Author's Profile Photo

စောမြတ်နွယ်

18/07/2024

နေ့စဥ်လေ့လာ Englishစာ (18)

1 min read
Education
General Knowledge
18 Again
နေ့စဥ်လေ့လာ Englishစာ (18)'s photo

a lot of / much / many

ဒီသုံးလုံးရဲ့ အဓိပ္ပာယ် က များတာကို ပြောတာဖြစ်ပေမယ့် ဘယ်လိုကွာခြားသလဲ။ဒီနေ့မှာတော့ သူတို့ရဲ့ ကွာခြားပုံကို ပြောပြမှာဖြစ်ပါတယ်။

much + uncomfortable noun:
much food/much money etc.:

much ကို ရေတွက်မရတဲ့ နာမ်တွေနဲ့ တွဲဖက်သုံးပါတယ်။
ဥပမာ

Did you buy much food?
မင်းအစားအသောက်တွေအများကြီး ဝယ်ခဲ့တာလား။

How much money do you want?
မင်းငွေဘယ်လောက်လိုချင်တာလဲ။

Have you got any money?
မင်းမှာ ငွေဘယ်လောက်ရှိသလဲ။
I've got some money but not much.
ကျွန်တော့်မှာ ငွေအချို့ရှိတော့ရှိတယ်။ဒါပေမယ့် အများကြီးတော့မရှိဘူး။

ဒီစာကြောင်းမှာ ကြည့်ပါ။
not many မသုံးပါဘူး။
not much လို့သုံးပါတယ်။
ဘာ​ကြောင့်လဲဆို​ေတာ့ money က ရေတွက်မရတဲ့ နာမ်ဖြစ်တာကြောင့်ပါ။


many + plural noun:
many book /many people etc.:

many ကို ရေတွက်လို့ရတဲ့ အများဆိုင်နာမ်တွေနဲ့ တွဲသုံးပါတယ်။

ဥပမာ
Did you buy many books?
မင်းစာအုပ်တွေအများကြီး ဝယ်လာတာလား။

How many photographs did you take?
မင်းဓာတ်ပုံ ဘယ်လောက်များများ ရိုက်ခဲ့သလဲ။

Did you take any photographs?
မင်းဓာတ်ပုံ ဘယ်လောက်ရိုက်ခဲ့သလဲ။
I took some but not many.
ကျွန်တော် ဓာတ်ပုံအချို့တော့ ရိုက်ခဲ့တယ်။အများကြီးတော့မဟုတ်ဘူး။

ဒီမှာလည်း
not much မသုံးပါဘူး။
not many လို့သုံးပါတယ်။
many က ရေတွက်ရတဲ့ နာမ်နဲ့ တွဲတာကြောင့်ပါ။

a lot of + all types of noun

a lot of ကိုတော့ ရေတွက်ရတဲ့ နာမ်ရော ရေတွက်မရတဲ့ နာမ်ရော နှစ်မျိုးစလုံးနဲ့ သုံးပါတယ်။

ဥပမာ
I bought a lot of food.
ကျွန်တော် အစားအသောက်တွေ အများကြီး ဝယ်ခဲ့တယ်။
I bought a lot of books.
ကျွန်တော် စာအုပ်တွေ အများကြီး ဝယ်ခဲ့တယ်။

much ကို မေးခွန်းနဲ့အငြင်းစာကြောင်းတွေမှာလည်း သုံးပါတယ်။
ဒါပေမယ့် များသောအားဖြင့် အဆိုဝါကျတွေမှာ မသုံးပါဘူး။

Do you drink much coffee / a lot of coffee?
မင်းကော်ဖီအများကြီး သောက်သလား။
I don't drink much coffee /a lot of coffee.
ကျွန်တော် ကော်ဖီအများကြီး မသောက်ပါဘူး။

I drink a lot of coffee.
ကျွန်တော် ကော်ဖီ အရမ်းသောက်တယ်။
ဒီနေရာမှာ a lot of coffee လို့ပဲ သုံးပါတယ်။
much coffee လို့မသုံးပါဘူး။
ဒီစာကြောင်းက အဆိုဝါကျ ဖြစ်တာကြောင့်ပါ။

many နဲ့ a lot of ကတော့ မေးခွန်းရော အငြင်းရော နှစ်မျိုးစလုံး သုံးပါတယ်။

ဥပမာ
Have you got many friends /a lot of friends?
မင်းမှာ သူငယ်ချင်းတွေ အများကြီး ရှိသလား?
I've got many friends /a lot of friends.
ကျွန်တော့်မှာ သူငယ်ချင်းတွေအများကြီး ရှိတယ်။

ဒီလောက်ဆိုရင် a lot of / many နဲ့ much တို့ရဲ့ ကွာခြားပုံကို နားလည်သွားပြီ ထင်ပါတယ်။

English စာ ဗဟုသုတများ တိုးပွားနိုင်ကြပါစေ။

#စောမြတ်နွယ်
18.7.2024





Keep Reading

တက်ညီလက်ညီ ပန်းတိုင်ဆီသို့ပညာတတ်ဆိုသည်မှာ အဘယ်နည်း ------------------------------------ကိုယ်ချင်းစာစိတ် ---------------လဖြစ်ပေါ်ပုံနှင့် ပတ်သက်ပြီး ဖြစ်နိုင်ချေအရှိဆုံး အဆိုကြမ်းများနှင့် သက်သေအချို့လွမ်းမောစရာအတိတ်လင်းယုန်ငှက်ထံမှ အတုယူသင့်သည့် ခေါင်းဆောင်မှုစိတ်ဓာတ်လေညင်းတွေဟာ ဘယ်ကလာUWC scholarshipလူငယ်တွေ ဘာကြောင့် သင်တန်းတက်ကြတာလဲ ?ကျောင်းစာကြည့်တိုက် ပညာရေး -----------------------------