Author's Profile Photo

SarPhat Author

1/11/2023

ဝိတ်ချဖို့နည်းလမ်းမျိုးစုံကြိုးစားကြည့်ပေမယ့် အလုပ်မဖြစ်ခဲ့ဘူး။

3 mins read
Health
General Knowledge
ဝိတ်ချဖို့နည်းလမ်းမျိုးစုံကြိုးစားကြည့်ပေမယ့် အလုပ်မဖြစ်ခဲ့ဘူး။'s photo

ဒီနေ့ နည်းပညာတွေမီဒီယာတွေနဲ့ လွှမ်းမိုးနေတဲ့ ခေတ်ကြီးမှာ ကိုယ်လိုချင်တဲ့အချက်အလက်တွေကို လက်တစ်နှိပ်စာအတွင်းရလို့ရနေပါပြီ။ ကျွန်မတို့တွေအနေနဲ့ ကိုယ်လက်လှုပ်ရှားရတာမကောင်းလို့၊ လှချင်လို့ ၊ ယုံကြည်မှုတိုးချင်လို့ စတဲ့အကြောင်းအရင်းများစွာနဲ့ ဝိတ်ချကြတဲ့အခါ အင်တာနက်မှာ ရှာတတ်ကြစမြဲပါပဲ။ “ဝိတ်အမြန်ကျအောင်ဘာလုပ်ရမလဲ” ပေါ့။

အဲ့ဒီအချိန်မှာ များစွာသော အစားအသောက်နည်းတွေ၊ လေ့ကျင့်ခန်းတွေက Facebook, YouTube, Tiktok နေရာစုံကနေပေါ်လာပါလိမ့်မယ်။ အလွန်ဝသူတွေကနေ အင်မတန်ပိန်ပြီး ကြည့်ကောင်းသွားကြတဲ့ ၁ မိနစ်စာလောက် ဗီဒီယိုတွေရောပေါ့။ စက္ကန့်ပိုင်းလောက်အတွင်း အချက်အလက်တွေအများကြီး တွေ့နေနိုင်တာအပြင် အခြားကျွမ်းကျင်သူများနဲ့လည်း ဆက်သွယ်ချိတ်ဆက်ကာ ဝိတ်ချနိုင်ကြပါသေးတယ်။

ဒါဆို ဒီလောက်လွယ်ကူနေတဲ့ ခေတ်ကာလမှာ ကျွန်မတို့ ဘာကြောင့် တကယ်ဝိတ်မကျသေးတာလဲ။ ?

ဒီလို အဖြစ်တွေဟာ ကျွန်မတို့နိုင်ငံမှာသာမက ကိုရီးယား၊ အမေရိကန်၊ တရုတ် ကမ္ဘာအနှံ့နိုင်ငံတွေမှာ ကိုယ်အလေးချိန်နဲ့ပတ်သက်လို့ စိုးရိမ်စိတ်များ အနည်းနဲ့အများဆိုသလို ရှိနေကြစမြဲပါ။

ဒါဆို ဒီလိုလွယ်ကူလျင်မြန်ပြီး လိုက်လုပ်နိုင်တဲ့အချက်တွေ သေချာရှာနိုင်ပါရဲ့နဲ့ ဘာကြောင့် ကျွန်မတို့သာမက ကမ္ဘာမှာရော ဝိတ်ချနေလိုသူတွေ အနေနဲ့ ခက်ခဲနေကြရပါသလဲ။ ဒီနေရာမှာ ပိန်ဆေး၊ မျက်လှည့်ဆေးတွေညွှန်းဖို့ဆိုလိုရင်းမဟုတ်ပါဘူး။ ကျွန်မရဲ့ အမြင်အရတော့ ဝိတ်ချတာနဲ့ ကြံ့ခိုင်ရေးအတွက် တည်ဆောက်တဲ့အခါ အချက်အလက်တွေအများကြီးရှိနေ‌ပေမယ့် ပြဿနာနဲ့အဖြေကလွဲနေတယ် လို့ထင်မိပါတယ်။

