Author's Profile Photo

Noon (နွန်း)

23/07/2024

Hope ဆိုတဲ့မျှော်လင့်ချက်လေး

4 mins read
General Knowledge
Hope ဆိုတဲ့မျှော်လင့်ချက်လေး's photo
လူတိုင်းမှာ ကိုယ်မျှော်လင့်ထားတတ်တဲ့
အခုတစ်ရာ‌လောက် ရှိဖူးမယ်ထင်တယ်။
အဲဒီအရာ‌တွေကို ဘယ်လိုမြင်ရလဲ
ဘယ်လိုယူရလဲဆိုတာ မတွေးမိတတ်ကြဘူး။

ကျွန်မကလည်း အဲဒီလူအမျိုးအစားထဲကအပါအဝင်တစ်ယောက်ပါပဲ။










Hope?







ကျွန်မတို့တွေ လူသားအားလုံး သတ္တဝါအားလုံးဟာမျှော်လင့်ချက်တွေရှိကြပါတယ်။

ဒါပေမယ့် မေးကြည့်ချင်ပါတယ် ကျွန်မတို့ မျှော်လင့်ချက်ဆိုတဲ့ အဓိပ္ပာယ်ကို တကယ်ကော နားလည်ကြရဲ့လား။ နားလည်လို့ မျှော်လင့်ချက်ထားတာလား ဆိုတော့လည်းမဟုတ်ပါဘူး။
နားမလည်ဘဲ မျှော်လင့်ချက်ထားနေကြတာပါ ။
သတ္တဝါအားလုံးပါပဲ

Hope အဓိပ္ပာယ်
-မျှော်လင့်ချက်ဆိုတာ အမှောင်ထုကို ထိန်ထိန်လင်းစေမယ့် အလင်းရောင်ပါ

-မျှော်လင့်ချက်က ပူပြင်းတဲ့နွေရာသီမှာ လေပြည်အေးလေးပါ

-ခက်ခဲကြမ်းတမ်းလာတဲ့အခါ အပြုသဘောဆောင်ကြဉ်း‌‌ပေးတာက မျှော်လင့်ချက်ပါ

-တခြားသူတွေ သင့်မှာ လုံလောက်ရှိတယ်လို့ ထင်တဲ့အခါမျိုးက မျှော်လင့်ချက်ကပဲပိုရှာပေးထားတာပါ

-မျှော်လင့်ချက်သည် မနက်ဖြန်ကို အိပ်မက်မက် သည် 

-မျှော်လင့်ချက်သည် ဝမ်းနည်းမှုအောက်တွင်
 တဖွဲဖွဲကျနေသည်

 VINEET BANSALကရေးသားဖော်ပြခဲ့တယ်









"မျှော်လင့်ချက်" ကို လိုက်ရှာဖူးလား မေးရင်
ကျွန်မကတော့ ရှာဖူးတယ် ပြောရမယ်။
ဒါပေမယ့် မတွေ့ဖူးပါဘူး ။
တကယ်တော့ မျှော်လင့်ချက် ရှာစရာမလိုတဲ့အရာတစ်ခုပါ ။ ကမ္ဘာပေါ်ကနေ ပျောက်ကွယ်သွားသည်အထိ ကျွန်မတို့နားမှာ ထာဝရရှိနေတာပါ







ဒါပေမယ့်လေ သတိထားမိကြသလား။
အဲဒီအရာသေးသေးလေးတွေက‌တောင် ကျွန်မတို့အတွက် အသက်ရှင်ရမယ်ဆိုတဲ့မျှော်လင့်ချက်အဖြစ် ရှာစရာမလိုဘဲစိတ်ထဲက‌အလိုလို ဖြစ်ပေါ်လာ‌စေတယ် ဆိုတာကိုလေ အဓိကကတော့ မျှော်လင့်ချက်က

ကျွန်မတို့စိတ်ထဲမှာတည်ရှိနေတာပါ











ဒီမှာ ကျွန်မပြောပြချင်တဲ့ လူကတော့ မိဘ တွေပါ
မိဘတွေတိုင်းဟာ သား၊သမီး‌တွေအပေါ် မျှော်လင့်ချက်ကြီးတယ်

