Author's Profile Photo

Moe

18/07/2024

အောင်မြင်မှု ပန်းတိုင် ကို သေချာပေါက် ရောက်စေမယ့် စကားလုံး (၁၀) လုံး

1 min read
General Knowledge
အောင်မြင်မှု ပန်းတိုင် ကို သေချာပေါက် ရောက်စေမယ့် စကားလုံး (၁၀) လုံး's photo


အောင်မြင်မှုဆိုတာဟာ အလွယ်တကူ ရနိုင်တဲ့အရာ မဟုတ်ပါဘူး။
လျှောက်လှမ်းရမယ့် လမ်းကို မြင်နေပေမယ့်လည်း ပန်းတိုင်ကို ရှာဖွေနိုင်ဖို့တော့ ခက်နေပါသေးတယ်။
ဒါကြောင့် သင့်ရဲ့ ဘ၀မှာ အောင်မြင်မှု ပန်းတိုင်ကို သေချာပေါက်ရောက်စေမယ့် စကားလုံး ၁၀ လုံး ကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ပျော်ရွှင်မှု (Happiness)


ပျော်ရွှင်မှုဆိုတာဟာ ခံစားမှုတစ်ခုမဟုတ်ပါဘူး။
ဘ၀ရဲ့ လမ်းစဉ်တစ်ခုပါ။
သင်လုပ်နေတဲ့အလုပ်မှာ သင်မပျော်ပဲ အောင်မြင်မှုရဲ့အရသာ ကို သင်ခံစားနိုင်မှာ မဟုတ်ပါဘူး။
ကိုယ်လုပ်နေတဲ့အလုပ်တွေကို ချစ်မြတ်နိုးခြင်းဟာ ပြိုင်ပွဲတွေမှာ တစ်၀က်လောက်တော့ အနိုင်ရသွားစေပါတယ်။

၂။ ယုံကြည်မှု (Belief)


သင့်အနေနဲ့ ယုံကြည်တတ်ဖို့လိုပါတယ်။ ကံကြမ္မာ ကိုပြောင်းလဲဖို့အတွက် ယုံကြည်မှုသာလျှင်ပင် တစ်ခုတည်းသော ခွန်အားဖြစ်ပါတယ်။
သင်ယုံကြည်ရင် ယုံကြည်ထားတဲ့ အတိုင်းဖြစ်လာမှာပါ။

၃။ ရည်မှန်းချက် (Ambition)


ရည်မှန်းချက်မရှိတဲ့ ဘ၀ ဟာ ဘာမှ ဖြစ်လာမှ မဟုတ်ပါဘူး။
သင့်ရဲ့ ဖြစ်ချင်နေတဲ့အနေအထားတွေကို ကြိုတင်ရည်မှန်းထားပါမှ သင်ဖြစ်ချင်တာတွေဖြစ်လာနိုင်မှာပါ။

၄။ စိတ်အားထက်သန်ခြင်း ( Passion )


ဘာအလုပ်ကိုပဲ လုပ်လုပ် အကောင်းဆုံးဖြစ်အောင် လုပ်ပါ။
အလွယ်တကူ အရှုံးမပေးပါနဲ့။
အားကစားသမား တစ်ယောက်လိုမျိုး ရေကုန်ရေခမ်း ကြိုးစားတတ်ပါစေ။

၅။ လွှမ်းမိုးမှု ( Inspiration )


သင့်ကို လွှမ်းမိုးနိုင်မယ့် အရာတစ်ခုကို ရှာဖွေကြည့်ပါ။
ထိုအရာက သင့်ကို လမ်းပြပေးနိုင်မှာပါ။

၆။ ကိုယ့်ကိုကိုယ် ယုံကြည်မှု ( Confidence )


သင်မလုပ်နိုင်တာ ဘာမှ မရှိပါဘူး။
ကိုယ့်ကိုကို ယုံကြည်မှုသာလျှင် သင့်ကိုနေရာပေးနိုင်မှာပါ။
ကိုယ့်ကိုကိုယ် ယုံကြည်မှု ဟာ သင့်ကို အတိုင်းအဆမရှိတဲ့ ခွန်အားတွေကို ပေးနိုင်မှာပါ။

၇။ လူ့ကျင့်၀တ် ( Ethics )


ကျင့်၀တ် မစောင့်ထိန်းတတ်တဲ့ လူတွေအတွက် အောင်မြင်မှုလမ်းကြောင်း ဟာ တိုတောင်းလွန်းပါတယ်။
ဖြတ်လမ်းလို့ဆိုနိုင်ပါလိမ့်မယ်။
ဒါပေမယ့် ဒါဟာ သင့်ကို လူအားလုံးနဲ့မတူညီပဲ တစ်ယောက်တည်း ကွဲပြားနေစေမယ့် အချက်ပဲဖြစ်ပါတယ်။

၈။ အမြင် ( Vision )


သင့်ဘ၀ ကို သင်ဘယ်လို ပုံစံ ဖြစ်လာစေချင်လဲဆိုတဲ့ အမြင်တစ်ခုသတ်မှတ်ပါ။
ထို အမြင်တွေကပဲ စိတ်ကူးတွေကို လက်တွေ့အကောင်အထည်ဖော်ပေးနိုင်မှာပါ။

၉။ လက်ခံတတ်ခြင်း ( Yes )


အရာရာကို လက်ခံတတ်ပါစေ။
အခွင့်အရေးတွေက သင့်အတွက် အများကြီးလာနေပါပြီ။
သင်အားလုံးကို လက်ခံတတ်ရပါလိမ့်မယ်။ သင်အရာရာကို ရင်ဆိုင်ဖို့ အသင့်ဖြစ်နေရပါမယ်။

၁၀။ လူသားဆန်တတ်ခြင်း ( Humility )


လူသားဆန်ခြင်းဟာ အောင်မြင်မှု ရဲ့ သော့ချက်ပါပဲ။
ဘယ်ဘာသာမှာမဆို လက်ခံထားတာကတော့ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်။
မကောင်းတာလုပ်ရင် မကောင်းတာဖြစ်ပါလိမ့်မယ်။
ဒါကြောင့် ဘယ်လောက်အောင်မြင်နေပါစေ။ တစ်ကြိမ်တစ်ခါတော့ ပြန်လည်ကျရှုံးလာဦးမှာပါ။
ကျရှုံးပြီး ပြန်လည် ထ နိုင်ရန် ကြိုးစားနေချိန်မှာ တစ်ချိန်က လူသားဆန်ခဲ့သမျှ က သင့်ကို ပြန်လည်အောင်မြင်လာစေမှာပါ။

#Moe
ကိုးကားချက် - Wai Phyo

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေး"တော်တဲ့သူတွေက ဆင်ခြေမပေးဘူး...  ဖြေရှင်းနည်းကိုပဲ ရှာကြတယ်"လိုမှသုံးပါအင်တာနက်နဲ့ လူနေမှုဘဝ စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်း