Author's Profile Photo

Reviews by Benevolent

26/07/2024

ပျော်ရွှင် အောင်မြင် စိတ်ထားအလှဆင်

4 mins read
Book Review
ပျော်ရွှင် အောင်မြင် စိတ်ထားအလှဆင်'s photo

ဒီစာအုပ်က Gary Vee လို့ အတိုကောက်ခေါ်ကြတဲ့ Gary Vaynerchuk ရဲ့ စာအုပ်ကောင်းတစ်အုပ်ပါ။လေ့လာမိသလောက် New York Times ရောင်းအားအကောင်းဆုံးထဲမှာ ဒီစာအုပ်က ငါးကြိမ်တိတိ ပါဝင်နေတာကို တွေ့ရတယ်။ ဆုံးဖြတ်ချက်ချစွမ်းနဲ့ မလုံလောက်သေးတဲ့ စိတ်ပိုင်းဆိုင်ရာ အရည်အသွေးတွေကို အဓိက ဟိုက်လိုက် လုပ်ထားတဲ့ စာအုပ်လို့ ပြောရမယ်။
စာအုပ်ထဲမှာအပိုင်း (၃ ) ပိုင်းပါတယ် ။အပိုင်း ၁ က စိတ်ထားစွမ်းဆောင်ရည် ၁၂ မျိုး ၊အပိုင်း ၂ က ရင်ဆိုင်ရမယ့် ဖြစ်ရပ်များ (အဖြစ်အပျက် ၃၅ ခုကို ပမာပြုထားတယ်) ၊အပိုင်း ၃ လေ့ကျင့်ခန်းများ ( ဘယ်လို လက်တွေ့ လုပ်မလဲဆိုတာမျိုးကို ပြောထားတယ်) ။

ကျွန်တော်ကတော့ Mental Ingredients လို့ခေါ်တဲ့ စိတ်ထားစွမ်းရည်များကို ပြောပြပေးချင်တယ်။ ဟင်းတစ်ခွက်လို အဲ့ ၁၂ မျိုးက အချိုးအစားညီရင် အရသာရှိတဲ့ ဟင်းကောင်းတစ်ခွက် ဖြစ်လာပါလိမ့်မယ်။

▪️ကျေးဇူးတရား (Gratitude )

လူအများစုက ကျေးဇူးတင်တတ်ခြင်းက အရာရာကို တင်းတိမ်ရောင်ရဲပြီး ပေါ့ပျက်ပျက် ဖြစ်သွားစေတတ်တယ်လို့ ယူဆကြတယ်။တကယ့်တော့ ကျေးဇူးတင်ထိုက်တဲ့အရာတွေကို ကျေးဇူးတင်တတ်ရမှာဖြစ်သလို၊ ကိုယ်လိုချင်တဲ့အရာတွေကိုလည်း ဖြစ်အောင် ကြိုးစားရမှာဖြစ်တယ်။ အသက်ရှင်ဖို့တောင် ခက်ခဲနေတဲ့ကာလ မနက်နိုးတဲ့အချိန် ကိုယ့်အနီးနားမှာ ချစ်ရတဲ့ မိဘ၊ ချစ်သူ ၊ သားသမီး ရှိနေသေးရင် ကျေးဇူးတင်ရမယ်။ စားဝတ်နေရေး ကျပ်တည်းနေချိန် စိတ်ကျေနပ်လောက်တဲ့လစာမျိုးမရသေးတောင် အလုပ်ရှိသေးလို့ ကျေးဇူးတင်ရမယ်။ ကြိတ်မှိတ်ပြီး လုပ်ရမယ်လို့‌ ပြောတာမဟုတ်ဘူး ၊ ပိုကောင်းတဲ့ အခွင့်လမ်းကိုတော့ရှာဖွေနေရမယ်။

များသောအားဖြင့် ကိုယ်ပိုင်ခွင့်ရတာတွေကို အသိအမှတ်ပြုလေ့မရှိဘူး။ ကျေးဇူးတင်တတ်ခြင်း၊ အသိမှတ်ပြုခြင်းဆိုတာ စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်တစ်ခု သဘောတရားပါပဲ။ ကျေးဇူးတင်ခြင်းဆိုတာ ကိုယ့်ကို တန်ဖိုးထားခြင်းတစ်ခုလို့ ပြောလို့ရတယ်။


▪️ကိုယ့်အကြောင်း ကိုယ်သိတဲ့စိတ် (Self-Awareness )

မြန်မာလူမျိုးကြား ပြောတတ်တဲ့စကားရှိတယ် "ကိုယ်အကြောင်းကိုသိ "။အဓိပ္ပါယ်က ငြင်းခုံမှုမရှိဘဲ ကိုယ့်အားနည်းချက်ကို လက်ခံတတ်ပြီး ကိုယ့်ကိုယ်ကိုယ် နှမြော မြတ်နိုးတတ်ခြင်းကို ဆိုလိုတာပါ။ကိုယ့်အကြောင်းကို သိတဲ့စိတ်ဟာ ကိုယ့်ကိုယ်ကိုယ် ချစ်တတ်တဲ့စိတ် နဲ့ ကိုယ့်ကိုယ်ကိုယ် လက်ခံတတ်တဲ့စိတ်တွေနဲ့ နီးကပ်မှုရှိတယ်။ မှန်ထဲမှာ ခပ်ရဲရဲကြည့်ပြီး ကိုယ့်ချို့ယွင်းချက်ကို ယုံကြည်မှု ရှိရှိနဲ့ လက်ခံတတ်ဖို့ လိုအပ်တယ်။


