Author's Profile Photo

Youth’s Book Reflections

11/07/2024

The Boy In The Striped Pajamas(အပြစ်မဲ့အပြစ်သား)

1 min read
Book Review
General Knowledge
The Boy In The Striped Pajamas(အပြစ်မဲ့အပြစ်သား)'s photo


~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဘာသာပြန်ထားတာကတော့စာရေးဆရာသက်ပိုင်ပေါ့ စာရေးဆရာက သူ့အကြောင်းကို သိပ်အကျယ်တဝင့် ရေးထားတာမျိုးတော့မရှိဘူး။ဒီစာအုပ်က စာအုပ်အနေနဲ့ နာမည်ကြီးသလို ရုပ်ရှင်ထွက်တော့လည်း တော်တော်နာမည်ကြီးခဲ့တယ်။ဘာသာပြန်ဆိုပေမဲ့ ထိထိမိမိနဲ့ စာအုပ်ကိုလက်က မချချင်ရလောက်အောင် အရေးအသားစွမ်းရည်ကတော့ လေးစားလောက်ပါတယ်။

ဒီထဲမှာ ဇာတ်အိမ်တည်ထားတာက လူငယ်လေးနှစ်ယောက်ကိုပေါ့။ ဂျာမန်စစ်ဗိုလ်တစ်ယောက်ရဲ့အငယ်ဆုံးသားလေး ဘရူနို နဲ့ ဂျူးကလေးအကျဥ်းသား ရှမူးလ်နဲ့ပေါ့။ ရှမူးလ်အပိုင်းကတော့ စာအုပ်ရဲ့တစ်ဝက်လောက်မှစပါတာပါ။ဖျူရီလို့ခေါ်တဲ့ ဟစ်တလာ ဘရူနိုတို့အိမ် ညစာလာစားတဲ့ရက်ကနေစပြီး ပျော်ရွှင်စရာဘရူနိုဘဝဟာတစ်ဆစ်ချိုးပြောင်းသွားပါတော့တယ်။ဘရူနိုရဲ့ ဘာလင်အိမ်ကနေ အိပ်မက်ဆိုးဖြစ်တဲ့ ဂျူးအကျဥ်းထောင်နားက အိမ်ကိုပြောင်းရပြီးနောက်မှာ တွေ့ဖို့အကြောင်းဖန်လာတာပေါ့။ကလေးသဘာဝ သူငယ်ချင်းသံယောဇဥ်တွေ ပတ်ဝန်းကျင်ရှုခင်းအပေါ် သာယာမှုတွေကို အပြောင်းအလဲအဖြစ်မြင်ရတဲ့အခါ ရက်သတ္တပတ်လောက် စိတ်ညစ်တဲ့ဒဏ်ကိုအလူးအလဲခံခဲ့ရပါတယ်။

ဇာတ်လမ်းပြန်ဆက်ရရင် ငယ်စဥ်ကတည်းက ဖခင်ရဲ့လောင်းရိပ်မိလာတဲ့ ဘရူနို ဟာ ဂျာမန်လူမျိုးတွေသာအမြင့်မြတ်ဆုံးဆိုတဲ့ မှိုင်းသွင်းခံထားရပါတယ်။ဘာမှမသိမနားလည်သေးတဲ့ဘရူနိုဟာ စိတ်ကလေးကတော့အဖြူထည်လေးပေါ့။မေးခွန်းတွေနဲ့ပြည့်နှက်နေပြီး အရာရာကိုစူးစမ်းချင်နေပါတယ်။ကိုယ်ချင်းစာသနားတတ်တဲ့ဓာတ်ခံရှိသူပီပီ လိမ်ဆင်တွေနဲ့သမိုင်းနဲ့ပထဝီကိုသူမုန်းပါတယ် သူ့အကြိုက် ပြဇာတ်နဲ့ဂီတတွေကို သင်ချင်ပေမယ့် ဆရာမိဘတွေရဲ့ အရောင်ဆိုးမှုကြောင့်လွတ်"လပ်"လေ့လာခွင့်မရခဲ့ပါဘူး။

