Author's Profile Photo

Sam Myu Ter

15/07/2024

To be continued

2 mins read
Art
18 Again
To be continued's photo

“တစ်ချို့ဆက်ဆံရေးတွေမှာ ရေစက်ကြောင့် တွေ့ဆုံရတယ်” တဲ့။
ကျွန်မ အကို့ကို စတွေ့မိတာ ပွဲဈေးတန်းတစ်ခုရဲ့ ရဟတ်စီးတဲ့နေရာမှာ။ ရဟတ်စီးဖို့ ချတုံချတုံနဲ့ ကြောက်နေခဲ့တဲ့အကိုက ကျွန်မကို မြင်တာနဲ့ ကျွန်မစီးမယ့် ရဟတ်တွဲမှာ အတူလိုက်ပါခဲ့တယ်။
ကျွန်မလေ အကို့ကို တစ်ခါမှ မသိကျွမ်းဖူးဘဲ ရဟတ်စီးလို့ ကြောက်နေတဲ့အကို့ကို လက်ကလေးကိုင်ထားပေးချင်မိတာ။ သူစိမ်းမိန်းကလေးရှေ့မှာ ကိုယ့်အားနည်းချက်ကို ဖော်ပြမိသလိုဖြစ်တဲ့ အကို့ရဲ့ခံစားချက်ကို နားလည်တာကြောင့် ကျွန်မ မသိချင်ယောင်ဆောင်ပေးခဲ့တယ်။ ဒာဲ့ဒီကထဲက ကျွန်မနှလုံးသားထဲမှာ အကိုဟာ ငြိတွယ်ခဲ့တယ် ထင်ပါရဲ့။ကျွန်မကို တွေ့တွေ့ချင်း သဘောကျမိတဲ့အကိုဟာ ကျွန်မရှိရာအရပ်ဆီ ရောက်ရောက်လာခဲ့ပြီး အဝေးကနေ တိတ်တိတ်ကလေး ခိုးခိုးငေးခဲ့တယ်တဲ့။ တစ်နေ့မှာတော့ သူဘယ်လိုမှ မြိုသိပ်လို့မနေနိုင်ခဲ့တာကြောင့် ကျွန်မကို ချစ်ခွင့်ပန်ခဲ့လေတယ်။ မိန်းကလေးသဘာဝ ဟန်ဆောင်မူပိုခဲ့ပေမယ့်လည်း ကျွန်မနှလုံးသားမှာ ငြိတွယ်ခဲ့တဲ့ လူတစ်ယောက်မို့လို့ ကျွန်မက လက်ခံခဲ့မိတာ။ ဒီလိုကနေ ကျွန်မတို့ချစ်ခရီးလမ်း စတင်ခဲ့မိလေတယ်။

“အချစ်ဆိုတာမျိုးက ကမ်းမမြင် လမ်းမမြင်၊ အရင်းဖဲ့ပြီးအရှုံးပိုရတဲ့ အဖြစ်မျိုး” တဲ့။
တကယ်တော့ အကိုက သိပ်ဟန်ဆောင်ကောင်းခဲ့တာ၊
သူအတည်တကျရွေးချယ်ထားတဲ့ လက်ထပ်ရမယ့်သူရှိပါလျက် ကျွန်မကိုချစ်တယ်လို့ စနစ်တကျလှည့်စားခဲ့သေးတာ။ စုံလုံးကန်းရမယ့် အဖြစ်နဲ့အတူ အကို့ကို ယုံကြည်ခဲ့မိတာလေ။ ကျွန်မမှာ ချစ်မိသွားမယ်လို့ တကယ်ထင်မထားခဲ့တဲ့ သက်ရှိလေးကို ပြပါဆိုရင် အကို့ကိုပဲ လက်ညှိုးထိုးပြစရာရှိခဲ့တာ။ ချစ်တယ်ပြောပြီး တစ်စုံတစ်ယောက်ရဲ့ ရင်ခွင်ထဲရောက်နေတဲ့ အကို့ကိုမြင်ရတာ ရင်နာတယ်အကို ။ ကျွန်မပေးဆပ်ခဲ့တဲ့ အချစ်တွေက ဈေးပေါခဲ့မိတာလား တွေးနေမိတာ အခါတစ်ရာမက…။