သား၊သမီးတိုင်းက မျှော်လင့်ချက်ကို
အသေးလေးက‌နေစပြီး ကြိုးစားဖို့ စဉ်းစားထားတာပါ

ဉပမာ- Archiတစ်‌ယောက်ဖြစ်ချင်တယ်ဆိုပါစို့
ကလေးက ပုံဆွဲသင်ဖို့ ခွင့်တောင်းမယ် မိဘကတော့ မစဉ်းစားပဲ ငြင်းမိရင် ငြင်းမိသွားနိုင်ပါတယ် ဒါပေမယ့် ကလေးက မျှော်လင့်ချက် အသေးလေး‌ပျောက်သွားပြီး သူ့စိတ်မှာ ငါလုပ်ချင်တာလုပ်လို့မရမဲ့ အတူတူ ဘာမှ မလုပ်တော့ဘူး မကြိုးစားတော့ဘူး လို့တွေးသွားမိပါတယ်

ကလေးကြီးလာတဲ့အခါမှ သား ဘာအလုပ်လုပ်မယ်မှန်းထားလဲ ဘာလုပ်ကြည့်ချင်လဲ မေးရင် အဲဒီကလေးအဖြေက ' ဖေဖေ မေမေ တို့ကော ဘာလုပ်စေချင်လဲ ' လို့ ပြန်မေးပါလိမ့်မယ်

သား၊သမီး‌တွေကို ဆရာဝန်ဖြစ်စေချင်တယ်။




































ကျွန်မတို့တွေ အရာကြီးကြီးတွေ မျှော်လင့်ပြီး တစ်ပါးသူရဲ့ မျှော်လင့်ချက်ကို မဖျက်ဆီးမိဖို့ သတိထားရမယ်။








" ထီမထိုးဘဲနဲ့တော့ ထီမပေါက်ပါချင်နဲ့"
ဒီလိုမျိုးထီမထိုးဘဲ ထီပေါက်ချင်တဲ့
လူတွေအများကြီးရှိပါတယ်

ကျောင်းသားတွေအနေနဲ့ဆိုရင်တော့ ပညာသင်ဆု
ရချင်တာကိုပြောရပါလိမ့်မယ် မြန်မာနိုင်ငံမှာ ပညာသင်ဆုရဖို့ဆိုတာ ၂၀၀၀ ခုနှစ်ဝန်းကျင်ကလောက် မခက်ခဲတော့ပါဘူး
မခက်ခဲတော့ဘူးဆိုပြီးလည်း ပညာသင်ဆုရဖို့လွယ်တယ်လို့‌ထင်နေကြပါလိမ့်မယ် ပညာသင်ဆုဆိုတာ ပညာတတ်ဆိုပြီး နာမည်တတ်နိုင်တိုင်း မရပါဘူး

ပညာသင်ဆုကိုတကယ်လိုချင်တဲ့ကျောင်းသား‌အနေဖြင့်

ပညာသင်ဆုတစ်ခုရဖို့ 3နှစ်လောက်
လေ့လာရတယ်။
နိုင်ငံခြားပညာသင်ဆုရဖို့ဆို ပိုခက်ခဲ၊ပိုနက်နဲတယ်။IELTS ,GED ,OSSD ၊သင်တန်းလက်မှတ်တွေ ပြည်ပနိုင်ငံကဉပဒေတွေ၊ ငွေကြေးကုန်ကျစရိတ်တွေ၊ နိုင်ငံကူးလက်မှတ်တွေ အမျိုးမျိုးအဖုံဖုံအတွက် ခက်ခက်ခဲခဲ လေ့လာရတယ်။

ဥပမာ-သင်တန်းတွေအတွက် ငွေရင်းနှီးနိုင်မှ လေ့လာတာလွယ်ကူတယ်။ကိုယ့်အချိန်ကိုတကယ်အသုံးချတတ် ရင်းနှီးတတ်မှ အဆင်ပြေတယ်။နောက်တစ်ခုကကိုယ်သိတဲ့ အကြောင်းအရာက စုံပြီလား ။လိုအပ်သေးလား။ လိုအပ်ရင် ထပ်ပြီး စုံစမ်းရတယ် ။ ပညာသင်ဆုအတွက် လေ့လာရတာ
ခက်ခဲသူ‌တွေအဖို့ဆို ကြာချိန်က အနည်းဆုံး 2နှစ်ပါပဲ

