Default Profile Photo

SarPhat Author

3/08/2024

'ကုတင် ' လား ' ခုတင်' လား

1 min read
Education
General Knowledge

'ကုတင်'   လား  ' ခုတင် ' လား။


ဒီစာကိုဖတ်နေသူလေးတွေရော  ဘယ်လိုထင်ပါသလဲရှင့်။


ကိုယ်တို့တစ်တွေအိပ်စက်တဲ့နေရာကို  နှုတ်ကနေ ကုတင်လို့ထွက်ကြသလို  လက်ကလည်း " ကုတင် " လို့ရေးနေကြပါတယ်။ ကိုယ်လည်း ဟိုးအရင်တုန်းက " ကုတင် " လို့ရေးခဲ့တယ်ပေါ့နော်။


တကယ်က " ကုတင် " မဟုတ်ဘဲ

" ခုတင် " ပါရှင်။


ခုတင် =  ခြေလေးချောင်းတပ်ထားသောအိပ်စရာခုံ။

ဆိုတဲ့အဓိပ္ပာယ်နဲ့ ' ခုတင် ' လို့ပေါင်းရပါတယ်။


ခြေလေးချောင်း ' ခု ' ထားတဲ့အိပ်စရာနေရာမို့ ' ခုတင် ' လို့မှတ်ထားလိုက်ရင် မမေ့တော့ပါဘူးနော်။



နောက်နေ့တွေမှာလည်း  မြန်မာစာလုံးပေါင်းသတ်ပုံတွေနဲ့ပတ်သက်လို့  ဖြည်းဖြည်းချင်းစီ ရှင်းလင်းပြောပြပေးသွားပါဦးမယ်ရှင်။


_charlie_

Keep Reading

နည်းပညာရဲ့ကျွေးကျွန်များ ဖြစ်လာနေပြီလားအနာဂတ်ပညာရေး၏ ခြေတစ်လှမ်းအစ"စာအရေးအသား ကောင်းစေရန်" – အပိုင်း ၄: စာရေးသူတွေရဲ့ စိတ်နေသဘောထားတွေအကြောင်း  "စာအရေးအသား ကောင်းစေရန်" – အပိုင်း ၃: ဘယ်လို အမျိုးအစားတွေကို ရေးမလဲ   ကိုယ်သာလျှင် ကိုယ့်ရဲ့ပြိုင်ဘက်ပါခေတ်မီဘက်ထရီနည်းပညာ(၃)မျိုး"ဂ" နှင့်သက်ဆိုင်သော သတ်ပုံများတက်ညီလက်ညီ ပန်းတိုင်ဆီသို့ရင်ထဲ ညှိ​စေ​သော ဇာတ်လမ်းများ ​ပြောနည်း - အပိုင်း ၃အတိတ်မှ အတွေးတစ်စ