Honey cho
ပုဂံရဲ့အထင်ကရဘုရားတစ်ဆူဖြစ်တဲ့ရွှေစည်းခုံစေတီရဲ့အကြောင်းကိုလည်းယခုလိုကြားသိခဲ့ရပါတယ်။
"အထက်မှာကောင်းမှုလုံ၊အလယ်မှာရွှေစည်းခုံ၊အောက်မှာရွှေတိဂုံ"ဟုပင်ထင်ရှားကျော်ကြားလှတဲ့ဘုရားတစ်ဆူလည်းဖြစ်ပါတယ်။
အထက်မှာေကာင်းမှုလံုဆိုတာကေတာ့မြန်မာနိုင်ငံရဲ့အထက်ပိုင်းေဒသဖြစ်တဲ့ကချင်ပြည်နယ်ပူတာအိုမှာရှိတဲ့ပူတာအိုဘုရားကိုဆိုလိုခြင်းဖြစ်ပြီး၊အလယ်မှာေရွှစည်းခုံဆိုတာကေတာ့မြန်မာပြည်ရဲ့အလယ်ပိုင်းပုဂံမှာရှိတဲ့ရွှေစည်းခုံဘုရားကိုဆိုလိုခြင်းဖြစ်ပါသည်။
အောက်မှာရွှေတိဂုံဆိုတာကတော့မြန်မာနိုင်ငံအောက်ဘက်မှာရှိတဲ့ရွှေတိဂုံကိုဆိုလိုခြင်းဖြစ်ပါတယ်။
ရှေးလူအများကဒီဘုရား၃ဆူကိုဖူးပြီးတဲ့သူတိုင်းဟာမြန်မာနိုင်ငံအနှံ့ဘုရားဖူးပြီးပြီဟုပင်ဆိုလိုကြပါတယ်။
ေရွှစည်းခံုရဲ့ထူးခြားချက်ကေတာ့ဘယ်လောက်ဘဲသဘာဝဘေးအန္တရာယ်များသွာကြုံတွေ့ရပါစေ၊ရွှေစည်းခုံဘုရားရဲ့ထီးတော်ဟာလုံးဝမြေမခနိုင်လို့ဘဲဖြစ်ပါတယ်။
အနော်ရထာနဲ့ကျန်စစ်သားမင်းနှစ်ပါးအတူတကွတည်ထားတဲ့ဘုရားတစ်ဆူဟုလည်းဆိုကြပါတယ်။အနော်ရထာမင်းကြီးနတ်ရွာစံပြီးတဲ့နောက်ကျန်စစ်သားမင်းကဆက်လက်ပြီးကိုးကွယ်တည်ထားခဲ့တဲ့ဘုရားတစ်ဆူဆိုလည်းမမှားပါဘူး။
အုတ်နဲ့တည်ထားခြင်းမဟုတ်ဘဲ၊တုရွင်းတောင်ကိုဖြိုချခြင်းမှရလာတဲ့ကျောက်တုံးများစွာကိုအသုံးပြု၍တည်ဆောက်ထားခဲ့တဲ့ဘုရားတစ်ဆူလည်းဖြစ်ပါတယ်။
နေ့မှာလူတည်ပြီး၊ညဘက်ရောက်တဲ့အခါမှာတော့နတ်သူတော်ကောင်းပေါင်းဝိုင်းဝန်းတည်ထားကြတယ်ဟုလည်းပါးစပ်ရာဇဝင်လေးရှိနေပါသေးတယ်။
လူတစ်ရစ်၊နတ်တစ်ရစ်ပေါင်း၍တည်ထားကိုးကွယ်ကြတဲ့ပုဂံမြို့ရှိတန်ခိုးကြီးဆုံးဘုရားတစ်ဆူလည်းဖြစ်ပါတယ်။
အဖေ့ထက်သားတစ်လကြီးတယ်ဆိုတဲ့စကားပေါ်ပေါက်လာရခြင်းဟာလည်းရွှေစည်းခုံဘုရားတည်ရာမှစတင်ခဲ့ပုံရပါတယ်။
အကြောင်းမှာဘုရားတည်ရန်ကြိမ်စကြာရိုက်ခေါ်သောအခါသားတော်နတ်မင်းကခမည်းတော်နတ်မင်းထက်တစ်လစောပြီးရောက်ရှိလာခဲ့သောကြောင့်ရာထူးပေးအပ်သောအခါသားတော်ကလက်မောင်းမှာနှစ်ရစ်ရရှိသောကြောင့်ဒီစကားပုံပေါ်လာခဲ့ခြင်းဖြစ်ပါတယ်။
အဖရွှေညိုသင်းနဲ့သားတော်ရွှေစံကားနတ်နန်းဘဲဖြစ်ပါတယ်။
