Author's Profile Photo

ယဥ်သီရိလှိုင်(ဆောင်း)

24/07/2024

အလုပ်ဟူသမျှဂုဏ်ရှိစွ

2 mins read
Life Style
Business
Education
အလုပ်ဟူသမျှဂုဏ်ရှိစွ's photo


မြန်မာနိုင်ငံမှသည်နိုင်ငံပေါင်းများစွာရှိတဲ့ဒီကမ္ဘာကြီးမှာ နေ့တလူက စား/ဝတ်/နေရေးကိုဦးစားပေးရှင်သန်နေကြရပါတယ် အဲ့လိုစားဝတ်နေရေးအဆင်ပြေဖို့အတွက် အဓိက ကတော့ ငွေပါဘဲ ငွေမရှိရင်ဘယ်အရာမှအဆင်မပြေပါဘူး ဒါကိုစာဖတ်သူတို့လဲသိကြမှာပါ အဲ့ဒီငွေကိုရဖို့အတွက်ပိုင်ဆိုင်ဖို့အတွက်အမျိုးမျိုးရုန်းကန်လှုပ်ရှားနေကြရတယ် ဒါကြောင့်ဘဲလူတန်းစားအလိုက် ပညာအရည်အချင်းအလိုက် အလုပ်အမျိုးမျိုးကွဲသွားကြတယ်

ဘွဲ့ရတယောက်အတွက်အလုပ်မရှားပါဘူးလို့ပြောကြလိမ့်မယ် မှန်ပါတယ် ဘွဲ့ရဆိုတဲ့အပေါ်မှာအမျိုးမျိုးထပ်ကွဲသွားတယ် ဘာနဲ့ဘွဲရတာလဲ နည်းပညာ‌နဲ့ဘွဲ့ရတာလား စီးပွားရေးနဲ့ဘွဲ့ရတာလား ပညာရေးနဲ့ဘွဲ့ရတာလားအများကြီးပေါ့ အဲ့လိုမျိုးထပ်ကွဲသွားပါတယ် ဘွဲ့အလိုက်အလုပ်နေရာတွေလစာတွေမှာလဲကွဲပြန်ပါတယ် အဲ့တာကြောင့်ဘွဲ့ရတယောက်အတွက်အလုပ်မရှားဘူးဆိုတဲ့အပေါ်မှာပြောချင်တာက အလုပ်မရှားဘူးဆိုတာမှန်တယ် ဒါပေမယ့်သူရခဲ့တဲ့ဘွဲ့ရဲ့သက်ဆိုင်ရာအလုပ်မှာဘဲအဲ့ဒီစကားကသက်ရောက်မှုရှိတယ် ဥပမာအနေနဲ့ပြောရရင် ဆရာဝန်ဘွဲ့ရထားတဲ့သူတယောက်က နည်းပညာနဲ့သက်ဆိုင်တဲ့နေရာမှာအလုပ်လုပ်လို့ရနိုင်မလားဆိုတာဘဲ အဖြေကတော့မရပါဘူး ဘာကြောင့်လဲသူကျွမ်းကျင်တဲ့အလုပ်မဟုတ်လို့ပါဘဲ

