ယဥ်သီရိလှိုင်(ဆောင်း)
"ဘာကိုလဲ နင့်သူငယ်ချင်းကငါတယောက်တည်းမှမဟုတ်တာ "
"ငါကတော့သိတယ်နင်ဆိုတာ သေချာတယ် "
"နင်ဘာနင်သေချာရုံမကလို့ ဘာဖြစ်ဖြစ် သွားပြီ"
** ငယ်ရွယ်တဲ့မိန်းမပျိုမလေးရဲ့နှလုံးသားလေးက စတင်အရည်ပျော်နေစဖြစ်နေပါပြီ ဘယ်လောက်ဘဲသန်မာနေပါစေ မိန်းမဟာမိန်းမပါဘဲ
ဟိုဘက်ရွာအရောက်ကြက်ဝိုင်းမှာလူစုံနေပြီ မေမျက်လုံးဝေ့ပြီးငထူးကိုရှာလိုက်တယ် ကြက်ကိုရေပေးနေလေရဲ့
"မေ လာပြီလား ဟိုမှာ"
"အေး "
"ဟာ မေရောလာတာလား မေ ငါလေ မဟုတ်ဘူးဟိုနေ့ကငါ့အမေကလေ "
"ငါနားလည်ပါတယ် "
"တကယ်လား နင်စိတ်မဆိုးဘူးပေါ့နော် ပျော်လိုက်တာဟာ "
"အင်းစိတ်မဆိုးဘူး "
"ဟင် မေ နင်ငါ့ကိုပြုံးပြလိုက်တာလား လှလိုက်တာမေရယ် ငါလေ "
"အင်း ဘာဖြစ်လဲ "
"ငါပြောရင်စိတ်ဆိုးမှာလား "
"ပြောလေဘာမို့လို့လဲ "
"ငါလေ ငါနင့်ကိုချစ်နေတာကြာပြီ အခုထိလည်းချစ်တုန်းဘဲ နောက်လည်းချစ်မှာ အဲ့တာလေ နင်ငါ့ကိုပြန်ချစ်နိုင်မလားဟင်"
"ရီရတယ်နော် နင်က အခုရည်းစားစကားပြောအခုပြန်ချစ်နိုင်မလားဆိုတော့ ငါ့ကိုစဉ်းစားချိန်တောင်မပေးတော့ဘူးပေါ့ "
"အဲ့ အဲ့လိုမဟုတ်ပါဘူး စဉ်းစားပါ နင့်ဘက်ကအဖြေကို ဘယ်လောက်ကြာကြာစောင့်နိုင်ပါတယ် "
"ကြိုက်တယ်အဲ့လိုမျိုးကို ဘယ်လောက်ကြာကြာနော် "
"အင်း ဘယ်လောက်ကြာကြာ ဒါမယ့်အရမ်းတော့မကြာပါနဲ့နော် မေ့ဘက်ကအဖြေကို စောင့်နေပါ့မယ်"
....
"မေ နင်ဘာတွေလုပ်နေတာလည်း "
"ဘာလုပ်နေတယ်ထင်လို့လဲ ဟက် ရီရတယ် နင်သူ့မျက်နှာကိုတွေ့လိုက်လား တကယ်ကြီးယုံသွားတာ သူ့ရဲ့မွေးသမိခင်မျက်နှာကိုလည်းကြည့်ချင်လိုက်တာ တချိန်ကျရင် ငါ့ကိုပျစ်ပျစ်နှစ်နှစ်ပြောခဲ့တဲ့ အဲ့မိန်းမငါ့ခြေသလုံးကိုဖက်ပြီး တောင်းပန်စေရမယ်"
"ဟာ မေရာ အဲ့လောက်မလုပ်ပါနဲ့ သူနဲ့ကင်းကင်းနေလိုက်စမ်းပါ အရင်လိုဘဲနေပါမေရယ် "
"ငါစကားတလုံးကိုဘယ်တော့မှမပြင်တာနင်သိပါတယ်နော်ကြက်ဖ ဘာဖြစ်ဖြစ်ကျေးဇူးဘဲ ကဲငါပြန်ပြီ"
....
"အမေရေ အမေ "
"ဟဲ့ဘာလို့အော်နေတာလဲ တိုးတိုးနေစမ်း"
"အမေ ဖိနပ်တွေနဲ့ ဧည့်သည်ရောက်နေတာလားဘယ်သူတွေလဲ "
"ညီမ အကိုပါ"
"ဟင် ရှင် ဘာလာလုပ်တာလဲ ရှင့်ကိုကျွန်မပြောထားတယ် ကျွန်မမျက်စိရှေ့ပေါ်မလာနဲ့လို မမှတ်ဘူးလားဟမ်"
"ဟဲ့ နင်ကတော့ လေသံကိုလျော့စမ်း "
"အား အာ့ နာတယ်အမေ မဆွဲနဲ့လေနားရွက်ကို အဲ့တာရှင့်ကြောင့်သိလား ရိုက်လိုက်ရ "
"သားရေ လာလေဒီကို "
"ဟင် ဘယ်သူလဲ "
"သမီးလေးက မေထင်တယ် လာ ထိုင်လေသမီး"
"အာ ဟို ဟိုလေ အမေ့ ဗိုက်ဆာလို့ ထမင်းရော ဘာချက်လဲ "
....