အာနန္ဒာဘုရားနဲ့ရွှေစည်းခုံဘုရားနှစ်ဆူဟာနိုင်ငံခြားသားတွေပုဂံရောက်ချိန်တိုင်းမဖြစ်မနေသွားရောက်ဖူးမြော်လေ့ရှိကြပါတယ်။
လှံထောက်ရာဆိုတဲ့ကျန်စစ်သားမင်းရဲ့အရိန္နမာလှံတော်ကိုထောက်တဲ့နေရာကိုလည်းသီးသန့်ပြသထားပါသေးတယ်။
ထိုနေရာမှာလည်းအနော်ရထာမင်း၊ကျန်စစ်သားမင်း၊သေလည်ကြောင်၊နရပတိမင်းတို့ရဲ့လှံေလးေချာင်းထောက်သစ္စာပြုအဓိဠာန်ပြုရာနေရာကိုလည်းဗဟုသုတရဖွယ်ပြသထားပါသေးတယ်။
ကျန်စစ်သားမင်းကအနန္တောအနန္တငါးပါးမို့သူ့ရဲ့အရိန္နမာလှဲရဲ့နောက်ဘက်အရိုးကိုသုံးပြီးနောက်ထပ်အရာတစ်ခုလည်းပြုလုပ်ခဲ့တယ်လို့စိတ်ဝင်စားဖွယ်သိခဲ့ရပါတယ် ။
စစ်ကိုင်းတောင်နဲ့မန္တလေးတောင်တွေမှာလည်းကျန်စစ်သားမင်းရဲ့ခြေတော်ရာတွေကိုတွေ့နိုင်သလိုအရင်ကကျန်စစ်သားမင်းသာသူ့ရဲ့လှံနဲ့တစ်ချက်ထခုန်လိုက်ရင်ပုဂံကနေစစ်ကိုင်း၊မန္တလေးထိရောက်အောင်သွားနိုင်စွမ်းရှိတယ်လို့လည်းပါးစပ်ရာဇဝင်တစ်ခုသဖွယ်ဆိုကြပါတယ်။
ပုဂံမြို့ရှိစည်တော်များဟာလည်းတစ်ဖက်ကစည်တော်တီးခတ်သံကိုတစ်ဖက်စောင်းတန်းကမကြားနိုင်ဘဲဘုရားအဝေးရှိလူများကသာကြားနိုင်တဲ့ထူးခြားအံ့သြဖွယ်အချက်ကိုလည်းကြားသိခဲ့ရပါတယ်။
ကျန်စစ်သားမင်းကြီးစီးတဲ့မြင်းခွာရာနဲ့အနောဒတ္တာရေအိုင်များကိုလည်းပြသထားပါတယ်။
ရင်ပြင်များမှာလည်းလူတွေဟာလိုရာဆုတစ်ခုကိုေတာင်းပြီးချိန်တိုင်းမှာပိုက်ဆံလိပ်တစ်လိပ်ကိုပစ်၍ထိုပိုက်ဆံဟာလိပ်သွားပါကဆုတောင်းပြည့်သည်ဟုမှတ်ယူလေ့ရှိကြပြီး၊ပိုက်ဆံပြန်နေပါကဆုတောင်းမပြည့်နိုင်ဟုမှတ်ယူလေ့ရှိကြတယ်လို့လည်းကြားသိခဲ့ရပါတယ်။
ပုဂံမှာရှိတဲ့စိတ်ဝင်စားဖွယ်ကျောက်မြင်းအရုပ်ဟာလည်းတုရွင်းတောင်ကကျောက်တွေနဲ့ပြုလုပ်ထားပြီးမိမိရဲ့ခန္ဓာကိုယ်မှာနာကျင်မှုခံစားနေရတဲ့နေရာကိုကိုင်ပြီး၊မြင်းရဲ့မျက်လုံးဒါမှမဟုတ်မိမိခံစားနေရတဲ့နေရာလိုမျိုးနေရာကိုမြင်းရုပ်မှာရှာပြီးမိမိကိုယ်ကိုပြန်ထိပါကထိုဝေဒနာဟာသက်သာပျောက်ကင်းစေတဲ့အယူလည်းရှိပါတယ်။
ဥပမာမျက်လုံး၊ခါး၊ဒူးခေါင်းနာရင်ထိုမြင်းရဲ့မျက်လုံး၊ဒူးခေါင်း၊ခါးတို့ကိုနှိပ်ပြီးမိမိနာကျင်နေတဲ့နေရာကိုထိပါကသက်သာပျောက်ကင်းသည်ဟုပင်ဆိုကြသည်။
စာဖတ်သူများ
ဗဟုသုတတိုးပွားစေရန်
ရည်ရွယ်လျက်
မဟန်နီချို
Keep Reading