ဒါကြောင့် မျှော်လင့်ချက်အကြီးကြီးရယူဖို့ ခရီးမစတင်ခင် ခရီးလမ်းသွားဖို့ မျှော်လင့်ချက်အသေးကို အရင်ထားပါ

ကိုယ်တိုင်အတွက်လည်း ကိုယ်ရဲ့ရည်မှန်းချက်
ဖြစ်အောင်ကြိုးစားမယ်ဆိုရင်‌တော့



မျှော်လင့်ချက်အသေးကနေစထားပေးဖို့ အကြံပေးချင်ပါတယ်။ အဲဒီ‌ မျှော်လင့်ချက်အသေးလေးကိုပဲ
Planဆွဲပြီး သုံးလလောက် ကြိုးစားကြည့်လိုက်ပါ 





5. မျှော်လင့်ချက်တွေ ပျောက်ဆုံးသွားရင်
ဘာလုပ်ရမလဲ

တစ်ခါတစ်ရံ မျှော်လင့်ချက်တွေ ပျောက်ဆုံးသွားတတ်ကြတယ်။ " လောကကြီးကို အရှုံးပေးပြီး ကျောခိုင်း‌လိုက်ချင်တယ်။ ဒီကမ္ဘာမှာ ကိုယ်တစ်ယောက်တည်းပဲ ရှိရင်ကောင်းမယ် " ဆိုတဲ့အတွေးတွေဝင်လာတယ်။ "ကိုယ်လုပ်တဲ့ အရာ ဘာတစ်ခုမှ အဆင်မပြေဘူး။ ဆက်ဆံရေးတွေလည်း ပြတ်တောက်သွားတယ်။ အားပေးစကား‌တွေလည်း ကြားရတာ အားမရှိသလို ဖြစ်လာတယ်။ " ဒီလိုအရာတွေက အသက်အရွယ်မ‌ရွေး ဖြစ်တတ်ပါတယ်။

ဉပမာ- တက္ကသိုလ်ဝင်တန်းစာမေးပွဲ၊အင်တာဗျူးဝင်ခွင့် ကျရှုံးတဲ့အခါ၊ အလုပ်ထွက်ရတဲ့အခါ အများဆုံးဖြစ်တတ်ကြပါတယ်

အဲဒီလို အချိန်ရောက်တဲ့အခါ




  1. ခေါင်းထဲမှာ အတက်နိုင်ဆုံး ဘယ်အ‌‌ရာမှ မတွေးပါနဲ့။ ( မိသားစုကိစ္စ၊ငွေရေးကြေးရေးကိစ္စ၊
  2. Relationship အစရှိသဖြင့်.....)
  3. သီချင်းနားထောင်ပါ (သို့) အနုပညာ၊ပန်းချီ စတာတွေလုပ်ပါ။ စစချင်းဆိုရင်တော့ အတွေးတွေက ဝင်လာဦးမှာပါ။ ကြာလာရင် ဈာန်ဝင်ပြီး ပျောက်သွားပါလိမ့်မယ်။
  4. အိပ်နေပါ ။ အဲဒီလိုပြောရင် အိပ်မ‌ပျော်ဘူးလို့ပြန်ဖြေပါလိမ့်မယ်။ ဟုတ်ပါတယ်။ စိတ်မတည်ငြိမ်တဲ့အတွက်အိပ်မပျော်ဖြစ်တာပါ။ စစချင်းဖြစ်တတ်ပါတယ်။ ကိုယ်ကသာ အရင်ဆုံးစိတ်ကိုတည်ငြိမ်အောင်လုပ်ပြီး စိတ်အေးအေးနဲ့ နေပါ။ နောက်ပိုင်းကြာရင်အိပ်ပျော်မှာပါ။
  5. အဆက်အသွယ်ကို ခဏဖြတ်တောက်လိုက်ပါ။ မိသားစု ၊ သူငယ်ချင်းတွေနဲ့ အဆက်အသွယ်လုပ်ရတာ အဆင်ပြေချင်မှပြေပါလိမ့်မယ်။ ဒီလိုအချိန်မျိုးမှာ စကားကြောင့် နားလည်မှုလွဲမှားပြီ ဆက်ဆံရေး ပျက်သွားတတ်ပါတယ်။
  6. စိတ်ထွက်ပေါက်ရှာပါ။စိတ် ထွက်ပေါက်ဆိုတာက ကိုယ်ရဲ့ မျှော်လင့်ချက်အသစ်၊ ရည်မှန်းချက်အသစ်ကို‌ ပြောတာပါ။ သေကြောင်းကြံခြင်းဟာ ထွက်ပေါက်မဟုတ်ပါဘူး။ ငရဲတစ်ခုပါ။
ပြောရမယ်ဆိုရင် Albert Einstein(တီထွင်တာတွေကို မဖြစ်နိုင်ပါဘူးဆိုပြီးဝေဖန်ခံခဲ့ရသူ),