နောက်တခုပြောချင်တာကဘွဲ့ရတွေအတွက်မဟုတ်ပါဘူး အထက်တန်းအောင်လူတန်းစားအတွက်ပေါ့ အထက်တန်းဆိုတဲ့နေရာမှာ အဌမတန်းကစလို့နဝမတန်း ဒသမတန်းအထိရှိပါတယ် အခုပညာရေးစနစ်နဲ့ဆိုရင်တော့ထပ်ပြီးတိုးတာတွေရှိပါတယ် အခုပြောမှာကအရင်ပညာရေးနဲ့ပက်သတ်ပြီးတော့ပါ အထက်တန်းအောင်ဆိုတဲ့နေရာမှာလူရာသွင်းခံရတာဟာ ဒသမတန်းဆိုတဲ့ဆယ်တန်းအောင်တွေကိုနောက်ဆုံးပါဘဲ ဆယ်တန်းအောင်ပြီးတဲ့အခါမှာဘွဲ့မရရင်တောင်လူဝင်ဆံ့တဲ့အနေထားတခုမှာရှိတယ် ဆယ်တန်းမအောင်ရင်တော့လူတွေအထင်သေးတာခံရတာပေါ့ အဲ့ဒါကတော့မှားနေတာပါ ဆယ်တန်းမအောင်တဲ့သူတွေကိုအထင်သေးကြတဲ့ကိစ္စနဲ့ပက်သတ်ပြီးအနည်းငယ်ရေးသားပြောပြချင်ပါတယ် အခုလိုတိုးတက်လာတဲ့ခေတ်မှာဆယ်တန်းအောင်ဆိုတာ သိပ်ပြီးအရေးမကြီးတော့ပါဘူး ဒါပေမယ့်လုံးလုံးအရေးမကြီးတာမဟုတ်ပါဘူးနော် ဘာလို့ဆိုအခုခါမှာသင်တန်းကျောင်းတွေဖွင့်လှစ်လာကြတယ် သင်တန်းကျောင်းမျိုးစုံပေါ့ ဘာသာစကားသင်တန်း ကွန်ပျူတာသင်တန်း ဟင်းချက်သင်တန်းစသဖြင့် ဖွင့်လှစ်လာကြတယ် သင်တန်းဖွင့်တယ်ဆိုတာတက်တဲ့သင်တန်းသူ /သားရှိလို့ပါ သင်တန်းသားတွေဟာအများအားဖြင့် လူငယ်တွေ ဆယ်တန်းတက်နေတဲ့သူ အချို့ကတော့ကျောင်းနားလိုက်ကြတဲ့သူတွေဖြစ်ပါတယ် သူတို့ဘာကြောင့်ဒီသင်တန်းတွေတက်ကြတာလဲ ရှင်းပါတယ် အတတ်ပညာတခုကိုဖြစ်ဖြစ်မြောက်မြောက်တတ်ထားချင်လို့ပါ ဒီအတတ်ပညာရှိတဲ့အခါ အစောကပြောခဲ့သလိုလူအထင်သေးခံရဖို့အတွက် ဒီအတတ်ပညာကတဆင့်ခံသွားပါတယ် ဒါကြောင့် ဆယ်တန်းမအောင်တဲ့သူတိုင်းက သုံးစားမရတဲ့သူတွေမဟုတ်ပါဘူး အခြေနေအမျိုးမျိုးကြောင့်ဆက်မတတ်ဖြစ်တော့တာတွေရှိတယ် ‌အဲ့လိုဆက်မတတ်ဖြစ်တော့တဲ့အခါလူတွေရဲ့အမြင်မှာ ပညာမတတ်တဲ့လူတယောက်သာသာဘဲမြင်တတ်ကြတော့တာပါ အခုခေတ်မှာတော့အရာရာပြောင်းလဲသွားသလို လုတွေရဲ့အမြင်လဲပြောင်းလဲသွားလောက်ပါပြီ ငယ်ငယ်ကလူကြီးတွေပြောကြတယ်ပညာမတတ်ရင်ခွေးဖြစ်မယ်ဆိုတဲ့စကားက အခုချိန်မှာရီစရာတခုအနေနဲ့သာကျွန်မမြင်ပါတယ် ကျွန်မကိုယ်တိုင်ကဘွဲ့ရပညာတတ်လားဆိုမဟုတ်ပါဘူး ကိုယ့်ကိုကိုယ်ဘဝင်မြင်လေဟပ်နေတဲ့သူလဲမဟုတ်ဘူး ဒါပေမယ့် အခုချိန်မှာတော့ အတတ်ပညာတခုလက်ကိုင်ထားနိုင်တဲ့သူတယောက်ဖြစ်နေပါပြီ ဆက်ပြောရရင် ဆယ်တန်းအောင်မအောင်ဆိုတာနဲ့ပက်သတ်ပြီးတချို့လူတွေတွေးတာကြတော့မှန်နေပြန်ပါတယ် ဘာလဲဆို ပညာရေးပါ ဆယ်တန်းပညာရေးကို ကိုးတန်းပညာရေးကမမှီသလို ကိုးတန်းပညာရေးကိုလည်းရှစ်တန်းပညာရေးကမမှီပါဘူး ဒါကြောင့်ပညာအရည်ချင်းနေရာမှာဆိုရင်ဆယ်တန်းအောင်တွေက တစ်ပန်းသာနေတတ်ပါတယ် ဒါကလဲဖြစ်သင့်တဲ့အမှန်တရားတခုပါဘဲ

