Author's Profile Photo

မြသွန်း(တောင်ဒဂုံ)

22/07/2024

ဒီကောင်လေးကြောင့်သာမဟုတ်ရင် ဘောလုံးသမား Ronaldo ဆိုတာ ရှိလာမှာမဟုတ်ဘူး

1 min read
General Knowledge
ဒီကောင်လေးကြောင့်သာမဟုတ်ရင် ဘောလုံးသမား Ronaldo ဆိုတာ ရှိလာမှာမဟုတ်ဘူး's photo

?ဒီကောင်လေးဟာ တစ်ချိန်တုန်းက သူ့ဘဝကြီးတစ်ခုလုံးကိုရင်းပြီး အခွင့်ရေးတွေအားလုံးကို Ronaldo ဆီပေးခဲ့တာကြောင့် အခုချိန်မှာကျွန်မတို့အားလုံးက Ronaldoဆိုတဲ့ ကမ္ဘာကျော်ဘောလုံးကစားသမားကြီးကို သိမြင်နေကြတာပါ။

? အခုလိုမျိုးသူ့ရဲ့ပေးဆပ်မှုကြောင့် Ronaldo ဟာ နာမည်ကြီးအားကစားသမားဖြစ်လာခဲ့ပေမယ့် ဒီကောင်လေးကရော ဘယ်လိုဖြစ်သွားခဲ့သလဲ? ဒါနဲ့ပတ်သတ်ပြီး စိတ်ဝင်စားစရာအကြောင်းရာလေးကို ပြောပြပေးသွားမှာမို့လို့ ဗီဒီယိုလေးကို အဆုံးထိလိုက်ပါကြည့်ရှုပေးကြပါဦးနော်..

?ဘောလုံးပွဲတွေကို စိတ်မဝင်စားကြတဲ့သူတွေတောင် Ronaldoလို့ပြောလိုက်တာနဲ့ပေါ်တူဂီဘောလုံးသမားမှန်း တန်းသိကြမှာပါ။ အဲ့ဒီလောက်ထိကိုနာမည်ကျော်ကြားပြီးအောင်မြင်နေတဲ့ ဘောလုံးသမား Ronaldo ရဲ့နောက်ကွယ်မှာ ပံ့ပိုးထောက်ပံ့ပေးခဲ့သူတွေအများကြီးရှိပါတယ်။

?အဲ့ဒီထဲမှာမှ Elbert လို့ခေါ်တဲ့ ဒီကောင်လေးရဲ့ပေးဆပ်မှုကတော့ ဘာနဲ့မှနှိုင်းယှဉ်လို့ကိုမရပါဘူး။ Elbertနဲ့ Ronaldo တို့က အချစ်ဆုံးသူငယ်ချင်းတွေပါ။ ငယ်ငယ်ကတည်းက ဘောလုံးအတူကစားခဲ့ကြသလို ညစာကိုတောင် အတူစားခဲ့ကြပါတယ်။

?တစ်ရက်ကျတော့ နာမည်ကြီးအသင်းတစ်သင်းက Ronaldo တို့အသင်းဆီကိုရောက်လာပြီး "မင်းတို့ထဲက ဂိုးအများဆုံးသွင်းနိုင်တဲ့သူကို လက်တွဲခေါ်သွားပေးမယ်"ဆိုပြီး ပြောလာပါတယ်။

?အဲ့ဒီမှာ ဇာတ်လမ်းစတာပါပဲ... သူတို့ကစားကြတဲ့အချိန်မှာ ပထမဦးဆုံးဂိုးကို Ronaldo က အရင်ဆုံးသွင်းလိုက်ပါတယ်။ ဒုတိယဂိုးကိုတော့ Elbert ကသွင်းလိုက်ပြီး ပွဲကလည်း တဖြည်းဖြည်းစိတ်လှုတ်ရှားဖို့ကောင်းလာခဲ့ပါတယ်။

?နောက်ဆုံးဂိုးကိုတော့ Elbert ကသွင်းဖို့လုပ်နေတဲ့အချိန်မှာ သူကရုတ်တရက်ရပ်လိုက်ပြီး ဂိုးသွင်းနိုင်ရဲ့သားရဲ့ ဘောလုံးကို Ronaldo ဆီကမ်းပေးလိုက်ပါတယ်။

