Noon (နွန်း)
စာဘယ်လိုကျက်ရမလဲ။?
ပြောချင်တဲ့ အဓိကအချက်ကတော့
ကံ၊ဉာဏ်၊ဝီရိယ၊ စိတ်ဆန္ဒ ??
ပါပဲ
စာကျက်နည်း ဆိုပြီးတော့ အခု၂၁ ရာစု မှာ နောက်ပိုင်းမှာ တော်တော်များများ တင်ပေးလာကြတယ်။
မြန်မာ နိုင်ငံရဲ့ သင်ရိုးစနစ်ဟာ ပြောင်းလဲသွားတယ်ပြောပေမယ့် စာကျက်ရတဲ့ စနစ်က မပျောက်ခဲ့ပါဘူး။
ကျောင်းစာတွေကို ဘယ်လိုကျက်ရမှာလဲ။?
အခုရေးမဲ့နည်းလမ်းလေးက
မပြောင်းလဲသေးတဲ့ စနစ်အတွက်ကျက်နည်း ပါ။?
အပြင်စာ လေ့လာခြင်းအတွက် အသုံးဝင်တာနည်းပါလိမ့်မယ်။?
Government School တတ်တဲ့ ကျောင်းသားအချိန် အကြမ်း?
-အိပ်ချိန် စုစုပေါင်း ၈နာရီ (ည ၁၀:၀၀> မနက်၆:၀၀)
-ကျောင်းသွား၊ကျောင်းပြန် စုစုပေါင်း အချိန်ဟာ ၈ နာရီရှိပါတယ်။ (မနက်၈:၀၀> နေလယ် ၃:၄၅နီးပါး)
-ကျူရှင်တတ်တဲ့ကလေးတွေဟာ ၄ နာရီ နီးပါး တတ်ရတယ်။ (နေ့လယ်၄:၀၀>ည၈:၀၀)
-၃ နာရီ နီးပါးက အစားစား ၊ရေချိုး၊ ဖုန်းကြည့်၊ ဖင်လည့် ခေါင်းလည့် တယ်။
၈+၈+၄+၃= ၂၃ နာရီ
တွက်ကြည့်လိုက်ပါ။
၁နာရီလောက်ပဲ စာကျက်ချိန်ရပါတယ်။?
စာကျက်ချိန်အတွက် အချိန် မရှိတော့တာတွေဖြစ်မယ်။
စာမကျက်ဖြစ်ဘူးလို့ ငြီးငြူမယ်။
စာမရဘူးလို့ ပြောလာမယ်။??
ကျူရှင်တတ်တဲ့ကလေးတွေကတော့ စာကို ကျူရှင်မှာ ကောင်းကောင်းရအောင် ကျက်ခဲ့ပါတယ်ဆိုပြီး စာပြန်မလုပ်တဲ့အတွက် စာမရတာပါ။?
စာရေးသူကိုယ်တိုင်ကြုံရတာလေးပါ။?
1. အချိန်ဇယားဆွဲပါ။ Time Table လေးနဲ့မှန်အောင်လုပ်ရပါ။?
အခုနောက်ပိုင်းမှာ Time Table List application တွေကို play store မှာရှာရင် အများကြီးတွေ့နိုင်ပါတယ်။
ရှည်ရှည်ဝေးဝေး မပြောပြတော့ပါဘူး။
စာလေ့လာတဲ့နေရာမှာ
အရေးအကြီးဆုံးက အချိန်ဇယားပါ။?
2.ကိုယ့်ရဲ့ စာကျက်ချိန်ဟာ ဘယ်လောက်ရှိသလဲ တွက်ကြည့်ပါ။?