▪️တာဝန်ခံမှု (Accountability)

လူတွေဟာ ကိုယ့်ချို့ယွင်းချက်တွေအတွက် တခြားလူတွေကို အပြစ်တင်တတ်တဲ့သဘာဝရှိတယ်။တခြားလူတွေ ထင်မြင်ယူဆချက်ကို ကြောက်ရွံ့တာကြောင့် ကိုယ့်အမှားကို လက်မခံဘဲ ငြင်းခုံတတ်ကြတယ်။ကိုယ့်တာဝန်ကိုယ်မယူဘဲ တစ်ဖက်သားကို အပြစ်ပုံချလိုက်နိုင်ရင် စိတ်သက်သာရာရပြီး အဆင်ပြေသွားလိမ့်မယ်လို့ အများစုက ယူဆထားတတ်ကြတယ်။တကယ့်လက်တွေ့မှာတော့ တာဝန်ယူမှုမရှိလေ စိတ်ဆင်းရဲစရာကောင်းလေပါပဲ။ သတိထားရမည့်အချက်တော့ရှိတယ်၊ အဲ့ဒါက
ဖြစ်လာသမျှ ပြသနာအားလုံးကို ကိုယ့်တစ်ယောက်
တည်းသိမ်းကြုံတာဝန်ခံခိုင်းတာတော့ အဆင်မပြေဘူး။တာဝန်ယူမှု( Accountability ) ကို ရိုးသားပွင်းလင်းမှု ( Kind Candor) နဲ့ ချိန်ညှိတတ်ဖို့တော့ လိုလိမ့်မယ်။


▪️အကောင်းမြင်စိတ် (Optimism)

အကောင်းမြင်စိတ်ဆိုတာ အရှုံးတွေကိုလက်ခံတတ်ဖို့၊ မျှော်လင့်ချက်တွေ မပျောက်ဆုံးဖို့သာဖြစ်ပြီး အမှန်တရားကို လျစ်လျူရှုထားဖို့ကို ဆိုလိုတာမျိုးမဟုတ်ဘူး။ အရာရာကို ခေါင်းညိတ်၊ အဖိနှိပ်ခံပြီး နေရမယ့် အစွန်းရောက် အကောင်းမြင်စိတ်ကို ပြောတာလည်းမဟုတ်ပါဘူး။ အကောင်းမြင်စိတ်ဆိုတာ ကြုံတွေ့ရနိုင်တဲ့စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်ပြီး လဲကျရင် ပြန်ထနိုင်အောင် လုပ်ပေးတဲ့စွမ်းအားတမျိုးပါ။ အရှုံးတွေကို သိပ်ဂရုမစိုက်ဘဲ အလုပ်မဖြစ်တဲ့အရာတွေကို ဖယ်ရှားပြီး အဆက်မပြတ် လျှောက်လှမ်းခြင်းကိုသာ ဆိုလိုတာပါ။

▪️ကိုယ်ချင်းစာစိတ် (Empathy)

အများစုက အဆင်မပြေလာရင် တစ်ဖက်သားကို ဒေါသနဲ့ တုံ့ပြန်လိုက်ရင် အနိုင်ရသွားမယ်လို့ ထင်တတ်ကြတယ်။ ဒါပေမယ့် လက်တွေ့မှာ ဒေါသထွက်သူ က ရှုံးနိမ့်ဖို့ ရာခိုင်နှုန်းများတယ်။ စာနာ နားလည်မှုပေးလိုက်တာက ပြသနာအများစုကို အဆင်ပြေစေတယ်။ ကိုယ့်စိတ်မှာ စိတ်မလုံခြုံမှု ( insecurities ) ရှိနေရင်တော့ လက်တွေ့ ကျင့်သုံးနိုင်မှာမဟုတ်ပါဘူး။ ဖိအားတွေ၊ စိတ်မလုံခြုံမှုတွေကို ရှင်းထုတ်ပြီးမှသာ အဆင်ပြေလိမ့်မယ်။

" တခြားသူတွေရဲ့ ခံစားချက်ကို မျှဝေနားလည်နိုင်ခြင်း " ရှိရင်တော့ ပိုအေးချမ်းပါတယ်။


▪️ကြင်နာစိတ် ( Kindness )

ဘဝမှာ အရာရာအဆင်ပြေနေမယ်ဆို လူတွေကို ကြင်နာဖို့လွယ်ပါတယ်။ ဖိအားတွေအောက် ရောက်နေရင်တောင် ကြင်နာစိတ်ထားဖို့က မလွယ်ကူလောက်ဘူး။လုပ်ဖော် ကိုင်ဖက်က ရာထူးတတ်သွားပြီး ကိုယ်က ရာထူးမတတ်တဲ့အချိန်မျိုး ဖိအားတ

သည်းခြေကြိုက် စာအုပ် ၆ အုပ်ချန်လှပ်ခဲ့သော ဇွန်လတန်ဆေးလွန်ဘေးနည်းပညာခေတ်နဲ့ လုပ်ရည်ကိုင်ရည်အချိန်ဆွဲတဲ့အကျင့်ဆိုးအာရုံစူးစိုက်မှုစိတ်ညစ်စရာကြားကဆေးတစ်ခွက်ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စိတ်ဓာတ်ကျနေတဲ့အခါအင်တာနက်နဲ့ လူနေမှုဘဝ

Unlock to read this premium article with 100 points.