နောက်ဆုံးတခုကတော့ဘာပညာအရည်ချင်းမှမရှိတဲ့ လက်လုပ်လက်စားသမားတွေပါ သူတို့မှာလဲအလုပ်တွေထပ်ကွဲပြန်ပါတယ် ဆေးသုတ်တဲ့သူ /ဈေးရောင်းတဲ့သူ/အမှိုက်ကောက်တဲ့သူ/မြောင်းဖော်တဲ့သူဆိုပြီးတော့ပေါ့ ဘယ်အလုပ်ကအနိမ့်ဆုံးလဲဆိုကျွန်မ မပြောတတ်ပါ တချိုကပြောတယ် ‌အိမ်သာမြောင်းဖော်တဲ့သူက အနိမ့်ဆုံးအညစ်ပတ်ဆုံးအလုပ်လုပ်တယ်တဲ့ တချို့ကြတော့လဲ အမှိုက်သိမ်းတဲ့သူတွေက စားပြီးသားအကြွင်းအကျန်တွေကိုသိမ်းရတာမို့လို့ သူတို့ကအနိမ့်ဆုံးအလုပ်ကိုလုပ်ရတဲ့သူလို့ဆိုကြတယ် ကျွန်မအမြင်မှာဘယ်သူကမှအနိမ့်ဆုံးအလုပ်ကိုလုပ်မနေပါဘူး သူတို့အလုပ်ဟာညစ်ပတ်နေမယ်ဆိုပစေ ဒါဟာအလုပ်ထဲကအလုပ်တခုပါဘဲ ဆိုက်ကားနင်းတဲ့သူမရှိရင် အသက်ကြီးကြီးလူကြီးတွေအဖို့တနေရာနဲ့တနေရာသွားဖို့အဆင်ပြေတော့မလား ဈေးရောင်းတဲ့သူမရှိရင် ချက်ပြုတ်စားသောက်ဖို့အဆင်ပြေကြတော့မလား အမှိုက်သိမ်းပေးတဲ့သူမရှိရင်ကျွန်မတို့နေနေတဲ့ပတ်ဝန်းကျင်ကြီးသန့်ရှင်းနေပါ့မလား အဲ့ဒီအိမ်သာမြောင်းဖော်ပေးတဲ့သူမရှိရင်ကျွန်မတို့အညစ်ကြေးတွေဘယ်နေရာမှာစွန့်ပစ်ကြမှာလဲ အလုပ်တွေအကုန်လုံးဟာဆက်စပ်နေပါတယ် ဘယ်အလုပ်ကမှမနိမ့်ကျပါဘူး အခုချိန်မှာကိုယ်ကဘယ်အလုပ်ကိုလုပ်လုပ် ကိုယ့်အလုပ်ကို တန်ဖိုးထားပါ ဂုဏ်ယူလိုက်ပါ လူတယောက်စီတိုင်းမှာတန်ဖိူးတွေရှိပါတယ် အတတ်ပညာတွေတတ်မြောက်ကြပါတယ် ကိုယ့်ကိုကိုယ်ဘယ်တော့မှနိမ့်ကျတယ်မတွေးလိုက်ပါနဲ့ အလုပ်ဟူသမျှဂုဏ်ရှိပါတယ်

လိုအပ်ချက်တွေကိုသည်းခံဖတ်ပေးကြတဲ့စာဖတ်သူများကိုကျေးဇူးအထူးတင်ရှိပါတယ် မိမိကိုယ်ကိုတန်ဖိုးထားတတ်ပြီး ကိုယ့်အလုပ်ကိုလည်းတန်ဖိုးထားတတ်ကြပါစေ
ချစ်သောreaders လေးတွေ ?

Keep Reading

အချိန်ဆွဲတာကိုကုစားမယ် ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစိတ်ဓာတ်ကျနေတဲ့အခါစိတ်ညစ်စရာကြားကဆေးတစ်ခွက်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်