Author's Profile Photo

Zwe(MDY)

26/07/2024

ဖုန်း မပျက်စီးအောင် ဆောင်ရန်ရှောင်ရန်(၁)

1 min read
General Knowledge

မိမိ အသုံးပြုနေသည့် ဖုန်းများ မပျက်စီးအောင်

ဆောင်ရန်ရှောင်ရန် အချက်လေးများ တင်ပေးသွားပါ့မယ်

ကျနော်သိသလောက် မျှဝေပေးပါ့မယ်

အရင်ဆုံး အသုံးပြုတဲ့ နေရာက စပြောချင်ပါတယ်

အသုံးပြုခြင်းမှာ

အားသွင်းပီး အသုံးပြုတာပါ မဖြစ်သာလို့ အရေးပေါအခြေအနေတခုမှာပဲ အသုံးပြုသင့်ပါတယ်
အားသွင်းရင်းအသုံးပြုလျှင် ဖြစ်တပ်သော ဆိုးကျိုးများ
ဖုန်းမှာအားသွင်းတဲ့ အားသွင်းပေါက် အရမ်းနာပါတယ်
ကြာလာရင် အားသွင်းပေါက်ပျက်တာ ချောင်တာ အားမဝင်တဲ့ ပြသနာတွေဖြစ်လာတက်ပါတယ် ဖုန်းအားသွင်းတဲ့အပေါက်တွေ မှာဆိုရင် Type c/ Android / ios အားသွင်းပေါက်တွေ ဖြစ်ပီး အပျက်အစီးအရမ်းအများဆုံးက Android အားသွင်းပေါက်တွေ ဖြစ်ပါတယ်။
ရေရှည်မခံတော့သလို ခနခန အားသွင်းပေါက်လဲရတဲ့ ပြသနာ ကြုံကျရပါမယ် ဖြစ်နိုင်လျှင်အားသွင်းရင်း အသုံးမပြုစေလိုပါ။တခြားဖုန်းတွေရော မပျက်စီးဘူးလားဆိုရင်ပျက်တက်ပါတယ် အားသွင်းပေါက် ပျက်တာ ရှားပေမဲ့ ပျက်လာခဲ့လျှင်လည်း Android တွေထပ် ငွေကြေးကုန်ကျမူ များပါတယ် ခုခေတ်အခြေအနေအရဆိုလျင် ငွေကြေးအကုန်မခံတာအဆင်ပြေဖို့ပါ။ နောက် အားသွင်းပေါက် ပျက်စီးသလို Battery ဘတ္ထရီ လည်း ခံရမဲ့ သက်တမ်းထပ် ပို၍ စောပီးပျက်စီးတက်ပါတယ် ။ ဘတ္ထရီ အားမခံတော့တာမျိုးနှင့်ဘတ္ထရီဖောင်းလာတာတွေ ဖြစ်လာတက်ပါတယ် ကြာလာရင် ဘတ္ထရီဖောင်းပြီး တွန်းကန်လိုရတဲ့ နေရာကနေ မှန်သို့မဟုတ် နောက်ကာဘာဘက်ခြမ်းကနေ ကွာကျလာတာမျိုးများဖြစ်လာပါတယ် နောက်ဖုန်း ဟ လာတာမျိုးဖြစ်လာပြီဆိုလျှင် အန္တရယ်ရှိလာပါပီ အခက်မသင့်လျှင် ထပေါက်တာမျိုးတွေ ဖြစ်လာတက်ပါတယ် ဆင်ခြင်သင့်ပါတယ် ရှေ့ဘက်ခြမ်း မှန်ဟလာလျှင် အခက်မသင့် မှန်ပျက်တာမျိုးဖြစ်လာတက်ပါတယ် ဘထ္ထရီလဲတာထပ် ပိုတဲ့စျေးနဲ့ကုန်ကျစရိတ်တွေ မလိုပဲဖြစ်လာတက်ပါတယ်။အားသွင်းရင်းအသုံးပြုတဲ့ပြသနာမှာ အားသွင်းကြိုးတွေ ပါ ပျက်စီးရတဲ့ အရာတွေလည်းပါလာပါတယ် အားသွင်းကြိုး သို့မဟုတ် အားသွင်းခေါင်း တွေပါ ပူလာပီး လောင်လာတက်ပါတယ် အရည်အသွေးနိမ့်တဲ့ အားသွင်းခေါင်းနဲ့ကြိုးတွေဆိုလျှင် အားအဝင်နည်းလာတာ အဝင်ပြပီးအားမတက်တော့တဲ့ ပြသနာတွေဖြစ်လာတက်ပါတယ်ဖြစ်နိုင်ရင်တော့အားသွင်းကြိုးနှင့်ခေါင်းတွေကို Wattကြီးကြီးနှင့်Ampအမ်ပီယာများများကိုကောင်းတာလေးအသုံးပြုစေချင်ပါတယ်ခုလက်ရှိ ခေတ်ပျက်ကာလ မှာ ငွေကို မလိုအပ်တဲ့နေရာ အကုန်မခံစေခြင်းအလို့အဌာ ရည်ရွယ်၍ ရေးသားထားခြင်းဖြစ်ပါတယ် နောက်ထပ်လည်း Mobile phone နှင့် ပက်သက်၍ သိစရာလေးမျှတင်ပေးသွားပါမည် Mobileဖုန်းနှင့် သိလိုသည်များအားမေးလိုပါကလည်းမေးမြန်းနိုင်ပါတယ်ကျနော်သိသလောက်မျှဝေသွားမှာဖြစ်လို့ မိတ်ဆွေသူငယ်ချင်းနှင့်ဆရာဆရာမများအား ဖိတ်ခေါပါတယ်

@ZweMandalay telegram မှာမေးရန်

နောက်ထပ်တင်ပေးစရာကတော့

ရေဝင် ချွေးဝင် Airconငွေ့ ဝင်ရင်

ဖြစ်တက်သော အရာများဖြစ်ပါတယ် ကျေးဇူးပြု၍ အားပေးကျပါအုန်းနော် ချစ်သော


----Zwe[MDY]----

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေး"တော်တဲ့သူတွေက ဆင်ခြေမပေးဘူး...  ဖြေရှင်းနည်းကိုပဲ ရှာကြတယ်"လိုမှသုံးပါအင်တာနက်နဲ့ လူနေမှုဘဝ စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်း