Author's Profile Photo

WANA THU

23/07/2024

Embracing Defeat

1 min read
Book Review
General Knowledge
History
Embracing Defeat's photo

Book Name - Embracing Defeat ( Japan in the Wake of World War II )

Author - by John W. Dower

Pdf - https://t.me/black_white_Library/17015/17329 ( ဘာသာပြန်အနှစ်ချုပ် )

ဒုတိယကမ္ဘာစစ်ပြီးခေတ် ဂျပန်နိုင်ငံအကြောင်း စဉ်းစားလိုက်တာနဲ့ စိတ်ထဲမှာ ပထမဆုံးပေါ်လာမှာက ဂျပန်ရဲ့လျင်မြန်လှတဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဖြစ်ပါလိမ့်မယ်။

ဒါပေမဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဟာ စစ်ပြီးကာလဂျပန်နိုင်ငံရဲ့ သေးငယ်တဲ့ အစိတ်အပိုင်းတစ်ခုသာဖြစ်ပြီး လူတွေသတိမပြု မိတဲ့ တခြားတခြား သမိုင်းဝင်အချက်အလက်တွေ အများ ကြီးကျန်နေပါသေးတယ်။

ဥပမာအားဖြင့် အမေရိကန်ရဲ့ လေကြောင်းတိုက်ခိုက်မှုကိုခံရအပြီးမှာ သာမန်ဂျပန်ပြည်သူတွေရဲ့ဘဝ ဘယ်လိုထိခိုက်ခဲ့သလဲ? စစ်ရှုံးပြီးနောက်ပိုင်း ဂျပန်လူ့အဖွဲ့အစည်းရဲ့ စိတ်ဓာတ် က ဘယ်လိုလဲ?

စစ်ပွဲအတွက် အဓိကတာဝန်ရှိသူဖြစ်တဲ့ ဂျပန် ဧကရာဇ်က ဘာကြောင့် အပြစ်ပေးမခံရတာလဲ? စစ် ရာဇဝတ်မှုကျူးလွန်သူတွေကရော တကယ်အပြစ်ပေးခံရရဲ့လား? ဂျပန်တွေဟာ စစ်ပွဲနဲ့ပတ်သက်ပြီး တကယ်ရော နောင်တရခဲ့ကြရဲ့လား? စတဲ့အချက်တွေဖြစ်ပါတယ်။

ဒီနေ့လေ့လာရမဲ့ Embracing Defeat စာအုပ်မှာတော့ ဒုတိယကမ္ဘာစစ်ပြီးခေတ်နဲ့ အမေရိကန်တွေသိမ်းပိုက်ထားတဲ့ ဂျပန်နိုင်ငံအကြောင်း အဓိကရေးသားဖော်ပြထားတာကို တွေ့ ရပါတယ်။ ဂျပန်ဟာ 1945 ကနေ 1952 အထိ အမေရိကန် ဦးဆောင်တဲ့ မဟာမိတ်တပ်တွေရဲ့ ထိန်းချုပ်ခြင်းကို ခံခဲ့ရပေ မဲ့ မဟာမိတ်တပ်တွေထဲမှာ အင်အားအကြီးမားဆုံးဖြစ်တဲ့ အမေရိကန်ကသာ သိမ်းပိုက်အုပ်ချုပ်ရေးနဲ့ ပတ်သက်ပြီး အဓိကဆုံးဖြတ်ချက်ချခဲ့တာပါ။

မဟာမိတ်တပ်တွေရဲ့ ဗိုလ်ချုပ်မှူးကြီး Douglas MacArthur ဟာ အမေရိကန် တပ်သားအများစုပါဝင်ပြီး ဗြိတိန်နဲ့ ဩစတြေးလျ တပ်သားအနည်းငယ်သာပါဝင်တဲ့ မဟာမိတ်တပ်ဖွဲ့ကို ဦးဆောင်ခဲ့သူ ဖြစ်ပြီး အကြီးဆုံးအာဏာကို လက်ဝယ်ရရှိထားတဲ့ လူတစ် ယောက်ပါ။