?အဲ့တာနဲ့ Ronaldo လည်းဂိုးသွင်းလိုက်နိုင်တာကြောင့် အသင်းကြီးက သူ့ကို ဂိုးအများဆုံးသွင်းနိုင်သူဖြစ်တယ်ဆိုပြီး ရွေးချယ်လိုက်ပါတယ်။

?ပွဲပြီးတာနဲ့ချက်ချင်းပဲ Ronaldo နဲ့တစ်ခြားကစားဖော်တွေက Elbert ဆီကိုသွားပြီး "မင်း ဂိုးသွင်းချင်ရင် အသာလေးသွင်းလိုက်လို့ရရဲ့သားနဲ့ ဘာလို့ ဘောလုံးကို သူ့ဆီပေးလိုက်တာလဲ" လို့မေးခဲ့ကြပါတယ်။

?Elbert ပြန်ဖြေလိုက်တာကတော့ "Ronaldo က ငါ့ထက်ပိုတော်တယ်၊ ပိုကြိုးစားတယ်၊ ရည်မှန်းချက်ကြီးတယ်၊ ဒါကြောင့် သူတစ်နေ့ သေချာပေါက်အောင်မြင်လာလိမ့်မယ်"ဆိုပြီး ပြောခဲ့ပါတယ်။

?ဒါ‌ကြောင့် သူက နှစ်ခါတောင်မစဉ်းစားဘဲ သူ့ရဲ့အခွင့်ရေးတွေအားလုံးကို Ronaldo ဆီပေးခဲ့တာပဲဖြစ်ပါတယ်။ သူပြောတဲ့အတိုင်းပါပဲ... အခုဆိုရင် Ronaldo ရဲ့ချမ်းသာအောင်မြင်ချက်ကြီးကတော့ သူပိုင်တဲ့ကားတွေကများလွန်းလို့ ဘယ်နှစ်စီးရှိမှန်းတောင် သူကိုယ်တိုင် မသိတဲ့အထိပါပဲ။

?တစ်ချိန်တည်းမှာပဲ သူ့ကိုဒီလိုဖြစ်အောင် ကူညီပေးခဲ့ဖူးတဲ့ Elbert ကတော့ စားဝတ်နေရေးအတွက် ရုန်းကန်နေခဲ့ရတာကြောင့် ဝါသနာကိုစွန့်ခဲ့ရပါတယ်။ ဒါကို သူ့သူငယ်ချင်း Ronaldoသိလိုက်ရတဲ့အချိန်မှာ အရမ်းကိုစိတ်မကောင်းဖြစ်သွားခဲ့ပါတယ်။

?ဒါ့အပြင် Ronaldoက ကျေးဇူးအလွန်သိတတ်သူတစ်ဦးဖြစ်တာကြောင့် Elbert ကို ကူညီထောက်ပံ့ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲ့ဒီလိုနဲ့ Elbert တစ်ယောက်လည်း Ronaldo ရဲ့ကျေးဇူးတုံ့ပြန်မှုတွေကြောင့် ဘာအလုပ်မှလုပ်စရာမလိုဘဲ ထိုင်စားနေနိုင်တဲ့အပြင် အိမ်ကြီး၊ ကားကြီးတွေနဲ့ပါ ခမ်းခမ်းနားနားနေထိုင်နိုင်ခဲ့ပါတယ်။

? သူတို့နှစ်ယောက်ကတော့ တကယ်ကို စံပြသူငယ်ချင်းကောင်းတွေပါပဲ။ မိတ်ဆွေတို့မှာရော အဲ့လိုသူငယ်ချင်းကောင်းမျိုးရှိကြပါသလား? ရှိတယ်ဆိုရင် comment ထဲမှာ မန်းရှင်းခေါ်လိုက်ခဲ့ကြတော့နော်...?

မြသွန်း(တောင်ဒဂုံ)

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးလိုမှသုံးပါ"တော်တဲ့သူတွေက ဆင်ခြေမပေးဘူး...  ဖြေရှင်းနည်းကိုပဲ ရှာကြတယ်"အင်တာနက်နဲ့ လူနေမှုဘဝ စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်း