ချစ်ခွင့်ပန်ပြီးကထဲက အဆုံးသတ်conservation တိုင်းမှာ “ချစ်တယ်”ပြောရမယ့်အစား “ဆုငယ် ကို့ကိုဘာလို့ချစ်တာလဲ” အမြဲမေးခဲ့တဲ့ အကို့ကို ကျွန်မဖြေနေကျက “အကိုမို့လို့ ၊ အကိုဖြစ်နေလို့ ၊အကို့ဖြစ်တည်မှုတိုင်းကို ချစ်တာ”လို့ အမြဲဖြေပေးခဲ့မိတာ။ စစ်မှန်တဲ့အချစ်ရဲ့အဓိပ္ပာယ်ကို ကျွန်မအနေနဲ့ အကို့ဆီမှာပဲ ရှာတွေ့မယ်ထင်ခဲ့မိတာလေ။
ဒီဘဝအတွက် ကျွန်မရရှိခဲ့တဲ့အချစ်က ကောင်းမလား၊ ဆိုးမလား၊ ဝဋ်နာကံနာလား၊ ပြေပြစ်ခြင်းလားဆိုတာ အကိုကပဲ အဆုံးအဖြတ်ပေးနိုင်တာ။ ဒါဟာဘာကြောင့်လဲဆိုရင် အကိုက ကျွန်မသိပ်ချစ်ရတဲ့သူမို့လို့။ “အချစ်ဆိုတာ ဘာလဲ” မေးရင် “အပြစ်မမြင်ခြင်း”လို့ ဖြေမိမယ်ထင်တယ်။
လူ့လောက စည်းဘောင်တွေအရ တစ်စုံနှစ်ယောက်အကြား ဇွတ်တိုးဝင်ဖို့ ဦးနှောက်က တားမြစ်နေပေမယ့် နှလုံးသားက ချစ်နေရတာကို ညာနေလို့မရဘူး အကို ။ ဘယ်လောက်တောင် ရင်အကွဲခံ ချစ်ခဲ့ရလဲ ၊ လက်ထပ်ဖို့ရည်စူးထားတဲ့သူ ရှိတာတောင်မှ ရူးရူးမိုက်မိုက်တိုးဝင်ပြီး ချစ်ခဲ့ရတာ
အကို့ဆီခြေတလှမ်း၊ ငရဲဆီခြေတစ်လှမ်း များ ဖြစ်နေမိသလား အကိုရယ်။

“နာကျင်ရမှန်းသိပေမယ့် ကျွန်မ အကို့ကို ချစ်တယ်။
ဝဋ်ကြွေးလို့ခေါင်းစဉ်တပ်ကြပါစေ ၊ ဒါ ကျွန်မ တမင်သက်သက် ဖန်တီးထားတဲ့ အရာပါ။
ဘယ်သူ့ကိုမှ မချစ်ဖူးတဲ့ အချစ်မျိုးနဲ့ ချစ်နေမိတာမလို့
ထိချင်၊ ရိချင် ၊ တွယ်ကာငြိချင်နေမိသူပါ အကို။
စိတ်ရော ကိုယ်ပါ အလုံးစုံနှစ်ပြီး ချစ်ခဲ့ရသူမို့ အဆုံးသတ်မှာ ပေါင်းဖက်ရသည်ဖြစ်စေ ၊ ဝေးကွာရသည်ဖြစ်စေ အကောင်းဆုံးအရာအားလုံး ရှိသမျှ အကုန်ပေးချစ်ခဲ့တာမလို့ အကို့အပေါ် ကျွန်မချစ်တဲ့အချစ်က အဖြူစင်ဆုံး ၊ အသန့်ရှင်းဆုံး ဖြစ်ခဲ့ပါတယ်။ ချစ်မိခဲ့လို့ နောင်တရလား မေးလာခဲ့ရင်
“မေတ္တာအစစ် ပေးခဲ့တာမလို့ ကျွန်မ နောင်တ မရပါ”လို့ ဖြေမိမှာပါ အကို..။

