Author's Profile Photo

Leo(Nann)❤️

18/07/2024

ကလောင်သွားထက်က ကျတဲ့မျက်ရည်

2 mins read
Personal Development
General Knowledge
Art
ကလောင်သွားထက်က ကျတဲ့မျက်ရည်'s photo

စာရေးသူတစ်ယောက်အတွက်ဆုလာဘ်ကဘာဖြစ်မလဲ။

ရှင်းပါတယ်။
ဆုလာဘ်ကတော့ စာဖတ်သူတွေပေါ့။
အကြောင်းကတော့ စာဖတ်သူတွေရှိနေတဲ့အခါ
အားဖြစ်ရပြီး ကြိုးစားရကျိုးနပ်တယ်လို့ခံစားရစေလို့ပါ။
စာရေးတဲ့သူတစ်ယောက်အတွက်တော့ သူ့ရဲ့ကလောင်သွားနဲ့
ရေးအန်ချလိုက်တဲ့ စကားလုံးတိုင်းဟာ
သူ့ရဲ့ ရင်သွေးတွေပါဘဲ။
မိခင်တစ်ဦးက သူမရဲ့သားသမီးတွေကို
ချစ်မြတ်နိုးသလို စာရေးဆရာတစ်ဦးဟာ
သူဖန်တီးလိုက်တဲ့စာပေကိုမြတ်နိုးတန်ဖိုးထားတာဖြစ်တယ်။
စာရေးသူတစ်ယောက်က စာတစ်ပုဒ်(ဒါမှမဟုတ်)စာတစ်အုပ်ကိုရေးလိုက်တဲ့အခါ အနုပညာတစ်ရပ်ကိုဖန်တီးလိုက်တာဘဲပေါ့။အနုပညာဆိုတာ ဖန်တီးထားရုံနဲ့မပြည့်စုံဘူး။
ခံစားတတ်တဲ့သူရှိမှ အဓိပ္ပာယ်ရှိတာ။
ဒါ့ကြောင့် စာရေးစရာတစ်ဦးဟာ
သူ့ရဲ့စာပေအနုပညာကိုခံစားဖတ်ရှုမဲ့
စာဖတ်သူပရိတ်သတ်လိုပါတယ်။

တကယ်တော့စာရေးဆရာတွေဆိုတာ
နှလုံးသားနဲ့ဦးနှောက်ကိုတစ်ပြိုင်တည်းအသုံးချရတဲ့ အနုပညာရှင်လူသားတွေပါ။
ဇာတ်လမ်းတစ်ပုဒ်ကိုရေးဖွဲ့တဲ့အခါမှာ
ဇာတ်လမ်းမှာပါဝင်တဲ့ဇာတ်ကောင်တွေရဲ့နေရာတိုင်းကိုဝင်ပြီး နှလုံးသားနဲ့ခံစားကြည့်ပြီးမှ ရေးကြတာပါ။
ဇာတ်လမ်းကောင်းတစ်ပုဒ်၊စာကောင်းတစ်ပုဒ်ရဖို့ဆိုတာလည်း
မလွယ်ပါဘူး။
အရင်ဆုံး စိတ်ကူးနဲ့ပုံဖော်ရတယ်။
အချက်အလက်တွေစုပြီးတဲ့နောက်
ပုံကြမ်းလောင်းကြည့်ရတယ်။
အားလုံးချက်ကျလက်ကျဖြစ်ပြီဆိုရင်တော့
အနုလိုက်စိပ်ရတယ်။
အဲ့ဒီလောက် အချိန်ပေးခဲ့ပြီးတဲ့နောက် ဇာတ်လမ်းတစ်ပုဒ်၊စာတစ်အုပ်က ပြီးသွားခဲ့ပြီလားဆိုတော့လည်း
မပြီးသေးပါဘူး။ အစအဆုံး မွမ်းမံပြင်ဆင်ရပြန်ပါတယ်။အဲ့ဒီနောက်မှ
အချောကိုင်တဲ့အဆင့်ကိုရောက်တာပါ။

စာရေးတာဖြင့် လူတိုင်းရေးနိုင်တယ်လို့
တွေးကောင်းတွေးနိုင်ပါတယ်။သို့ပေမဲ့
ခွန်အားရှိတဲ့စာကိုရေးနိုင်ဖို့တော့မလွယ်ပါဘူး။စာတစ်ပုဒ်က စာလုံးပေါင်းသတ်ပုံမှန်နေရုံလောက်နဲ့
စာကောင်းဖြစ်သွားတာမဟုတ်ပါ။
ဝါကျမှာပုဒ်အထားအသိုမှန်ကန်ပြီး
နည်းစနစ်ကျနေဖို့လည်း လိုအပ်ပါတယ်။
စာရေးဆရာကောင်းတစ်ယောက်ကတော့
မြန်မာသဒ္ဒါကိုပါ ကျွမ်းကျင်ပိုင်နိုင်ရပါတယ်။
ဆည်းပူးလေ့လာမှုတွေကို အထပ်ထပ်လုပ်ပြီးမှ စာကောင်းရေးနိုင်သူတစ်ဦးဖြစ်လာနိုင်တာပါ။