"ညီမ ညီမ "
"ဘာလဲ ဘာလို့အော်နေတာလဲ ထမင်းစားနေတာမတွေ့ဘူးလား ပါးစပ်ပိတ်ထားနော် "
"အကိုလေ ညီမကိုလာတောင်းတာ"
"အဟွတ် ...ဟွတ် ..အဟွတ်..."
"ရလား ညီမ ရော့ ရေ ရေသောက်လိုက် ဖြေးဖြေး"
"ရှင်ရူးနေလား ဘာတွေလာပြောနေတာလဲ ဘာကိုတောင်းတာလဲ "
"အဖေကတော့အလုပ်ကခွင့်ယူလို့မရလို့ အမေ့ကိုဘဲခေါ်လိုက်တာ ရတယ်မလားဟင်ညီမ "
"ဒီမှာ ကျွန်မသဘောမတူဘူး ပြန်တော့ရှင့်အမေပါခေါ်ပြီးပြန် ဘာတွေလာပြီးရှုပ်ရှုပ်ရှက်ရှက် ထွက်သွားအိမ်ပေါ်က "
"ညီမရယ် အကို့ကိုနဲနဲလောက်စဉ်းစားပေးလို့မရဘူးလား ညီမအကို့ကိုဘာတွေမကြိုက်တာရှိလဲ အကိုအကုန်ပြင်ပါ့မယ် "
"တခုမှကိုမကြိုက်တာ ရှင်းတယ်နော် သွား အိမ်ပေါ်ကဆင်း ပြောမရရင် ကျွန်မအဆိုးမဆိုနဲ့ "
"မေနန္ဒာ ညည်းဘယ်လိုဖြစ်လို့ဒီလောက်ခါးခါးသီးသီးဖြစ်နေတာလဲ တဖက်လူတွေအားနာစရာ အသံကုန်ဟစ်ပြီး "
"အမေဘာသာ အားနာရင်လဲအမေသာယူလိုက်တော့ သွားလို့ပြောနေတယ်မလား ဟာ အေးမငွားဘူးပေါ့ ဘယ်မလဲ တံမြက်စီး "
"ဒေါ်လေး ဒေါ်လေးရေ "
"သား သားရေ ဒီနေ့တော့ပြန်ရအောင်နော် သမီးမေ အန်တီကဘဲ ကြားထဲကတောင်းပန်ပါတယ်ကွယ် သားကအဲ့လိုတဇွတ်ထိုးလုပ်တတ်လို့ပါ အန်တီလဲမစဉ်းစားမိဘူးဖြစ်သွားတယ်ကွယ် သမီးသဘောကိုထည့်မတွက်လိုက်မိဘူး ကဲပြန်မယ်နော်သမီးလေး"
"ဟုတ် ဟုတ်ကဲ့ "
"ညည်းကတော့ ငါလုပ်လိုက်ရ ညည်းကိုဒီတသက်လာတောင်းတဲ့သူဆိုလို့ဒီသူငယ်လေးဘဲမြင်ဖူးတယ် ဒီသူငယ်မှမယူရင်ဘယ်သူ့သွားယူမလဲပြော ငါ့ကို"
"ဟာအမေရာ ထမင်းအေးဆေးစားပါရစေ အမေ့ကိုပြောပြီးပြီလေ အမေကြိုက်ရင်အမေယူလို့ "
"အေးပါ ပြောထားပါ နောက်မှ"
"ဒေါ်လေးရေ မေ မေရှိလား "
"ဘယ်သူလဲ ငထူး ငထူးလား နင်ဘာလာလုပ်တာလဲ ပြန်တော့ မေ့လက်စာထပ်မိချင်လို့လား ဒီတခါတော့ငါလဲလျော်ကြေးမပေးနိုင်ဘူးနော်"
"ဘာကိစ္စလဲငထူး "
"မေ ညကျရင်ငါတို့ရွာမှာ ပွဲဈေးရှိတယ်လေ အဲ့တာနင်လိုက်မလားလို့ ငါလာခေါ်မယ်လေနော် "
"အင်း လာလေ နင်တယောက်တည်းလား နင့်အမေတွေရော တခြားဘယ်သူပါသေးလဲ"
"မပါဘူး ငါတယောက်တည်း ဟို ငါ့ကိုမယုံလို့လား"
"ဟားဟား ရီစရာတွေမပြောစမ်းပါနဲ့ နင့်ကိုမယုံရင်စကားတောင်ပြောမနေဘူး ညကျလာခေါ်မယ်မလား စောင့်နေမယ်"
"အင်းအင်း စောင့်နေနော်ငါလာခဲ့မယ် ဒေါ်လေး ကျွန်တော်ပြန်ပြီနော်"
..
