Moe
☑️ 1 ငါ့ကိုငါအရမ်းမုန်းတာပဲ
ဘယ်အခြေနေပဲရောက်ရောက် သင့်ကိုယ်သင်ဘယ်တော့မှမမုန်းသင့်ပါဘူး။
လူတိုင်းမှာအားနည်းချက်ကိုယ်စီရှိကြပါတယ်။
အဲဒီအားနည်းချက်ကိုဂရုမစိုက်ပါနဲ့
ကိုယ့်ရဲ့အားသာချက်ကိုပဲအမြဲတမ်းဖော်ထုတ်ပါ။
မပြောင်းလည်းနိုင်တဲ့ကိုယ့်ရဲ့အားနည်းချက်ကြောင့် ကိုယ့်ကိုယ်ကိုမမုန်းသင့်ပါဘူး။
☑️ 2 ငါအဲ့လောက်မတော်ပါဘူး
လူတိုင်းမှာပြီးပြည့်စုံလို့ အောင်မြင်လာတာမဟုတ်ပါဘူး။
အောင်မြင်နေတဲ့လူတိုင်းမှာ
မတတ်တာကိုတတ်အောင်လုပ်ကြတယ်။
မသိတာကို သိအာင်လုပ်ကြတယ်။
မတော်တာကို တော်အောင်
ကြိုးစားကျင့်ကြံယူရမယ်လေ။
ဘယ်တော့မှစိတ်ဓာတ်မကျပါနဲ့
ပတ်ဝန်းကျင်က ကိုယ့်ကို
မတော်ဘူးလို့ကဲ့ရဲ့နေရင်လည်း
သူတို့ထင်နေတာမှားကြောင်း
သင်ကြိုးစားပြလိုက်ပါ
☑️ 3 လောကကြီးမှာ ငါအထီးကျန်ဆုံးပဲ
သင့်ကိုလူတွေကဂရုမစိုက်ဘူးလို့ခံစားနေရပါသလား။
သင့်မှာမိသားစုဆိုတာ ရှိပါသေးတယ်။
သူငယ်ချင်းဟောင်းတွေကသင့်ကိုဂရုမစိုက်ဘူးလား။
အသစ်ရှာလိုက်ပါ။
နောက်ပြီးရင် ပရဟိတ
ကလေးတွေကိုသင်ဂရုစိုက်လိုက်ပါ။
စေတနာ့ဝန်ထမ်းလုပ်လို့ရပါတယ်။
တကယ်လို့ဒီနေရာမှာအထီးကျန်နေရင်
နောက်တစ်နေရာပြောင်းလိုက်ပါ။
သင့်အတွက်တော့
သင့်တော်တဲ့နေရာတစ်ခုရှိပါတယ်။
နေရာအစုံသွားပြီး
သင့်ပျော်ရွှင်မှုကိုရယူလို့ရပါတယ်။
☑️ 4 ငါနဲ့ တန်ရာပဲ ရမှာပါ။
သင်မျှော်မှန်းထားတဲ့အရာတစ်ခုခုကိုဆုံးရှုံးရလို့ တန်ရာပဲရမှာပါလို့မတွေးလိုက်ပါနဲ့။
နောက်တစ်ခေါက်ကြိုးစားပိုင်ခွင့်ရှိပါသေးတယ်
သင်ကြိုးစားနေသရွေ့ကတော့သင်လိုချင်တဲ့
အရာတွေကိုသင်ရမှာသေချာပါတယ်။
လက်လျှော့သွားတာကမှ သင်တကယ်ဆုံးရှုံးသွားတာပါ။
☑️ 5 ငါ လုပ်နိုင်မှာ မဟုတ်ပါဘူး
ဒီစကားကမအောင်မြင်တဲ့လူတွေဆီမှာ
အမြဲတမ်းကြားရပါတယ်။
အောင်မြင်တဲ့လူတွေကအဲ့လိုမတွေးဘူး။
သူများပြောတာကိုမယုံကြဘူး။
မဖြစ်နိုင်ဘူး မလုပ်နိုင်ဘူးဆိုတာ လက်လျှော့
သွားတဲ့သူတွေအတွက်တော့မှန်ပါတယ်။
တကယ်ကြိုးစားပြီးလက်မလျှော့တဲ့
သူတွေအတွက်တော့မဖြစ်နိုင်ပါဘူး။
မလုပ်နိုင်ဘူးဆိုတာမရှိပါဘူး။
လုပ်နိုင်ဖို့နည်းလမ်းတွေရှာကြံနေတုန်းပဲ
ပထမ တစ်ခါတော့ ကြရှုံးမှာပဲ
ဒုတိယ တစ်ခေါက်အမှန်ပြင်နိုင်အောင်ကြိုးစားပါ။
တတိယတစ်ခေါက်ဆိုရင်
သင်တကယ်အောင်မြင်ပါလိမ့်မယ်။
☑️ 6 လောကကြီးထဲမှာ ငါအညံ့ဆုံးလူသားပဲ
သင်တစ်ခုခုကို မှားလို့ ကျရှုံးလို့ မလုပ်နိုင်တဲ့အခါ သင့်ကိုသင် အပြစ်တင်ပြီး စိတ်ဓာတ်မကျလိုက်ပါနဲ့။
လူဟာ မှားတိုင်းလည်း မညံ့ပါဘူး။
အမှန် များများပြင်နိုင်မှာပါ သင်စဥ်းစားကြည့်ပါ။
သင်မှားနေတဲ့အရာတစ်ခုကိုအမှန်ပြင်လိုက်တာနဲ့
သင် တကယ် အောင်မြင်မှုရပြီလေ။
တကယ်လို့ သင့်မှာ မမှားဘူးရင်
အမှန်က ဘယ်တစ်ခုလည်း
ဘယ်လိုရှာရမှာလည်းဆိုတာ သင်သိမှာမဟုတ်ပါဘူး။
သင်ပြင်ဖို့ အချိန်အများကြီး ကျန်သေးတယ်
ဒါကြောင့် အမှားလုပ်တိုင်းလည်း သင်မမှားပါဘူး
ရိုးသားမှုကို တန်ဖိုးထားပါ။
#Moe
Credit.....✍️✍️✍️
ကိုးကားချက် - Wai Yan Kyaw
Keep Reading