မြန်မာလိုဆိုရရင် အနာနဲ့ဆေးမတည့်သလိုပါပဲ။ ကျွန်မက ကြံ့ခိုင်စေဖို့တည်ဆောက်ပေးနေတဲ့ Trainer တစ်ဦးမဟုတ်ပေမယ့် ကိုယ်ပိုင်အတွေ့အကြုံကို မျှဝေပေးတာဖြစ်ပါတယ်။

ကျွန်မတွေ့ရသလောက် ဝိတ်ချလိုသူများဟာ လေ့ကျင့်ခန်းလုပ်ရတာ၊ Gym သွားတာ၊ အစားလျော့ရတာ၊ လမ်းလျှောက်တာ၊၊ ရေများများသောက်တာ အပါအဝင် အခြားကျွမ်းကျင်သူတွေပြောတဲ့အချက်များကို လိုက်လုပ်ဖို့ရာဝန်မလေးကြပါဘူး။

သို့ပေမယ့် အဓိကပြဿနာက ဝိတ်ချခြင်းဆိုတဲ့အရာကို “ရေရှည်မတွေးပဲ ခဏလို့တွေးမိကြတာပါ”။ အဲ့ဒါအဓိက ဝိတ်ချတာ မပြီးဆုံးသွားစေတဲ့ တရားခံပါပဲ။

ပြောရမယ်ဆိုရင် ကျွန်မတို့ရဲ့ ကိုယ်အလေးချိန်၊ ကျန်းမာရေး၊ ခန္ဓာကိုယ်စတာတွက ကျွန်မတို့ နေ့စဥ်လှုပ်ရှားသွားလာပုံနဲ့ စိတ်ပိုင်းဆိုင်ရာတွေကို ထင်ဟပ်နေစေပါတယ်။ ကျွန်မတို့ ခန္ဓာကိုယ်ဟာ တကယ့် ပုံရိပ်ပါပဲ။ ကျွန်မတို့ နေ့စဥ်ဘာလုပ်နေသလဲ။ အတွင်းသဏ္ဌာန်က ဘယ်လိုရှိလဲဆိုတာ ခန္ဓာကိုယ်မှာပေါ်ပါတယ်။ ကဲ ဘာကိုဆိုလိုသလဲဆိုတာ အသေးစိတ်ကို ကျွန်မဆက်ရှင်းပြပါမယ်။

ကျွန်မက အရင်က အလုပ်လုပ်ရင်း နားချိန်ရတဲ့အခါ လမ်းလျှောက်တာ ပတ်ဝန်းကျင်ကို ကြည့်လိုက်တာလုပ်လေ့ရှိတယ်။ အခုတစ်လောမှာတော့ အားတဲ့အချိန် ဖုန်းသုံးလိုက်တာ၊ ဆိုရှယ်မီဒီယာကြည့်လိုက်တာ စသည်ဖြင့် အကျင့်တစ်ခုရလာပါတယ်။ ဆိုတော့ အခုနားလိုက်တဲ့အချိန်ဖုန်းကြည့်လိုက်တယ်ဆိုတာ စဥ်းစားကြည့်လိုက်ရင်တော့ ဘာမှမဖြစ်ပါဘူးလေလို့ထင်ရပါတယ်။ အလုပ်လုပ်နေရင်း အချိန်ကျလာရင် ဖုန်းလေးကောက်ကိုင်လိုက်တာပေါ့။

ကြာလာတော့ လူရဲ့ ခန္ဓာကိုယ်က ဖုန်းသုံးရခြင်းအပေါ် “စိတ်အပန်းဖြေမှုတစ်မျိုး” အဖြစ်လက်ခံလာပြီး နားတာနဲ့ ဖုန်းကိုင်တဲ့အကျင့်က အလိုအလျောက်ခန္ဓာကိုယ်မှာဖြစ်လာပါတယ်။ ဒီတော့ လှဲပြီးတော့ပဲဖြစ်စေ၊ ထိုင်နေရင်းဖြစ်စေ နားချိန်မှာ ဖုန်းသုံးခြင်းက အချိန်ကြာတော့ အကျင့်တစ်ခုဖြစ်လာပါတယ်။ တဖြေးဖြေးနဲ့ ကျွန်မအချိန်တွေက တခြား လုပ်စရာလေးတွေလုပ်လို့ရတဲ့ နားချိန်မှာ ဖုန်းသုံးတာနဲ့ပဲ အချိန်ကုန်လာပါတော့တယ်။

