Min Khant (Verse)
အရှုံးပေးတော့မယ်လို့တွေးနေမိရင် ဒီစာကိုဖတ်ပါ။
1. ဒါက ကာလတစ်ခုမျှသာဖြစ်ပါတယ်
ခက်ခဲသောအချိန်တွေ၊ အဆင်မပြေမှုတွေဆိုတာက လူတိုင်းတစ်နေ့မှာ ဆုံကိုဆုံရမယ့် အရာတွေဖြစ်ပါတယ်။ ပြောပမယ်ဆို ကာလပိုင်းခြားအချိန်တစ်ခုမျှသာဖြစ်ပါတယ်။
အမြဲတမ်းဖြစ်နေမယ့်အရာတွေမဟုတ်ပါဘူး။ ဘဝဆိုတာ အမြင့်ဆုံးနဲ့ အနိမ့်ဆုံးကို လည်ပတ်နေတဲ့သဘာဝပါပဲ။ ဒါကိုလည်း ဖြတ်သန်းရမယ်ဆိုတာ သတိရပါ။ မင်းက အခု မုန်တိုင်းအလယ်မှာ ရောက်နေပေမယ့် ကြည်လင်လာမယ့် ကောင်းကင်ပြာပြာလေးတွေကိုမြင်ရဖို့ဆိုရင်တော့ ဒီမုန်တိုင်းကြားမှာ အားတင်းပြီး ရအောင်ရှေ့ဆက်နေဖို့ပါပဲ။
2. မင်းထင်ထားတာထက် မင်းက ပိုသန်မာတယ်။
မင်းရဲ့ခံနိုင်ရည်ကို ဘယ်တော့မှ လျှော့မတွက်ပါနဲ့။ ပြန်ပြီးတွေးကြည့်ကြည့်၊ မင်းရဲ့ ဆိုးရွားတဲ့နေ့ရက်တွေကို 100% ကျော်ဖြတ်ပြီးပြီ၊ မင်းဖြစ်ချင်တဲ့အရာတွေ၊ မင်းသွားချင်တဲ့ အိပ်မက်တွေက အခုမင်းကြုံနေရတဲ့ ပြဿနာတိုင်းတက် အရေးကြီးတယ်ဆိုတာကို မမေ့ပါနဲ့။
3. 'ဘာကြောင့်' စလုပ်ခဲ့တာလဲကိုသတိရပါ။
ဒီလမ်းကြောင်းကို ရွေးချယ်ပြီး စတင်ခဲ့တဲ့ အကြောင်းရင်းများကို ပြန်စဉ်းစားပါ။ စိတ်အားထက်သန်မှုတွေပြန်ရလာပါလိမ့်မယ်။ ကျွန်တော်ကိုယ်တိုင်လည်း စိတ်အဆင်မပြေဖြစ်တဲ့အခါမျိုးတွေမှာ ကိုယ်ဘာလို့ဒါကိုစခဲ့တာလဲ၊ ဘယ်နေရာထိရောက်နေပြီလဲဆိုတာကိုပြန်တွေးပြီး ကိုယ့်ရဲ့ ပန်းတိုင်များနဲ့ ပြန်ပြီးချိတ်ဆက်ကာ ရှေ့ဆက်နေရဆဲပါ။
4. ကျရှုံးမှုဆိုတာက ပြန်မထနိုင်ခြင်းပါ။
ပြုတ်ကျတာ နာပါတယ်၊ ဒါပေမယ့် ပြန်မထဘဲ နေလိုက်တာက တစ်ဘဝလုံးကို နာစေနိုင်ပါတယ်။ ပြန်ထဖို့က
Unlock to read this premium article with 100 points.