Author's Profile Photo

စောမြတ်နွယ်

13/07/2024

နေ့စဉ်လေ့လာ English စာ (13)

1 min read
Education
General Knowledge
18 Again
နေ့စဉ်လေ့လာ English စာ (13)'s photo


I take it back.

ဒီနေ့မှာတော့ I take it back. ဆိုတဲ့ ဝါကျလေးကို နေ့စဉ် စကားပြော မှာ ဘယ်လို အဓိပ္ပာယ် နဲ့ သုံးလဲဆိုတာ ပြောပြမှာဖြစ်ပါတယ်။

အဲ့ဒီ ဝါကျရဲ့ အဓိပ္ပာယ်က ကိုယ်ပြောလိုက်တဲ့ စကားကြောင့် သူများကို စိတ်အနှောင့်အယှက်ဖြစ်သွားစေလို့ ရိုင်းသလိုဖြစ်သွားတဲ့အခါမျိုးမှာ ကိုယ့်စကားကို ပြန်ရုပ်သိမ်းပါတယ် တောင်းပန်ပါတယ်လို့ ပြောတာဖြစ်ပါတယ်။

?????
ဥပမာ
I said she was lying, but I take it back.
သူမကို လိမ်နေတယ်လို့ကျွန်တော်ပြောမိခဲ့တယ်။ကျွန်တော့်စကားကို ပြန်ရုပ်သိမ်းပါတယ်။

I don't mean that so. I take it back.
ငါအဲ့ဒီလို ဆိုလိုတာမဟုတ်ပါဘူး။ ငါတောင်းပန်ပါတယ်။

Don't be angry with me.I am just kidding. I
take it back.
ငါ့ကို စိတ်မဆိုးပါနဲ့။ ငါက နောက်လိုက်တာပါ။ငါ့စကားကို ပြန်ရုပ်သိမ်းပါတယ်။

I take it all back. It wasn't your fault.
မှားပြောမိတာတွေအကုန်ပြန်ရုပ်သိမ်းပါတယ်။မင်းရဲ့ အပြစ်မဟုတ်ပါဘူး။

I didn't mean to offend you. I was only trying to be funny. I take it back.
စိတ်အနှောင့်အယှက်ဖြစ်စေဖို့ မရည်ရွယ်ပါဘူး။ကျွန်တော်က အပျော်အပျက်လုပ်မိတာပါ။ပြောမိတဲ့စကားတွေကို မှတ်မထားပါနဲ့ဗျာ။

English စာဗဟုသုတများ တိုးပွားနိုင်ကြပါစေ။

#စောမြတ်နွယ်
13.7.2024

နေ့စဥ်အသုံးဝင်တဲ့ စကားပြောပုံစံလေးတွေ တင်ပေးသွားမှာမို့ အကောင့်လေးကို follow လုပ်သွားပေးပါဦးနော်။ကိုယ့်အတွက် အကျိုးရှိသွားတယ်ဆိုရင် ♥လေးနှိပ်ခဲ့ဖို့ မမေ့ပါနဲ့ဦး။

Keep Reading

နည်းပညာရဲ့ကျွေးကျွန်များ ဖြစ်လာနေပြီလားအနာဂတ်ပညာရေး၏ ခြေတစ်လှမ်းအစ"စာအရေးအသား ကောင်းစေရန်" – အပိုင်း ၄: စာရေးသူတွေရဲ့ စိတ်နေသဘောထားတွေအကြောင်း  "စာအရေးအသား ကောင်းစေရန်" – အပိုင်း ၃: ဘယ်လို အမျိုးအစားတွေကို ရေးမလဲ   ကိုယ်သာလျှင် ကိုယ့်ရဲ့ပြိုင်ဘက်ပါခေတ်မီဘက်ထရီနည်းပညာ(၃)မျိုး"ဂ" နှင့်သက်ဆိုင်သော သတ်ပုံများတက်ညီလက်ညီ ပန်းတိုင်ဆီသို့ရင်ထဲ ညှိ​စေ​သော ဇာတ်လမ်းများ ​ပြောနည်း - အပိုင်း ၃အတိတ်မှ အတွေးတစ်စ