တစ်ရက်စာတစ်ရက်ကျေအောင်
လုပ်နိုင်တဲ့သူဆိုရင်တော့ စာကျက်ချိန်ကို အနည်းဆုံး 3နာရီလောက်တော့ အချိန်ပေးပြီးလုပ်ပါ။
တစ်ဘာသာကို တစ်နာရီ မလုပ်နိုင်ရင်တောင် စာပြန်ကြည့်ဖြစ်အောင်လုပ်ပါ။
3. Note စာအုပ်ထုတ်ပါ။?
Note မှတ်တာဟာ အချိန်ပေးရပါတယ်။
ကျောင်းမှာ Brake Time ၊ Lunch Time ပေးတဲ့ အချိန် ၁၅ မိနစ်လေးကိုယူသုံးပြီး သင်သမျှစာကို Noteလုပ်ထားပါ။??
Note အတွက် ရောင်စုံဘောပင် ၊ book mark paper လေးဝယ်သုံးပါ။ ရှာရလွယ်ကူစေပါတယ်။
တစ်ဘာသာချင်းစီ တစ်အုပ်ထုတ်ထားပါ။
နွန်းကတော့ note ကို ကဗျာစပ်ရေးတာများပါတယ်။?
4. Homework တွေကို အိမ်ထိ မသယ်ပါနှင့်။
??
Homework ဆိုတာ အိမ်မှာ လုပ်ရတာ၊နာမည်ကိုက အိမ်စာ ဆိုပြီးပြောတတ်ကြတယ်။
နွန်းကတော့ အိမ်စာကို ဘယ်တော့မှ အိမ်ထိမသယ်ပါဘူး။
ကျောင်းမုန့်စားဆင်း၊ထမင်းစားဆင်းတာနဲ့ အပြီးလုပ်ပါတယ်။ အဲဒါမှ အိမ်မှာ နားချိန်လေးရှိမှာပါ။
မဟုတ်ရင် ကျောင်းမှာလည်း နား၊အိမ်မှာလည်းနား အချိန်ဖြုန်းပြီး အိမ်စာ မရေးဖြစ်ဘူး ဆင်ခြင်မလိုချင်တာကြောင့်ပါ။
5. Own practice books ထားပါ။?
စာကျက်ရင် တစ်ခါလောက်တော့ အဲဒီစာအုပ်မှာ
ချရေးပါ။
နွန်းကတော့ ရေးကျက်သူတစ်ယောက်ဖြစ်တဲ့အတွက်
တစ်လုံးကအစ မှန်တဲ့အထိရေးကျင့်ပါတယ်။
အရေးများလွန်းတဲ့အတွက် စာမေးပွဲအနီးမှာ
အကြောထိပြီး ဆေးခန်းပြခဲ့ရပါတယ်။ တစ်ပတ်လောက် စာကို ရေးတာ နားခဲ့ရပါတယ်။
ဒါပေမယ့် စာမေးပွဲ ရောက်တဲ့အခါ မနွေးခဲ့ရတဲ့ အပုဒ်ကိုလည်း မျက်လုံးထဲ မြင်ပြီး ဖြေနိုင်ခဲ့ပါတယ်။
အတွက် ဘာသာဆိုရင်တော့ များများလေ့ကျင့်ပေးပါ။
စာမေးပွဲဖြေရင် ပုံသေနည်းမှတ်မိတာနဲ့ သူ့အလိုလို တွက်တတ်သွားပါတယ်။
ပြန်ကြည့်လို့လွယ်စေဖို့ တစ်ဘာသာစီ ခွဲထားပြီးလုပ်ပါ။
ထွက်ရင်အသံပဲသိမှာပါ။
ရေးတော့မှ အမှန် ဆိုတာကို သိပါ။
6. Practice Books ကို ချက်ချင်း မှင်နီ နဲ့ စစ်ပါ။ ✍️?️✔️
မှင်နီနဲ့ စစ်တာဟာ အမှားကို ကွက်ကွက်ကင်းကင်း မြင်စေပါတယ်။ မှားတာလေးတွေကို 3မှာကြောထားတဲ့ Note ထဲမှာ မှတ်ထားပါ
စာမေးပွဲဖြေရင် တစ်ခါလောက် အဲဒီစာအုပ်ကြည့်ပြီး နွေးလိုက်ရင် ကျက်စရာမလိုလောက်အောင် အသုံးဝင်ပါတယ်။
7. ပုံသေနည်း မှတ်နည်း?✍️
စာအုပ်တစ်အုပ်ထဲကို
အခန်းလိုက် ပုံသေနည်း နာမည်နဲ့ တွဲရေးထားပါ။
တွက်နည်း အကျဉ်းချုပ်လည်းရေးပါ။
တွက်တဲ့အခါ ပေးထားတဲ့ ဉပမာ ပုဒ်စာတွေ
မကြည့်ဘဲ ပုံသေနည်းစာအုပ်ကြည့်ပြီး သုံးတွက်ပါ။
စာမေးပွဲအထိ အသုံးဝင်မှာပါ။
8. ကောင်းကောင်းအနားယူပါ။??
