Author's Profile Photo

SarPhat Author

17/11/2023

ငယ်ဘဝပွဲစျေးတန်းလေးတွေဆီသို့ အလည်တခေါက်…...

1 min read
Business
General Knowledge
Entrepreneurship
ငယ်ဘဝပွဲစျေးတန်းလေးတွေဆီသို့ အလည်တခေါက်…...'s photo

ကျွန်တော်တို့ ငယ်ငယ်တုန်းက ဖေဖေ၊ မေမေ လက်ကို
ဆွဲပြီး ပွဲစျေးတန်းလေးတွေကို လျှောက်လည်ကြတာ
မှတ်မိလား။

လွန်ခဲ့ရက်ကဆိုရှယ်မီဒီယာမှာ သီတင်းကျွတ် ငယ်ငယ်က ပုံလေးတက်လာတော့ တွေးမိရင်း သတိထားမိစရာ စီးပွါးရေးအမြင်လေးတွေကို လူငယ်တွေနဲ့အတူ မျှဝေရင်း စကားလက်ဆုံကျချင်ပါတယ်။

ကျွန်တော်တော့ တွေးကြည့်ရင် ခုထိမနေ့တုန်းကလိုပဲ
ဗျာ။ ရဟတ်တွေစီးကြမယ်။ ဘူးသီးကြော်၊ ရေမုန့်တွေ
ဆိုတာ လက်ထဲက မချဘူး။ ရိုးရာကစားနည်းတွေပဲ ဝင်ကစားမလား။

မြွေကြီးတွေနဲ့ အလှပြတဲ့သူတွေ၊ ဆပ်ကပ်တွေ ကစားနည်းတွေမှ စုံလို့ ဖေဖေရဲ့ လက်ကို ဆွဲပြီး ဒါက ဘာကြီးလဲ ဆိုတဲ့ မေးခွန်းတွေနဲ့ ငယ်ဘဝက
ဘုရားပွဲအခိုက်အတန့်လေးတွေက တကယ်ကို
ပျော်ဖို့ကောင်းခဲ့ပါတယ်။

သို့သော် အခုနောက်ပိုင်း ၂၁ ရာစုရောက်တဲ့ခါ အချို့ဒေသလေးမှာရှိတဲ့ ဘုရား ပွဲစျေးတွေက ငယ်ငယ်ကလောက် ပြည့်ပြည့်ဝဝမစည်ကားတော့တာကို ကြုံဖူးကြမယ်ထင်ပါတယ်။

အစားအသောက် ရောင်းတဲ့သူတွေအနေနဲ့လဲ အရင်ကလောက် မများတော့ဘူးဆိုတာသတိထား
မှာပါ။ ဒါက ပြောင်းလဲမှုရဲ့အစပဲ။

ဝယ်ယူသူ Customer တွေက ပိုပြီး အသိပညာမြင့် လာလေလေ၊ ရောင်းချသူတွေက သူတို့ထက်
မနည်းတဲ့ အသိပညာမျိူး ပိုင်ဆိုင်ဖို့အရေးကြီး
လာတယ်။

မဟုတ်ရင် ကိုယ်ပစ္စည်းက ဘယ်လိုမှ ရောင်းထွက်မှာ မဟုတ်ဘူး။ ရောင်းထွက်ရင်လဲ စျေးနိမ်ခံရတာပေါ့။ ဒါက အခုလက်ရှိ SMEs တွေရဲ့
အဓိက ပြဿနာတစ်ခုလို့ပြောလို့ရတယ်။

မြင်သာအောင် ကြည့်ရအောင်ဗျာ။

ပွဲစျေးတွေမှာ စားသောက်ကုန်ရောင်းချတဲ့ထဲမှာ မနေ့က အစားအစာကို ဒီနေ့ပြန်ကြော်ရောင်းတဲ့ နည်းလမ်း နဲ့ စိမ်းမယ်မထင်ဘူး။ အရင်က လူတွေကမသိဘူး။ သိလဲ ကျန်းမားရေးနဲ့ ပတ်သတ်တဲ့အမြင်တွေလက်လှမ်းမိဖို့ မလွယ်ကူလှပါဘူး။