ကျွန်မ လွှတ်ချဖို့ ကြိုးစားကြည့်တယ် မရခဲ့ဘူး။
မေ့ပစ်ဖို့ တွေးကြည့်တယ် ဒါလည်း မရခဲ့ဘူး။
အကြိမ်ကြိမ်အခါခါ ရုန်းထွက်ဖို့ ကြိုးစားရင်း
အကို ချပေးခဲ့တဲ့ အချစ်နွံထဲ ပြန်ပြန်ရောက်နေမိတယ်။
အကိုပြောခဲ့တဲ့ စကားလေးလိုပေါ့ “အနာဂတ်မှာ ဘာဆက်ဖြစ်မလဲ ဘယ်သူမှကြိုမသိနိုင်တာမလို့ ရှိနေတဲ့ ပစ္စုပ္ပန်ကာလလေးကိုပဲ ဆုငယ် နဲ့အတူ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းသွားချင်မိတယ်”တဲ့ ။
တစ်ခါတစ်လေ ဘာကိုမှမတွေးပဲ ရူးရူးမိုက်မိုက်နဲ့ အတ္တတွေကြီးပြီး ရှေ့ဆက်တိုးမိခဲ့တာ ကျွန်မအပြစ်လား။ ကျွန်မ ဘဝတစ်လျောက်လုံး ရူးမိုက်မိတာ ဆိုလို့ အကို့ကို ချစ်ခဲ့မိတာလေးပဲရှိတာလေ။
“ဆုငယ် ကိုချစ်ရတာ ပျော်လား ဆိုတော့ ပျော်တယ်ဆိုပီး အကိုဖြေခဲ့တယ်”။” ပျော်ရွှင်မှုတွေမှာ ဖိအားတွေရှိလာခဲ့ရင် အကို ပျော်ရွှင်မှုကို စွန့်လွှတ်မှာလား ဆိုတော့ မစွန့်လွှတ်ဘူးတဲ့ “။ ဒါပေမယ့် အကိုက မပြတ်သားခဲ့ဘူးလေ ကျွန်မဘယ်လိုယုံရမလဲ။

ရေစက်ကြောင့် တွေ့ဆုံရတယ်ဆို ရေစက်ကြောင့်ပဲ ခွဲခွာရတယ် အကို ။ Full-stop (.)လေးရဲ့ အဓိပ္ပာယ်က
(End) အဆုံးသတ်တာ။ အကိုနဲ့ ကျွန်မရဲ့ ဆက်ဆံရေးတွေကို Full -stop မချချင်ဘူး အကို ။
မိုက်ရူးရဲစွာနဲ့ အကို ပြတ်ပြတ်သားသားနဲ့ ဆုံးဖြတ်ချက်ချတာလေးကို အခွင့်အရေး ပေးချင်မိနေတယ်။ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ အကြောင်းအမျိုးမျိုးကြောင့် ခွဲခွာခဲ့ရရင် အတ္တကြီးစွာနဲ့
Comma(,)ချခဲ့ချင်တယ်။ Comma(,)လေး ရဲ့ အဓိပ္ပာယ်က to be continued= ဆက်ရန်ရှိသေးသည် တဲ့…..။

#Sam Myu Ter (15.7.2024)
Photo from Facebook







Keep Reading

Oppenheimer ရုပ်ရှင်ကိုလေ့လာခြင်းအနုပညာနည်းလမ်းနှစ်သွယ်နှစ်ခါပြန်မကြည့်ရဲတဲ့ရုပ်ရှင်အ‌တွေးအစအနများညမင်္ဂလာ (Movie Review)၂၁ရာစု မြန်မာ​ခေတ်ပြိုင် ပန်းချီ - ၁မိုင်နိမ်းအစ် ( စ် ) ဂျော့ ( အခန်းဆက်ဝတ္တုရှည်)လက်ရှိလူကြိုက်များနေတဲ့ရုပ်ရှင်အိုဖီးလီယာလွင့်မျောနှင်းစက်များ