ဖိနှိပ်လေရုန်းထွက်တတ်တဲ့လူသဘာဝအတိုင်း ဘရူနိုလေးဟာ အခန်းပြတင်းပေါက်က ခပ်လှမ်းလှမ်းက တံတိုင်းခတ်ထားတဲ့ ရွာကရွယ်တူကလေးတွေ(ဂျူးကလေးအကျဥ်းသားတွေ)ဆီသွားချင်စိတ်ပြင်းပြနေခဲ့ပါတယ်။ဒီစိတ်ကပဲ တံတိုင်းတစ်ဖက်ကိုယ်စီခြားနေတဲ့ ရှမူးလ်ဆိုတဲ့ ကောင်လေးနဲ့ တွေဖို့ဖန်လာတာပါပဲ။ပိန်လှီလွန်းတဲ့သူ့သူငယ်ချင်းလေးကို အစားအစာခိုးဝှက်စွန့်စားသယ်လာပေးတတ်တဲ့ စိတ်ကောင်းရှိတဲ့ဘရူနိုဟာ တစ်နေ့မှာသူ့အဖေရဲ့လက်ထောက်လက်ဖ်တနင် ခိုင်းစေမှုနဲ့ သူတို့အိမ်ဆီရောက်လာတဲ့ ရှမူးလ်ကိုအစာခိုးကျွေးတာမိသွားပြီး လိမ်လည်ပြီးကိုယ်လွတ်ရုန်းကာ မတတ်သာတဲ့အဆုံးသူငယ်ချင်းကိုသစ္စာဖောက်ခဲ့ရပါတယ်။

အဲ့စိတ်နဲ့ပဲသူ့သူငယ်ချင်းအပေါ် အားနာနေပြီစိတ်မကောင်းဖြစ်နေရတဲ့ဘရူနိုဟာနေ့တိုင်း ခြံစည်းရိုးကိုသွားပေမယ့် တစ်ပတ်လောက်ရှမူးလ်ကမပေါ်တော့ဘူးလေ။ရှမူးလ်ပြန်ပေါ်လာတဲ့နေ့မှာ ရှမူးလ်နဲ့အတူ သတင်းဆိုးလည်းပါလာခဲ့ပါတယ်။သူ့အဖေပျောက်နေကြောင်းပေါ့။သူငယ်ချင်းကိုခင်တဲ့စိတ်၊အားနာတဲ့စိတ်နဲ့ ဘရူနိုဟာအရဲစွန့်ပြီး သူအမြဲပြန်ချင်နေပါတယ်ဆိုတဲ့ ဘာလင်အိမ်ကိုမပြန်ရခင်တစ်ရက်အလိုမှာ ရှမူးလ်နဲ့ပူးပေါင်းပြီး အကျဥ်းထောင်ထဲကို ရုပ်ဖျက်ဝင်ကာ ရှမူးလ်အဖေရှာပုံတော်ထွက်ခဲ့ပါတယ်။ကံအကြောင်းမလှစွာနဲ့ ဆယ်ကျော်သက်ကောင်လေးနှစ်ယောက်စလုံးဟာ နာဇီဂျာမနီတို့ရဲ့ ဂျူးသန်းနဲ့ချီအား လူမဆန်စွာသတ်ခဲ့ကြတဲ့ဓာတ်ငွေ့ခန်းလုံပိတ်ကြီးထဲမှာ ပိတ်မိပြီး ရှမူးလ်အဖေအပါအဝင် သန်းပေါင်းများစွာသောဂျူးလူမျိုးတို့သွားရာနောက်ကိုလိုက်သွားခဲ့ကြပါတော့တယ်။

Rating-⭐️⭐️⭐️⭐️

#ဘာသာပြန်#သက်ပိုင်

Keep Reading

ခန်းဆောင်နီအိပ်မက်-မြသန်းတင့်AVA (Season 1 & 2) Beyond AVA The Fall of Hantharwaddyမေတ္တာမဏ္ဍိုင်တန်ဖိုးရှိတဲ့အရာ ခံစားမိအောင်ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်သည်းခြေကြိုက် စာအုပ် ၆ အုပ်"စာအရေးအသား ကောင်းစေရန်" – အပိုင်း ၄: စာရေးသူတွေရဲ့ စိတ်နေသဘောထားတွေအကြောင်း  The Gentleman in the Parlour"စာအရေးအသား ကောင်းစေရန်" – အပိုင်း ၃: ဘယ်လို အမျိုးအစားတွေကို ရေးမလဲ   ရပ်တန့်ရမယ့်အချိန်