ဒီစာအုပ်မှာ အဲဒီအမေရိကန်စစ်သားတွေရဲ့ ဂျပန် နိုင်ငံကို အုပ်ချုပ်စိုးမိုးချိန်တုန်းက သမိုင်းကြောင်းတွေကို လည်း လေ့လာရမှာဖြစ်ပါတယ်။

သမိုင်းကို အနိုင်ရသူတွေကသာရေးတယ်လို့ ပြောလေ့ရှိကြ ပေမဲ့ ဒီစာအုပ်မှာတော့ ရှုံးနိမ့်သူတွေရဲ့ ရှုထောင့်ကနေ သမိုင်းကြောင်းကိုရှုမြင်ရေးသားထားပါတယ်။

စာရေးသူဟာ သမိုင်းအချက်အလက်ရင်းမြစ် အများအပြားကို အသေးစိတ်ကောက်ယူစုဆောင်းခဲ့ပြီး ဂျပန်လူ့အဖွဲ့အစည်းအလွှာ အသီးသီးက ပြည်သူတွေရဲ့အသံနဲ့ ရှုပ်ထွေးတဲ့လူမှုနိုင်ငံရေး တွေအကြောင်း ရှင်းလင်းဖော်ပြထားတာကို တွေ့ရပါတယ်။

ဒီစာအုပ်ရဲ့ စာရေးသူ John W. Dower ဟာ MIT တက္ကသိုလ် ရဲ့ သမိုင်းပါမောက္ခဖြစ်ပြီး အမေရိကန် သိပ္ပံဝိဇ္ဇာအကယ်ဒမီနဲ့ အမေရိကန်သမိုင်းအဖွဲ့အစည်းတို့ရဲ့ အဖွဲ့ဝင်တစ်ဦးလည်းဖြစ်ပါတယ်။

သူဟာ ဂျပန်နိုင်ငံသမိုင်းကြောင်းနဲ့ အမေရိကန်- ဂျပန်ဆက်ဆံရေးတို့ကို အထူးပြုလေ့လာနေတဲ့ ပညာရှင်တစ်ဦးဖြစ်ပြီး"Embracing Defeat", "Empire and Aftermath", "Japan in War and Peace" အစရှိတဲ့ စာအုပ်တွေကို ရေးသားပြုစုခဲ့သူဖြစ်ပါတယ်။

သူ့ရဲ့စာအုပ်တွေဟာ အမေရိကန် စာနယ်ဇင်းလောကရဲ့ အမြင့်ဆုံးဆုတွေ ဖြစ်တဲ့ အမျိုးသားစာပေဆုနဲ့ ပူလစ်ဇာဆုတွေအပါအဝင် ဆု တံဆိပ်ပေါင်းများစွာ ရရှိခဲ့တာကိုလည်း တွေ့ရပါတယ်။

Embracing Defeat စာအုပ်ရဲ့ အနှစ်ချုပ်မှတ်စုကို အခန်း (၃) ခန်းနဲ့ ရေးသားထားပါတယ်။

ပထမခန်း : စစ်ပြီးခေတ်ဂျပန်၏ လူမှုစီးပွားနှင့် ယဉ်ကျေးမှု အခြေအနေများ

ဒုတိယခန်း : အမေရိကန်တို့ မိတ်ဆက်ပေးခဲ့သော ဒီမိုကရေစီ

တတိယခန်း : ဂျပန်စစ်ရာဇဝတ်သားများနှင့် ငိုကြွေးသံများ

သွားရောက်ဖတ်ကြည့်ဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

ရောင်နီ ( Book Review Sharing )

Keep Reading

တန်ဆေးလွန်ဘေးသည်းခြေကြိုက် စာအုပ် ၆ အုပ်ချန်လှပ်ခဲ့သော ဇွန်လနည်းပညာခေတ်နဲ့ လုပ်ရည်ကိုင်ရည်အချိန်ဆွဲတဲ့အကျင့်ဆိုးအာရုံစူးစိုက်မှုစိတ်ညစ်စရာကြားကဆေးတစ်ခွက်ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စိတ်ဓာတ်ကျနေတဲ့အခါအင်တာနက်နဲ့ လူနေမှုဘဝ