Marie Curie(ဘယ်တက္ကသိုလ်မှမခေါ်တဲ့အတွက် အိမ်စုတ်လေးမှာ အနုမြူတီထွင်သူ၊ လူတစ်ကာက အိမ်အထိ နှိက်ဆက်တာခံရသူ) 

သူတို့ဟာ သူတို့တီထွင်နေတဲ့ အရာသည်သာ သူတို့ရဲ့ စိတ်ထွက်ပေါက်ဖြစ်လာခဲ့တာပါ



6. တစ်ပါးသူကို အားပေးပါ

တစ်ချို့သူတွေကို အားပေးဖို့လိုပါတယ်။ ဒါပေမယ့် စကားမလွန်မိပါစေနဲ့။ ကိုယ့်ရဲ့ အားပေးမှုဟာ သူ့အတွက် ခွန်အားဖြစ်စေသလား။ တွန်းချစေမိနေသလား။ အရင်စဉ်းစားပါ။ စဉ်းစားပြီးရင်
တစ်ဖက်သူရဲ့ အ‌ခြေအနေ မျက်နှာထားတွေကို ကြည့်ပါ။ တစ်ဖက်သူဟာ ကိုယ်ခွန်အားပေးလို့
ရနိုင်တဲ့ စိတ်အနေအထား ဆိုရင်တော့ အားပေးပါ။
မဖြစ်သာရင်တော့ ခဏတာရှောင်နေတာ အကောင်းဆုံးပါ။ 'တစ်ဖက်သူ စိတ်အခြေအနေပြန်ကောင်းလား'ကြည့်ပြီးမှ စိတ်ခွန်အားဖြည့်ပေးပါ။

ဉပမာ -ငို‌နေတဲ့အခါ ပခုံးလေး ပုတ်ပေးတာ၊ ခေါင်းလေးပုတ်ပေးတာလေး လုပ်‌ပေးပါ။ စကားကို ချက်ချင်းပြောတာထပ် သူပြောသမျှစကားကိုနားထောင်ပြီးမှ ပြောပေးပါ။


အနှစ်ချုပ်
√√√√√√√


ဒီစာလေးဟာ ပထမဆုံးရေးထားတာလေးဖြစ်ပြီး ဝတ္ထုမဟုတ်ဘဲ ခံစားချက်ကိုနားလည်စေချင်တာမျိုး၊ခွန်အားပေးချင်တာမျိုးကြောင့်
ရေးသားရတာပါ

" Hope ဆိုတဲ့မျှော်လင့်ချက်လေး " က စာဖတ်သူတို့အတွက် အကူအညီဖြစ်မယ်လို့မျှော်လင့်ပါတယ်



Author -Noon

23.7.2024

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးဒေါင်လိုက်ဒရာမာ (Vertical Drama)ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်အချိန်ဆွဲတဲ့အကျင့်ဆိုးစိတ်ဓာတ်ကျနေတဲ့အခါ"စကားချိုသာလျှင် လိုရာကိုရသည်"အင်တာနက်နဲ့ လူနေမှုဘဝ "တော်တဲ့သူတွေက ဆင်ခြေမပေးဘူး...  ဖြေရှင်းနည်းကိုပဲ ရှာကြတယ်"လိုမှသုံးပါရှောင်တာက ကြောက်ခြင်းမဟုတ်