"သမီး ညည်းဘာတွေလုပ်နေပြန်ပြီလည်း အရင်ကအထိ ငထူးကို ညည်းဘဲ ကြည့်မရဖြစ်နေပြီးတော့ ပြီးတော့အဲ့ကောင်ကိုငါမယုံဘူး မသွားနဲ့ "
"အာ့ဆို ထွေးခင်ပါခေါ်သွားလိုက်မယ် စိတ်ချပါအမေရဲ့ အမေ့သမီးပါ မေနန္ဒာ "
......
တီတီ
"မေ ငါရောက်ပြီ "
"အေးခနစောင့် "
"....."
"ဘာကြည့်နေတာလဲ မမြင်ဖူးလို့လား "
"နင့်ဆံပင် ဒီလောက်ရှည်မှန်းမသိဘူး အခုမှဆံပင်ချတာမြင်ဖူးတယ် ပြီးတော့"
"နောက်မှပြော သွားမယ် နောက်ကျနေမှဆိုင်တွေပိတ်ကုန်မယ် "
"အော် အင်း အင်း "
"မေ နောက်ရက်ကျ အိမ်မှာအလှူရှိတယ် လာလို့ရရင်လာပါလား "
"နင့်အမေက "
"အမေကဘာဖြစ်လို့လဲ ဘာမှမဖြစ်ဘူးမပူနဲ့နော် ငါတယောက်လုံးရှိတယ်"
*မေ့စိတ်ထဲကျေကျေနပ်နပ်ပြုံးလိုက်သလိုအပြင်မှာလဲမဖုံးနိုင်ပြုံးမိသွားတယ် ထုံးစံအတိုင်း မိန်းမမာယာသုံးပြီး စကားဖြတ်လိုက်လေတယ်
"မေ မုန့်ဟင်းခါးစားမလား ခေါက်ဆွဲသုပ်ရော"
"တော်ပြီ ရင်ပြည့်နေလို့ ဒီတိုင်းလမ်းဘဲလျှောက်တာပေါ့ "
"မေသိလား ကိုမေ့ကိုစတွေ့ခါစက မေက ကြက်ဖနဲ့ရန်ဖြစ်နေတာ ကိုကတော့ ပွဲကြည့်ရောလောင်းရင်းနဲ့ရောပေါ့ ပြီးတော့ မေက ကြက်ဖကိုဘေးနားက ငှက်ပျောအူအခြောက်နဲ့ရိုက်လိုက်တာ ကိုလဲမျက်လုံးပြူးပြီး ဝိုင်းဆွဲခဲ့သေးတယ် ကြက်ဖပြန်လုပ်ရင်သူက ယောက်ျားအားလေ အဲ့တာကြောင့်"
"ပြန်ရအောင် အမေစောင့်နေလောက်ပြီ "
"အော်အင်းပါ ခနမေ နဖူးမှာအမှိုက်လေး ....."
"ညီမ ဒေါ်လေးလိုက်ရှာနေတယ် ဘယ်တွေသွားနေတာလဲကွာ စိတ်ပူလိုက်တာ ပြန်ရအောင်"
"လွှတ်စမ်းပါ ကျွန်မဘယ်သွားသွားရှင်နဲ့ဘာဆိုင်လဲ ပြန်မယ်ငထူး "
"ဒေါ်လေးက အကို့ကိုခေါ်ခိုင်းလိုက်တာ လာ အကိုနဲ့ပြန်မယ်"
"ဖယ်လို့ပြောနေတယ်နော် "
"ဒီမှာကိုယ့်လူ မေ့ကိုစိတ်ညစ်အောင်မလုပ်ပါနဲ့ ကျွန်တော်လိုက်ပို့ပေးလိုက်ပါမယ် ခင်ဗျားဘာသာပြန်ပါ "
"မင်းသာ မင်းလမ်းမင်းသွားပါ မေကမကြာခင်ငါနဲ့လက်ထပ်တော့မှာ "
"ပြောလေဆိုးလေပါလား အဲ့လောက်တောင်ဖြစ်နေတာ "
ဖြောင်း...
အပိုင်း (၇)နောက်ရက်တင်ပေးပါမယ်ရှင့်
ချစ်သော readers လေးတွေ?
Keep Reading