Author's Profile Photo

Moe

8/07/2024

ခွင့်လွှတ်ပါ။

1 min read
General Knowledge
ခွင့်လွှတ်ပါ။'s photo


လူတွေကို ခွင့်လွှတ်လို့ ရပါတယ်။
ဒါပေမဲ့ ကိုယ့်ကို ဘယ်လိုပြုမူ ဆက်ဆံခဲ့သလဲ ဆိုတာကိုတော့ မမေ့ပစ်ပါနဲ့။
ဘာကြောင့်လဲဆိုတော့ လူတစ်ချို့ဟာ
တကိုယ်ကောင်းစိတ်ရှိတဲ့အခွင့်ရေးသမားတွေမိုလို့ပါ။

ဆရာတစ်ယောက်ပြောဖူးသလိုပဲ။
လူတစ်ယောက်ကို ခွင့်လွှတ်ဖို့ဆိုတာက တစ်ဖက်သူက သူ့အမှားကို အမှားလို့ သိမှ ခွင့်လွှတ်လို့ရတာ။
မှားလို့ မှားမှန်းမသိတဲ့သူ၊ ကိုယ့်လုပ်ရပ်ကိုယ် နောင်တမရတဲ့လူမျိုးကိုကျ ခွင့်လွှတ်ရတယ်မခေါ်ဘူး။ ကျောခိုင်းရတာ။

တစ်စုံတစ်ယောက်ကို ခွင့်လွှတ်လိုက်ခြင်းဟာ မိမိကိုယ်မိမိ လွတ်မြောက်စေတဲ့ တစ်ခုတည်းသော နည်းလမ်းပဲ။
အဲ့ဒါကြောင့် ခွင့်လွှတ်တတ်တဲ့စိတ်က ဘဝနေထိုင်မှုအတွက် အရေးကြီးတာ။

ခွင့်လွှတ်တယ်ဆိုတာ တစ်ဖက်သူရဲ့ လုပ်ရပ်တွေကို မှန်ပါတယ်လို့ သဘောတူပေးလိုက်တာ မဟုတ်ဘူး။
ရပါတယ် ဘာမှမဖြစ်ပါဘူးဆိုပြီး ခံခဲ့သမျှတွေကို မေ့လိုက်ဖို့ မဟုတ်ဘူး။
တစ်ခါတလေမှာလေ ခွင့်လွှတ်ခြင်းဆိုတာ နောက်ထပ်တစ်ခါ မပတ်သက်ချင်တော့ခြင်းလို့ အဓိပ္ပာယ်ကောက်လို့ရတဲ့ အခါတွေရှိတယ်။

တကယ်သူ့အမှားသူသိတဲ့ လူကို ခွင့်လွှတ်ရတာက ခွင့်လွှတ်ဖို့ ထိုက်တန်တယ်။
ပြောချင်တာက ကိုယ့်အမှားကို သူများအမှား ပြန်လုပ်ပြီး မှားလို့ မှားမှန်းမသိတဲ့ လူမျိုးတွေနဲ့ ကြုံတဲ့အခါ တစ်ဖက်သတ် ခွင့်လွှတ်လိုက်ရတာမျိုး ရှိတယ်။
စိတ်ဓာတ်နိုမ့်ကျတဲ့လူတချိူ့ကစိတ်ကိုယ့်အမှားကိုယ်ဝန်မခံပဲ နစ်နာခဲ့သူကိုတောင်တဖန်ပြန်ပြီးကျေးဇူးတင်စေချင်သေးတယ်။

ထိုသူတို့ရဲ့လုပ်ရပ်ဟာခံပြင်းစရာ ကောင်းပေမဲ့ ခွင့်လွှတ်လိုက် ခွင့်လွှတ်လိုက်ဆိုတာထက် ဖြစ်နိုင်ရင်ကျောခိုင်းထားလိုက်။

Your inner peace matters!!


သူများရှို့တဲ့မီးကြောင့် ကိုယ်မလောင်ရဖို့ အရေးကြီးတယ်။ မှားတာ မှန်တာတွေ ပြိုင်မငြင်းနေနဲ့။
စိတ်အကြည်ဓာတ်ပျက်ရတယ်။
လောကကြီးမှာ ပြိုင်ပြီး ငြင်းဖို့ မတန်တဲ့လူတွေ အများကြီးပဲ။

ဒါကြောင့် ခွင့်လွှတ်ပါ။
မမေ့ပစ်နဲ့။

#Moe
ကိုးကားချက် - စူးရှမေ

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအင်တာနက်နဲ့ လူနေမှုဘဝ စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းအဖေကို ဘာကြောင့်မုန်းတာလဲ