နွန်းကတော့ အိပ်ချိန်ကို စာလုပ်တာ မုန်းတဲ့ အဖွဲ့ကပါ။?
အိပ်ရေးမဝရင် စာမမှတ်နိုင်ဘူးလေ။?
စိတ်လည်း မကြည်တော့ဘူး။?
စိတ်ကြည်ရင် စာတွေဟာ အော်တိုဝင်ပါတယ်။ မှတ်မိလွယ်တယ်။?
အတွေ့အကြုံ?
နွန်းရဲ့ သူငယ်ချင်းတွေထဲမှာလည်း ကိုယ့်ကိုယ်ကို ဖိအားပေးလုပ်တဲ့သူရှိပါတယ်။ သူတို့တွေဟာ
နွန်းထပ် စာကြိုးစားကြပါတယ်။ တစ်နေ့ 3 နာရီလောက်ပဲ အိပ်တယ်ပြောပါတယ်။
နွန်းကတော့ မနက် 3 နာရီ တစ်ရေးနိုးတယ်။ စိတ်က နိုးတာပါ။ လူကတော့ မထပါဘူး။
5နာရီမှထပါတယ်။ ည 12နာရီမှာ အိပ်ပျော်အောင် အိပ်ပါတယ်။
နေ့လယ် 1နာရီကနေ2 နာရီအထိ တစ်နာရီအိပ်ပါတယ်။
အနားယူချိန် 6နာရီ ထားပါတယ် ??
9.စာလုပ်တဲ့ အခါ အာရုံ မလွင့်ပါစေနဲ့???
နွန်းက စာကျက်ရင် ဒီကမ္ဘာမှာ ငါသာရှိတယ်လို့
အရင်ဆုံးတွေးတာပါ။
စာကျက်တဲ့အချိန်အတွင်း သူတို့ပြုံးပြတာကို မပြုံးပြဘဲ ဂရုမစိုက်တတ်တဲ့ပုံစံ၊
ထမင်းစာချိန်ဆို စကားများတတ်တဲ့ ကြက်တူရွေး ဆိုပြီးပြောပါတယ်။
နွန်းရဲ့ သူငယ်ချင်းတွေဆို နွန်းကို မျက်နှာ နှစ်ဖက်နဲ့ လူ ဆိုပြီးပြောကြပါတယ်။
အသံအတိုးအကျယ်ကိုတော့ နွန်းဘက်က ညှိယူပြီး ဆိုကျက်ပါတယ်။
နွန်း ရေးတဲ့ စာကျက်နည်းဟာ လိုအပ်ချက်ရှိနိုင်ပါတယ်။?
စာကျက်ရခက်တဲ့သူတွေအတွက် နွန်းရဲ့ စာလုပ်တဲ့နည်းလေး မျှဝေလိုက်တာပါ။?
ကံ၊ဉာဏ်၊ ဝီရိယ ၊ ဆန္ဒ ကို အဓိကထားပြီး နည်းမှန် လမ်းမှန်နဲ့ စာလုပ်နိုင်ကြပါစေရှင် ??
Author -Noon
Keep Reading