ခု 21 ရာစုမှာ ဒါမျိူးမရတော့ဘူးဗျ။ Consumer တွေက
အသိပညာမြင့်လာပြီ။ ဆိုးကျိုးတွေ၊ ကောင်းကျိုး
တွေကို အလွယ်တကူ ရှာဖတ်၊ ခွဲခြားတတ်လာပြီ။
အဲ့မှာ ပြတ်ကျန်ခဲ့တာ ရောင်းချသူတွေပဲ။

ကိုယ်ဆိုင်ရဲ့အပြင်အဆင်၊ သန့်ရှင်းသပ်ရပ်ရမယ့်အစား မရောင်းရရင် ပြန်ကြော်ရောင်းရမယ့် နည်းလမ်းကို ဦးတည်သွားတယ်။ (ဒါလဲ စျေး သက်သာတဲ့ နည်းလမ်းတစ်ခုပဲ)

အဲ့နည်းလမ်းကပဲ သူတို့ရဲ့ အရောင်း ကို ကျဆင်းသွားတဲ့
အဓိက အကြောင်းတစ်ခုဆိုတာ မသိမြင်မိတော့ဘူး။ ဒီဒဏ်ကို ကြာကြာမခံနိုင် တော့တဲ့ SMEs တွေက တစ်ချို့ပွဲစျေး၊ ဘုရားပွဲတွေမှာတစ်ရိပ်ရိပ်နဲ့ ပျောက်ကွယ်သွားတယ်။

လွန်ခဲ့တဲ့ ၁၀ နှစ်က ဘုရားပွဲစျေးနဲ့ ဒီနှစ်တွေ တဖြည်းဖြည်းသိသိသာသာကွာခြားလာတယ်။


ဒါက Globalization ကို လိုက်မမှီတဲ့အခါ SMEs တွေ
တွက်ကြုံတွေ့ရမယ့် အဓိက Gap ကွာဟချက်တစ်ခုပဲ။
ဒါကြောင့် လူငယ်၊ လူကြီးဖြစ်ဖြစ် စီးပွါးရေးတစ်ခုစ
တော့မယ်ဆိုရင် လက်ရှိစျေးကွက်ကို နားလည်ဖို့လိုတယ်။

ကိုယ်ထုတ်ကုန်ကို အသုံးပြုနေတဲ့
ဖောက်သည်တွေက ဘာတွေပြောင်းလဲသွားပြီလဲ။ ဘာတွေလိုအပ်နေလဲ။ သူတို့ရဲ့ လိုအပ်ချက်တွေကို ဘယ်လိုဖြည့်ဆည်းနိုင်မလဲ။ ဒါကို အချိန်နဲ့အမျှ စဉ်းစား
နေဖို့ လိုတယ်။

မဟုတ်ရင်ကျ ကျွန်တော်တို့လို SMEs လုပ်ငန်းတွေ ရှင်သန်ဖို့ခက်တယ်ဗျ။

ဒါကြောင့် ကိုယ်ကလုပ်ငန်းစတော့မယ်ဆို ဖောက်သည်တွေကိုလေ့လာပါ။ နောက်နေ့မှာ နောက်ထပ်ဆောင်းပါးလေးနဲ့ပြန်လာခဲ့ပါ့မယ်ခင်ဗျာ။ အားလုံးပဲအဆင်ပြေကြပါစေ။

Keep Reading

လူလတ်တန်းစားထောင်ချောက်ဘဝမှာ ချမ်းသာကြွယ်ဝမယ့်အခွင့်အလမ်းကို ပိတ်ဆို့နေတဲ့Limitation တွေ အကြောင်း အောင်မြင်ဖို့ အဓိက ဘာလိုသလဲ ငွေရှာဖွေနည်း၏ ကောင်းကျိုးဆိုးကျိုးချမ်းသာဖို့အတွက် ဘာလိုသလဲ"ပန်နိုရာ" တိုက်မှ ပထမဆုံးရိုက်နှိပ်ထုတ်ဝေလိုက်သည့် "မိနစ်ပိုင်းစာ စီးပွားပညာ" အပိုင်း(၁) စာအုပ်ကို 𝗣𝗿𝗲-𝗼𝗿𝗱𝗲𝗿 မှာယူနိုင်ပါပြီ။ချွေတာမလား၊ ပိုရှာမလား3L for Successမြန်မာပြည်က လူငယ်အများစုရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ပိတ်ဆို့စေတဲ့အရာနှစ်ခုလုံခြုံစိတ်ချရမှုကိုရွေးမလား၊ စွန့်စားမလား