Author's Profile Photo

စာအုပ်

10/07/2024

လူမှန်ရင် စာဖတ်သင့်တယ်

1 min read
Book Review
လူမှန်ရင် စာဖတ်သင့်တယ်'s photo

တကယ်ကောင်းတဲ့စာပေတွေကို ထိတွေ့မိရင် ရင့်နင့်၍ ခံစားရပါတယ်။ကျွန်တော်ဆို အရင်တုန်းက ဝတ္ထုစာအုပ်ဆို နှာခေါင်းရှုံ့မိပါတယ်။

လူကြီးတွေပြောတာ နားဝင်မိတာပါ။ငါတို့ ငယ်ငယ်တုန်းကဆို ၀တ္ထု မဖတ်ဘူး။အကျိုးမရှိဘူးဘာလာ ဘာလာ ပေါ့။ လူကြီးတွေက ဝတ္ထု စာအုပ်ဆို မငြားခိုင်းဘူး။ဘာညာ ဆိုပြီးကြားဖူးတာပေါ့။

အချိန်ကုန်တာဘဲ အဖတ်တင်မယ်ပေါ့။အလကား အချစ်အကြောင်းတွေဘာ ဆိုပြီးစာအုပ်ဆိုင်သွားရင် ထိတောင်မထိပါဘူး။

ကြည့်လိုက်ရင် အောင်မြင်ရေး တိုးတက်ရေး တက်ကျမ်းတွေ ဘဲရွေးဝယ်တာ ငါအရမ်းတိုးတက်ချင်ပါတယ် အောင်မြင်ချင်ပါတယ်ပေါ့။

အခုတော့ အကုန်ဖတ်ပါတယ်။ဖတ်ဖြစ်အောင်လည်းလုပ်နေပါတယ်။အကျိုးရှိတဲ့ဘယ်စာပေ မဆိုကိုယ်ကြိုက်ရင် ဖတ်ပါ။

ဝတ္ထု စာအုပ်တွေ ရသစာပေတွေ ဆိုတာ အချစ်ကြောင်းတွေထက်ပိုပါတယ်။ လူသဘော သဘာဝ တွေနဲ့ လူဘဝမှာ ကြုံကြ ဆုံကြ ရတဲ့ လူတွေအကြောင်းကို ရေးသားဖန်းတီးထားကြတာပါ။စာပေတိုင်းက လှပပါတယ်။

သုတ စာပေတွေလည်းဖတ်ပါ။ လူငယ်တွေဆိုတာ တက်ကျမ်းတွေကို ဖတ်ရတာ ကြိုက်ကြပါတယ်။ တချို့ တက်ကျမ်းတွေက အပ်ကြောင်းတွေ ထပ်နေပေမဲ့လည်း အရေးအသားကောင်းရင် ခံစားရတာချင်း တော့ မတူကြပါဘူး။

အသက်ငယ်ငယ်နဲ့ စာရေးပြီး အောင်မြင်နေတဲ့ Author အများစုကို ကျွန်တော် အားကျတယ်။

လူငယ်တွေရေးတဲ့ စာတွေဟာ ခေတ်ကိုဆောင်တယ်။လူငယ်တွေမှ စာမရေးရင် ဘယ်သူတွေက စာရေးတာကိုလုပ်ကြမှာလဲ။

လူငယ်တွေမှမလုပ်ရင် မအလဆိုတဲ့အဘိုးအိုကြီး တိုင်းပြည်အာဏာသိမ်းထားသလို မြန်မာ့စာပေတွေလည်း  ကပေါက်ထိကပေါက်ချာ ဗြောင်းဆန် နေပါအုန်းမယ်။မတွေး၀ံ့ပေါင်။

ကျွန်တော် ဆို စာစရေးတုန်းကဆို ငါရေးတာတွေကို တခြားလူတွေ ဘယ်လိုထင်မလဲ။

ငါထက်စာရေးတော် တဲ့ လူက ငါစာဖတ်မိရင် ဒီကောင်ဟာCopy  တွေပါကွာ အလကားဆိုပြီးပြောများခံရမလားဆိုပြီး တွေးခဲ့ဘူးပါတယ်။

ကျွန်တော် စာတွေက Copy မဟုတ်ဘူးနော်။

တကယ်တော့ အဲသလိုဟုတ်မနေပါဘူး။ ကျွန်တော် တွေ့ရသလောက်တော့ အချင်းချင်း Support ပေးကြတာတွေ့ရပါတယ်။ကျွန်တော် လည်းပေးခံရတယ်လို့မြင်တယ်။

တကယ်ထိုးနှက်မဲ့လူနဲ့ မတွေ့သေးလို့ ထင်ပါတယ်ဗျ။

အရင်တုန်းကဆို စာအုပ်တစ်အုပ်ကို ပြီးပြီးရော ဖတ်မိခဲ့တယ်။ အခုတော့ ကျွန်တော် လည်း အနည်းငယ် စာရေးတော့ နားလည်လာတယ်။ ဖန်းတီးရေးရသူလည်း အချိန်ပေးပြီး လုပ်ထားတာဆိုတော့ သေချာလေး ဇိမ်ယူပြီး ဖတ်မိတယ်။ဖတ်ပြီးတိုင်း ပြန်တွေးတယ်။၀တ္ထုတို့ ရသစာပေတွေ ကအဲ့လိုဖတ်ရင် သိပ်အရသာရှိတာ။ကျွန်တော် အတွက်ပေါ့။ ကိုယ်အားသန်ရာ ဖတ်ကြပါ။
မယုံရင် ဇိမ်နဲ့ဖတ်ကြည့်။

ဇိမ်ယူတယ်ဆိုတာ တမျိုးမထင်နဲ့ နေရာထိုင်ခင်းကို ပြောတာမဟုတ်ဘူး။အဲ့ဒီစာကြောင်းကို အထပ်ထပ်အခါခါ ဖတ်ပြီး မှတ်မိသယောင်ရှိရင်စိတ်ထဲမှာပြန်တွေးခိုင်းတာ။ အချိန်တော့ ကုန်တယ်။

ဘယ်လိုဘဲ ဖြစ်ဖြစ် စာဖတ်ပါ။
တနေ့ကို 5မိနစ် လောက်ဘဲ ဖတ်ပါ။
လူမှန်ရင် စာဖတ်ပါ။

စာဖတ်သူများကို အစဥ်လေးစားလျှက် စာအုပ်...


10.7.24

Keep Reading

တစ်ကျွန်းစံ၏အပြန်လမ်းအသပြာလုလင်ညပျူတွေ ဘယ်ပျောက်သွားသလဲဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၂၆-၃၂) စာအုပ်လား ရုပ်ရှင်လားကိုယ့်အလှ ဘဝငွေလမင်း - တက္ကသိုလ် ဘုန်းနိုင်𝙂𝙚𝙤𝙧𝙜𝙚 𝙊𝙧𝙬𝙚𝙡𝙡 𝘾𝙤𝙡𝙡𝙚𝙘𝙩𝙞𝙤𝙣မပျင်းစရာ စွဲမက်စရာ ကောင်းတဲ့စာအုပ်တွေဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်သုံး (၁၁-၁၅)