လနဲ့နှစ်အနည်းငယ်လောက်ကြာတဲ့အခါမှာတော့ ဝိတ်တက်လာတာ၊ မအီမသာဖြစ်တာမျိုး ခံစားရပြီး လုံးဝဝိတ်စချတော့ဖို့ စဥ်းစားမိခဲ့ပါတယ်။ ၇ ရက်အတွင်း ဝိတ်ကျတဲ့ လေ့ကျင့်ခန်းဗီဒီယိုတွေ၊ အစားရှောင်နည်းတွေသေချာရှာဖွေကြည့်ရှုပြီးတဲ့နောက် ဝိတ်စချပါတော့တယ်။ ကိုယ်ကြိုက်တဲ့အစားအသောက်တွေဖြတ်တယ်။ ကိုယ့်ရဲ့ နေ့စဥ်ပုံစံတွေကိုပြောင်းပစ်ခဲ့တယ်။ သေချာစပြီး လေ့ကျင့်ခန်းလုပ်တယ်။ ကျွန်မဝိတ်ကျပြီး ကျန်းမာသွားခဲ့ပါသလား။? လုံးဝပါပဲ။ ကျွန်မ အစားရှောင်ပြီးမကြာပါဘူး ခေါင်းမူးလိုပြန်စားတယ်။ တစ်ပတ်လောက် လေ့ကျင့်ခန်းလုပ်ပြီး ဆက်မလုပ်ဖြစ်တော့ပဲ နဂိုကာလပြန်ရောက်သွားပြန်ပါရော။

ဒီနေရာမှာ ကျွန်မ ဒီဆောင်းပါးမှာ ထည့်ပြီး သေချာမျှဝေချင်တဲ့ အချက် (၂) ချက်လာပါပြီ။

ပထမတစ်ချက်။ ကျွန်မတို့အနေနဲ့ နေထိုင်စားသောက်ပုံကို ရက်အနည်းငယ်လောက်ပြောင်းလိုက်ခြင်းက တစ်ဘဝလုံးစာ ပြောင်းလဲစေမယ့် ထင်ပါသလား။

  • ကျွန်မတို့ နေ့တိုင်း သွားတိုက်လေ့ရှိပါတယ်။ သွားဆရာဝန်ဆီ တစ်လ ၂ ခါသွားမယ် ကြားရက်တွေသွားမတိုက်တော့ဘူးလို့ရပါသလား။
  • ကျွန်မတို့ နေ့စဥ်နီးပါး ရေချိုးကြပါတယ်။ Spa ကို တစ်ပတ်တစ်ခါသွားမယ်။ တခြားရက်တော့ ရေမချိုးတော့ဘူးလို့ ရပါသလား။
  • စဥ်းစားကြည့်ကြစို့ ကျွန်မတို့က ရေချိုးခြင်း၊ သွားတိုက်ခြင်း ဆိုတဲ့ လုပ်ငန်းဆောင်တာလေးတွေကို နေ့တိုင်းလုပ်ဖြစ်သလို တစ်နေ့တစ်နေ့ အပြင်းအထန် ၂ နာရီလောက်ဆက်တိုက် ချွေးပြိုက်ပြိုက်ကျအောင် ရက်နည်းနည်းပဲ လုပ်မယ့်အစား လမ်းလေးအနည်းငယ်လျှောက်တာ၊ သွေးပူလေ့ကျင့်ခန်းလေးလုပ်တာကို နေ့စဥ်လုပ်ရမယ့် အလုပ်လေးလို နည်းနည်းချင်းစီခွဲထည့်ပေးလို့မရနိုင်ဘူးလား။ ….

