သရဲလေးတို့ကို ပြောပြပေးမှာကတော့ အာရုံငါးပါးရဲ့ စိတ်ဝင်စားစရာ အကြောင်းလေးပဲဖြစ်ပါတယ်။ အာရုံငါးပါးကို လွယ်လွယ်လေး ကြည့်မယ်ဆိုရင် အကြား၊ အမြင်၊ အနံ့၊ အရသာ၊ အထိအတွေ့လို့ သိကြပါတယ်။ အဲ့အာရုံငါးပါးက ဘာတွေကို ပေးစွမ်းသလဲဆိုတာ ကြည့်ရအောင်။
အကြား။ ။အကြားအာရုံကို အသံလှိုင်းဖြစ်ပေါ်ရာကနေ နားစည်ကိုထိတ်တုန်ခါမူကြောင့် ဖြစ်ပေါ်လာပါတယ်။ ကြက်တွန်သံကြားရတဲ့ခါ ကြက်တွန်သံ၊ သီချင်းသံကြားရတဲ့ခါ သီချင်းသံ၊ ကြေးစည်ထုသံကြားရတဲ့ခါ ကြေးစည်ထုသံ၊ စတဲ့ သာယာသံနဲ့ ဆူညံသံတွေကို အကြားဆိုတဲ့အာရုံကနေပေးတဲ့ အတွေ့အကြုံကနေသိရပါတယ်။ သီချင်းသံကြားရင် ဒါကတော့ ဘာသီချင်း ဘယ်သူဆိုထားတာ စသဖြင့် သိပြီးပြောနိုင်တာက အကြားအာရုံကလာတဲ့ အတွေ့အကြုံတွေပါ။
အမြင်။ ။အမြင်အာရုံကို မျက်စိမှ မျက်ကြည်လွှာလေးနေတစ်ဆင့် ဖြတ်သန်းဝင်ရောက်လာတဲ့ အလင်းကို မြင်မူကြောင့် ဖြစ်ပေါ်လာပါတယ်။ စိမ်းလန်းဆိုပြေတဲ့မြင်ကွင်း၊ အရောင်အသွေး စုံလင်တဲ့ပန်းမျိုးစုံ၊ ကြည်နူးစရာမြင်ကွင်းစတဲ့ မြင်ကွင်းနေကလာတဲ့အရာတွေကို သိရှိစေပြီး အမြင်အာရုံကနေ အတွေ့အကြုံပေးစွမ်းပြန်ပါတယ်။ ပျော်ရွှင်စရာမြင်ကွင်းကိုမြင်တဲ့ခါ ဒါကတော့ပျော်ရွှင်စေတာသိတာက နေ့စဥ်ပေးတဲ့ အမြင်အာရုံကလာတဲ့ အတွေ့အကြုံကြောင့် ဖြစ်ပါတယ်။ ပန်းသီးကိုတွေ့လို့ ပန်းသီးလို့သိချင်းဟာလဲ အမြင်အာရုံရဲ့အတွေ့အကြုံပါပဲ။
အနံ့။ ။အနံ့အာရုံကိုတော့ ထွေထွေထူးထူးပြောပြစရာမလိုလောက်အောင် လူတိုင်းသတိထားမိနိုင်တဲ့ အာရုံဖြစ်ပါတယ်။ စံပယ်ပန်းနံ့၊ နှင်းဆီပန်းနံ့၊ ကြက်ဥပုတ်နံ့ စတဲ့မွေးတဲ့အနံ့ ၊နံတဲ့အနံ့ သိတာက အနံ့ကပေးတဲ့အတွေ့အကြုံအရဖြစ်ပါတယ်။ ငါးပိဟင်းချက်လို့ ဟင်းနံ့လေးမွေးလာဲ့အခါ ငါးပိချက်အနံ့လေးပဲလို့ ပြောနိုင်တာဟာ အနံ့အာရုံရဲ့အတွေ့အကြုံပါ။
အရသာ။ ။အရသာကလဲ လူတိုင်းသိကြတဲ့ အာရုံတစ်မျိုးပါပဲ။ ချဥ်တာ စပ်တာ ချိုတာ ခါးတာ စတဲ့အရသာမျိုးစုံ အတွေ့အကြုံကို အရသာအာရုံပေးစွမ်းပါတယ်။ ငရုတ်သီးတစ်ခါစားလို့ စပ်တာသိရင် နောက်ခါ ငရုတ်သီးတွေ့ရင် ငရုတ်သီးဟာစပ်တယ်ဆိုတာသိသွားပါတယ်။
အထိအတွေ့။ ။ရေခဲကို လက်နဲ့ထိတွေ့တဲ့အခါ အေးကျဥ်သွားတာမျိုး၊ လေတိုက်တဲ့အခါ ဆံပင်တွေ လှုပ်ယမ်းယိမ်းနွဲ့သွားတာမျိုးပေါ့။ အထိအတွေ့ဆိုတာ အရေပြားပေါ်ကနေ ထိတွေ့ခြင်းက ဖြစ်ပေါ်လာတဲ့ အာရုံဖြစ်ပါတယ်။ သိုးမွေးကိုထိတဲ့ခါ နူးညံ့တဲ့အထိအတွေ့၊ ကျောက်တုံးကို ထိတွေ့တဲ့ခါ မာကြောတဲ့အထိအတွေ့စတဲ့ အတွေ့အကြုံကို ရရှိစေပါတယ်။
စာဖတ်သရဲလေးတို့လဲ အာရုံငါးပါးဆိုတာ မိမိကိုယ် အတွေ့အကြုံတွေပေးနေတယ်ဆိုတာ သတိထားမိလောက်ပြီပေါ့နော်။ နေ့စဥ်နဲ့အမျှ စက္ကန့်တိုင်းမှာအတွေ့အကြုံတွေ ရရှိနေတာမို့ အခုပဲအာရုံငါးပါးကလာတဲ့ အတွေ့အကြုံကို သတိထားကြည့်ကြရအောင်။
#varhanjar

Keep Reading

တက်ညီလက်ညီ ပန်းတိုင်ဆီသို့My Life Notesတွင်းနက်ထဲမှ သားကောင်များကိုကယ်တင်ရန်ပညာတတ်ဆိုသည်မှာ အဘယ်နည်း ------------------------------------I Love Me ( Part -1 )အားရှိတဲ့ချိန် ခုန်လိုက်ပါA4 တစ်မျက်နှာနဲ့ ၃နှစ်စာကို ပုံဖော်မယ်ကိုယ်ချင်းစာစိတ် ---------------ပြည်သူ့နီတိပညာ သင်ကြားမှုအား လေ့လာဆန်းစစ်ခြင်း (၁) ----------------------------------------------------------မိသားစုအရေး