စာဖတ်သူပရိတ်သတ်ကတော့
ဒီအရာတွေကို သတိပြုမိချင်မှပြုမိပါလိမ့်မယ်။
စာရေးသူတစ်ယောက်ရဲ့ အားထုတ်ကြိုးပမ်းမှုကို သိချင်မှသိပါလိမ့်မယ်။
တစ်ခါတစ်ရံမှာတော့ စာဖတ်သူတွေထဲမှာ
စာတွေကိုအဆုံးထိပြီးအောင်ကိုဘဲ ဖတ်မသွားတဲ့သူတွေရှိပါတယ်။
စာဖတ်သားနာတဲ့ ဝါရင့်ပုဂ္ဂိုလ်များကတော့
စာဖတ်တဲ့အခါ အဆုံးထိဖတ်လေ့ရှိပြီး
အလျင်စလိုကောက်ချက်ချလေ့မရှိပါဘူး။
စာတစ်ပုဒ်ဖတ်ပြီးသွားတဲ့အခါ
နက်နက်နဲနဲတွေးတောလေ့ရှိကြပြီး
ဝေဖန်သင့်တဲ့အရာကို ဝေဖန်ကြပါတယ်။
ထောက်ပြသင့်တာကို ထောက်ပြကြပါတယ်။
အဲ့လိုမှမဟုတ်ဘဲ စာကိုလည်းအဆုံးထိပင်မဖတ်ပါဘဲ
စာအုပ်တစ်အုပ်ကို ဆယ်ဖီလ်ရိုက်ဖို့လောက်
အသုံးချနေတဲ့သူတွေဟာ စာရေးသူတွေကို
စော်ကားနေတဲ့သူတွေပေါ့။ဓာတ်ပုံရိုက်လို့အားရတဲ့အခါ ချောင်ထိုးခံရတော့မဲ့စာအုပ်လေးခမျာ
သနားစရာပါဘဲ။စာရေးသူသာ ဒီအကြောင်းကိုသိမယ်ဆို ရင်ကွဲရချည့်။
ကိုယ့်ဘာသာတွေးကြည့်လို့ ရှက်တတ်မယ်ဆိုရင် အင်မတန်ရှက်စရာကောင်းချက်ပါဘဲ။
အနည်းဆုံးတော့ စာကိုပြီးဆုံးအောင်လေးတော့ဖတ်ကြပါ။
စာအုပ်တွေကို အိမ်မှာအလှထားဖို့ဘဲမဝယ်ပါနဲ့။ဗဟုသုတတကယ်ရချင်လို့ဖတ်ဖို့ဆိုမှဝယ်ပါ။
မဟုတ်ရင်ပိုက်ဆံကုန်တာဘဲအဖတ်တင်နေပါလိမ့်မယ်။ကိုယ်လုပ်တဲ့လုပ်ရပ်ကို သူတစ်ပါးမသိတောင်မိမိကိုယ်တိုင်ကသိပါတယ်။စာရေးသူတစ်ယောက်ရဲ့အားထုတ်မှုကို
မချီးကျူးလျှင်နေပါစေ၊မစော်ကားမိပါစေနဲ့။

စာပေကို လေးစားသင့်ပါတယ်။
ကိုယ့်နိုင်ငံ၊ကိုယ့်လူမျိုး ကိုယ့်စာပေကို
ကိုယ်ကမှတန်ဖိုးမထားတတ်ရင် သူများလူမျိုးတွေအမြင်မှာလည်း
လေးစားတန်ဖိုးထားစရာဖြစ်လာမှာ
မဟုတ်တော့ပါဘူး။

ဒါ့ကြောင့်

"စာပေကိုတန်ဖိုးထားကြပါ။ သူတစ်ပါးအထင်ကြီးတာခံရဖို့အတွက်
စာပေကိုမြတ်နိုးချင်ယောင်မဆောင်ပါနဲ့။
စိတ်ရင်းနဲ့မြတ်နိုးတတ်အောင်သင်ယူကြပါ"လို့ စာရေးသူအားလုံးရဲ့ကိုယ်စား အမှာတော်ပါးလိုက်ပါရစေရှင်။

------------------------------------
အားလုံးကိုအစဥ်လေးစားလျက်...
#Leo

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအပေါ်ယံသမားစာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်နှစ်ဆယ့်ငါး-ခက်ခဲမှုတို့ရဲ့နောက်ကွယ်တန်ဖိုးစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်း