Author's Profile Photo

Moe

8/07/2024

ပုပ္ပါးတောင်

1 min read
General Knowledge
Culture
ပုပ္ပါးတောင်'s photo


ပုပ္ပါးတောင်ကလပ်သည် မန္တလေးတိုင်း ဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်း တောင်းမြို့နယ် အရှေ့တောင်ဘက်တွင် တည်ရှိသော ပုပ္ပါးတောင်အနီးတွင် တည်ရှိပြီး ဗုဒ္ဓဘာသာအဆောက်အအုံများ၊ ဘုရား စေတီများ တည်ရှိရာ နေရာဖြစ်ပါသည်။

ကိုးကွယ်ယုံကြည်မှုဆိုင်ရာ ထင်ရှားသည့် နေရာဖြစ်ပြီး ရိုးရာနတ်ကိုးကွယ်မှုကြီးစိုးကာ နတ်များပျော်စံရာ နတ်တောင် (နဂါးတောင်) အဖြစ် လူသိများသည်။

ဆေးဖက်ဝင် အပင်များပေါများရာ ဒေသ
ဖြစ်ပြီး ဇော်ဂျီများဆေးကြိတ်သည်ဟုဆို
သော ဆေးကျောက်ပြင်မှာလည် တောင်ကလပ်အထက်တွင် တည်ရှိသည်။

ပုပ္ပါးတောင်ကလပ်သည် မီးငြိမ်းတောင်ဖြစ်
သော ပုပ္ပါးတောင်၏ ပထဝီဆိုင်ရာ လှုပ်ရှားမှုများကြောင့် ဖြစ်ပေါ်လာသည့် တောင်ကလပ်တစ်ခုဖြစ်ပါသည်။

တောင်သည် ပင်လယ်ရေမျက်နှာပြင် အထက် ၄၉၈၁ ပေမြင့်ပြီး ပုပ္ပါး တောင်ကလပ်သည် ပင်လယ် ရေမျက်နှာပြင်အထက် ၂၄၁၇ ပေမြင့်ပါသည်။

ပုပ္ပားတောင်ကလပ်သည် ပုဂံ-ညောင်ဦး “ ခရီးစဉ်လာရောက်ကြသည့် ပြည်တွင်း၊ ပြည်ပ ခရီးသွားများအတွက် အသွား (သို့မဟုတ်) အပြန်ခရီးစဉ်အဖြစ် ဝင်ရောက်လည်ပတ်လေ့ရှိသည့်

နေရာတစ်ခုဖြစ်ပြီး သဘာဝ တောတောင်ရေ​မြေရှုခင်း အလှများကြောင့် နိုင်ငံရပ်ခြား ခရီးသွား များကို ဆွဲဆောင်သည့်နေ့ရာတစ်ခုဖြစ်ကာ ထွက်ရပ်ပေါက် ဝိဇ္ဇာတပသီများ ပျော်မွေ့ရာ နေရာအဖြစ်လည်း ပြည်တွင်းခရီးသွားများ စိတ်ဝင်စားစွာ လာရောက်လည်ပတ်လေ့ရှိ သည့် နေရာတစ်ခုဖြစ်ပါသည်။

#Moe

Keep Reading

အလွယ်တကူအောင်မြင်နိုင်တဲ့ တနိုင်ကိုယ်ပိုင်လုပ်ငန်းငယ်လေး "ဂ" နှင့်သက်ဆိုင်သော သတ်ပုံများစာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးပဲဟင်းတစ်ခွက် ဂုဏ်ယူလျက်Leonardo da Vinci ရဲ့ ထူးထူးဆန်းဆန်းတီထွင်မှုများနဲ့ အတွေးအခေါ်များ စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းပျောက်ကွယ်လုနီးပါး ဖြစ်နေတဲ့ မျိုးရိုးစဉ်ဆက် လက်မှုအနုပညာတစ်ကိုယ်ရည်ငွေကြေးဆိုင်ရာ ထားရှိသင့်တဲ့ အပြုအမူတွေ… အပိုင်း (၅)စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းPersonal Finance Levels