SarPhat Author
ဒီတစ်ခါရေးသားပြုစုမှာကတော့ စာဖတ်သူမိတ်ဆွေများအတွက် မြင်တက် ခွဲတက် သိတက် ဖို့ကို ရည်ရွယ်ပါတယ်။ ဘာတွေဖြစ်မလဲ ဘာတွေအကျိုးပြုမလဲဆိုတာ အချက်အလက် သေချာစွာ အောက်ပါတို့မှာ ရှင်းပြထားပါတယ်။
လူတွေက သရဲဘာလို့မြင်ရတာလဲ?
အများအားဖြင့် တော်တော်များများက အရိပ်မဲမဲမြင်တိုင်း သရဲဆိုပြီး သမုတ်ပြီးခေါ်ကြပါတယ်။ ဟုတ်ပါတယ် ဒါကကျွန်တော်တို့ လူ့ဘောင် လူ့အသိုင်းဝိုင်းမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့အရာတစ်ခုပါပဲ။ လူတွေဘာလို့ သရဲမြင်တွေ့ကြရတာလဲဆိုတော့
(၁) အကူညီတောင်းတာတို့ အကူညီလိုအပ်တာမျိုးဆို
ပရလောကသားတွေက ကိုယ်ထင်ပြကြပါတယ်။ကိုယ်ထင်ပြတဲ့အခါမှာ သူတို့ကို သတိထားမိစေဖို့အတွက် အရာဝတ္ထုတွေနဲ့သော်လည်းကောင်း အသံနဲ့သော်လည်းကောင်း ကိုယ်ဟန်အမူအရာနဲ့သော်လည်းကောင်း ပြလေ့ ပြုလေ့ ရှိကြပါတယ်။
(၂) လူတွေရဲ့ ဘုန်းကံက အလွန်မြင့်မားကြပါတယ်။ အဲ့တာကြောင့် ကျွန်တော်တို့ ပြုလုပ်ထားတဲ့ ကုသိုလ်ဒါနဖြစ်ဖြစ် ကျင့်ကြံအားထုတ်ထားတဲ့ တရားဘာဝနာဖြစ်ဖြစ် သူတို့ကိုခွဲပေးဖို့ အကူအညီတောင်းခံတဲ့သဘောနဲ့လည်း ကိုယ်ထင်ပြကြပါတယ်။
(၃) ပုံမှန်ဖြစ်ရပ်မျိုးမဟုတ်တာ လိုက်နှောက်တာမျိုးဆို အနားကနေမခွာ ကပ်ပြီးလိုက်ပါလာတတ်ပါတယ်။ ဘုရား တရား သံဃံ ရတနာမြတ်သုံးပါးနဲ့ ဆန့်ကျင်တဲ့ အတတ်မျိုးနဲ့ ပြုလုပ်ဖမ်းစားခံရတဲ့အခါမျိုးတွေလည်း
အပေါ်က ၂ ချက်ထက် ပိုပြီး ကြောက်စရာကောင်းသလို ပိုပြီး ခြောက်လန့်ဖွယ်ရာ အဖြစ်အပျက်တွေနဲ့ ကြုံရတတ်ပါတယ်။ကျွန်တော်တို့ကို မကောင်းတဲ့ အတတ်ပညာနဲ့ ပြုလုပ်ဖမ်းစားထားလျှင် ဘယ်လိုသိနိုင်မလဲဆိုတော့
-၁- သွေးသားလည်ပတ်မှု နှေးကွေးလာခြင်း။
-၂- ခေါင်းမူးခြင်း၊ ခေါင်းကိုက်ခြင်း ၊ နှလုံးအောင့်ခြင်း၊ ဝမ်းဗိုက်တွင် အောင့်တတ်ခြင်းတို့ ဝမ်းဗိုက်တွင် အလုံးတစ်လုံး သို့မဟုတ် အကြိတ်တစ်ခုလိုဖြစ်နေတာမျိုးရှိနေတတ်ပါတယ် ။
-၃-ခြေထောက်တစ်ဖက် သိသိသာသာ ထုံကျင်လာခြင်း ၊ ခြေထောက်တစ်ဖက် ခဲကိုက်နေခြင်း၊၊ ခြေဖဝါးခြေမတွေမှာ အမည်မသိ အနာတွေ ဖြစ်နေတတ်တာမျိုးတွေလည်းဖြစ်နေတတ်ပါသေးတယ်။
ထိုအရာတွေကို သတိထားမိရင် မိမိနဲ့ နီးစပ်ရာအထက်လမ်းဆရာတစ်ယောက်ယောက်နဲ့ စစ်ဆေးကုသဖို့ အကြံပြုပါတယ်။ တခြားဖြစ်စဥ်များစွာ ရှိပေမယ့် အခြေခံအချက်အလက်တွေကို ဖော်ပြထားခြင်းဖြင့် စာဖတ်သူမိတ်ဆွေများအတွက် များစွာ အထောက်အကူပြုစေမှာပါ။
ရိုသေလေးစားသောအားဖြင့်
Joy(ဘုန်းမိုးသွန်း)
-Joy (ဘုန်းမိုးသွန်း)
Keep Reading