ဒုတိယတစ်ချက် ။ အရင်က အကျင့်တွေကို ကျန်းမာစေမယ့် အကျင့်အသစ်တွေနဲ့ ပြောင်းလဲလိုက်တယ်ဆိုတာဟာ ရေးထားသလောက် လိုက်လုပ်ရတာမလွယ်ပါဘူး၊ ကျွန်မအမြင်အရတော့ အကျင့်တစ်ခုကို ပြောင်းလဲတယ်ဆိုတာ လူတစ်ယောက်မှာ အခက်ခဲဆုံးလို့ မြင်ပါတယ်။ အလေ့အကျင့်တွေဟာ မမြင်ရတဲ့ ၊ မရည်ရွယ်တဲ့ အကျင့်စရိုက်တွေကို ဖန်တီးပေးနေပြီး ချက်ခြင်းပြောင်းလဲဖို့ ခက်ခဲ့ပါတယ်။

  • ကျွန်မတို့ဟာ အကျင့်ဟောင်းတွေကို ဖျက်ကာ အကျင့်သစ်တည်ဆောက်ဖို့ အချိန်ယူရပါတယ်။ ဒီတော့ ခဏလေးအတွင်းမှာ၊ အချိန်တိုအတွင်း ပြောင်းလဲမယ်ဆိုတာထက် စနစ်ကျတဲ့ အလေ့အကျင့်ပြောင်းလဲခြင်း နည်းစနစ်ကို ကျင့်သုံးသင့်တယ်လို့မြင်ပါတယ်။ ဒီတော့ ဘဝမှာ နေ့စဥ်အလေ့အထလေးတွေဖန်တီးပြီး ကိုယ်သွားချင်တဲ့ပန်းတိုင်ကို မလောပဲအရောက်သွားတာက ရေရှည်သွားနိုင်မယ့်လမ်းပါပဲ။ ဒီအချက်ကို ဝိတ်ချတာမှာတင်မက ဘဝမှာပါသုံးနိုင်ပါတယ်။


ဒီတော့ အချုပ်ပြန်ပြောရရင် ဒီလောက်နည်းပညာတွေ၊ အချက်အလက်တွေများနေတဲ့ ခေတ်ကြီးမှာကျွန်မတို့ ဝိတ်ကျဖို့ရာခက်ခဲ့နေရခြင်းက ကျွန်မတို့ ခံယူချက်ကြောင့်ပါ။ နှစ်ရှည်တည်လာတဲ့ ကိုယ်အလေးချိန်ဟာ ထပ်တူအချိန်ပေးပြီးချမှရပါမယ်။

၁။ ရှေတိုမကြည့်ပါနဲ့။ ဝိတ်ချခြင်းဟာ နေ့စဥ်လုပ်ရမယ့်အလုပ်လို့တွေးပါ။
၁။ ကျန်းမာတဲ့ အလေ့အထကို ဖြေးဖြေးချင်း မွေးမြူသွားပါ။

ဖတ်ရှုပေးတာ ကျေးဇူးတင်ပါတယ်ရှင်။

Keep Reading

Doorway Effectအရေးပေါ် ဓာတ်ဆားဖျော်နည်းNeurocycle ဆိုတာဘာလဲ?မပြိုင်ပါနဲ့လူငယ်များ သတိပြုစရာ Social Media နှင့် Dopamine ဟော်မုန်းဆက်နွယ်မှု သင်သိပါသလား? ၂၀၂၅မှာ ကမ္ဘာ့လူဦးရေ သန်း၂၈၀ကျော် စိတ်ဓာတ်ကျခြင်းဝေဒနာခံစားနေရတယ်ဆိုတာ…‘Me Time များများပေးပါ’အာရောဂျံ ပရမံ လာဘံProgrammer များအတွက် ကောင်းမွန်တဲ့ Mental Health ကို တည်ဆောက်နိုင်ဖို့ နည်းလမ်း (၆) သွယ်။စိတ်၏ အဟန့်အတား( barrier of mental health)