Youth’s Book Reflections
••••••••••••••••••••••••••••••••••••••••
Mindfulness နဲ့ပတ်သက်တဲ့ စာအုပ်ကောင်းလေး ညွှန်းပါရစေ။ဒီစာအုပ်ဟာ ကမ္ဘာမှာ ရောင်းအားအကောင်းဆုံး စာအုပ်အဖြစ် အချိန်အတော်ကြာ နေရာယူထားနိုင်ခဲ့တဲ့စာအုပ်ပါ။
ပင်လယ်စင်ယော်ကို အခြေပြုပြီး ဇာတ်အိမ်ဖွဲ့ထားတာဖြစ်ပါတယ်။အုပ်စုထဲကခွဲထွက်နေတဲ့ သင်းကွဲဇင်ယော် “ယောနသံ”ဟာ မိဘတွေအကြိမ်ကြိမ်နားချသည့်တိုင် သူမြတ်နိုးရာအလုပ်ကို အတိုက်အခိုက်တွေကြားက ရအောင် လုပ်ဆောင်ရင်း စင်ယော်ဖြစ်လာရခြင်းရဲ့ ဘဝအဓိပ္ပာယ်ကိုရှာတွေ့သွားပါတော့တယ်။
ဒီစာအုပ်ဟာ ဘဝရဲ့ အဓိပ္ပာယ်ကို ရှာဖွေဖို့နည်းလမ်းပြတာပါ။စင်ယော်ငှက်အများစုဟာ ကမ်းနားမှာ လူတွေမိထားတဲ့ ငါးတွေကို လုယက်စားသောက်ကြရင်း တစ်ယောက်အစာ တစ်ယောက် ကြီးနိုင်ငယ်ညဉ်းလုပ်ရင်းသာ ကုန်ဆုံးစေပါတယ်။လောဘ ဒေါသ မောဟတွေနဲ့ လောကီစည်းစိမ်ကိုသာ မှိန်းမောမူးယစ်သာယာနေကြပါတယ်။
ဒီလိုကြားထဲကနေ တစ်ကောင်တစ်လေကတော့ အသိုင်းအဝိုင်းကနေဖောက်ထွက်ပြီး ဘဝလွတ်မြောက်ရေး ဘဝအဓိပ္ပာယ်ရှာတတ်ကြပါတယ်။အများနဲ့ဆန့်ကျင်သလိုဖြစ်လာတဲ့အခါ ထိုကြိုးစားသူတွေဟာ စည်းအပြင်ကသူတွေ၊ဘောင်အပြင်ကသူတွေဖြစ်သွားပြီး ကြဉ်ခံရပါတယ်။”အလကား အဓိပ္ပာယ်မရှိတဲ့အလုပ်တွေ အချိန်ကုန်ခံအရူးထပြီးလုပ်တယ်” ဒီလိုအပြောတွေကလည်းမလွတ်ပါဘူး။
ကြဉ်ခံရပြီး နယ်နှင်ခံရတဲ့အခါ သူတို့ဟာ သူတို့ဆုံးဖြတ်ချက်ပေါ်မှာယိမ်းယိုင်ပြီး ဘဝအဓိပ္ပာယ်ရှာဖွေရေးလမ်းစဉ်ပေါ် ဆက်လျှောက်ဖို့ တုံ့နှေးတတ်ကြပါတယ်။ဒါဟာ ပါရမီဖြည့်ဆည်းတဲ့အပိုင်းနဲ့လည်းဆိုင်ပါတယ်။တစ်ယောက်နဲ့တစ်ယောက်ဟာ ပါရမီအထုံ မတူတာမလို့ တရားအစစ်မှန်ရဖို့ ကြာတာချင်းလည်းမတူနိုင်ပါ။ဘဝပေါင်းများစွာဖြည့်ခဲ့ရပါတယ်။
တရားရလာပါပြီတဲ့ ဒီတရားကိုပြန်ဟောမယ် မဟောဘဲကိုယ်လွတ်ရုန်းတော့မယ်ဆိုပြီးလည်း နှစ်မျိုးထပ်ကွဲပါသေးတယ်။တချို့က ကိုယ့်ရပ်ကိုယ်ဌာနေ ကိုယ့်အမျိုးကိုချစ်တဲ့စိတ်နဲ့ လွတ်မြောက်စေလိုတဲ့ဆန္ဒနဲ့ လောကသားတို့အကျိုးပြုကြသလို ကိုယ်ထီးတည်း လွတ်မြောက်လမ်းကိုရှာသွားသူလည်းရှိကြပါတယ်။
တရားစစ်မှန်ကို လာစမ်းတဲ့သူတွေရှိသလို အစွန်းရောက်ကြည်ညိုကိုးကွယ်လွန်းသူတွေရှိိတာသဘာဝပါပဲ။ဒီထဲက ယောနသံက သူ့ကို ကိုးကွယ်ဖို့ မလို သူ့နည်းတွေလိုက်လုပ်ကြည့်ပြီး ကိုယ်တိုင်ဖြစ်ကြည့် ခံစားကြည့်ဖို့တိုက်တွန်းပါတယ်။
လောကမှာ သည်းခံတယ်ဆိုတဲ့ ခန္တီတရားဟာ ကိုယ်ချင်းစာတရား၊မေတ္တာတရားတို့နည်းတူ လောကကြီးကို တည်မြဲစေတဲ့ စောင့်ရှောက်တဲ့လောကပါလတရားလို့မြင်မိပါတယ်။ခန္တီဆိုတဲ့ သည်းခံတရားဟာ လိုက်နာကျင့်သုံးဖို့ခက်ပြီး မြင့်မြတ်ခမ်းနားပါတယ်။
ဘာသာရေးဆန်ဆန်လည်း ရှုမြင်လို့ရသလို ဝါသနာပါရာအလုပ်တစ်ခုလုပ်တဲ့အခါမှာ ကြုံရတတ်တဲ့ စိတ်ပျက်မှု၊အခက်အခဲ၊အတိုက်အခိုက်တွေကို ကျော်လွှားဖို့ခွန်အားလည်း ရယူနိုင်ပါတယ်။
"Oh, Fletch, you don't love that! You don't love hatred and evil, of course. You have to practice and see the real gull, the good in every one of them, and to help them see it in themselves. That's what I mean by love. It's fun, when you get the knack of it.”
-Jonathan
“Look at Fletcher! Lowell! Charles-Roland! Judy Lee! Are they also special and gifted and divine? No more than you are, no more than I am. The only difference, the very only one, is that they have begun to understand what they really are and have begun to practice it."
-Jonathan
Rating-⭐️⭐️⭐️⭐️
Keep Reading