Moe
ရွှေဆိုတာက နျူကလိယမှာ ပရိုတွန် ၇၉လုံးပါတဲ့ အက်တမ်တစ်ခုဖြစ်ပါတယ်ရှင့်။
သတ္တုဒြပ်စင်ဖြစ်ပြီးတော့ သာမန်အပူချိန်နဲ့(လေ)ဖိအားအောက်မှာအစိုင်အခဲအဖြစ် တည်ရှိနိုင်တဲ့ဒြပ်စင်ပါရှင့်။
ဓာတုသင်္ကေတကတော့ လက်တင် ဝေါဟာရ (Aurum - တောက်ပတဲ့အရုဏ်ဦး)ရဲ့ထိပ်နှစ်လုံး Auဖြစ်ပါတယ်ရှင့်။
မြန်မာပြည်မှာရွှေကိုအသုံးပြုပုံတွေကတော့
မြန်မာနိုင်ငံသားတွေက ရွှေကိုအဖိုးတန် လက်ဝတ်ရတနာတွေ၊ခွက်၊ပန်းကန်စတဲ့ လူသုံးကုန်ပစ္စည်းတွေအဖြစ်အသုံးပြုကြပါတယ်ရှင့်။ရွှေကို အပူပေး၊အရည်ကျို၊ပုံသွင်းတဲ့ အတတ်ပညာကို ရွှေပန်းထိမ်လို့ ခေါ်ပါတယ်ရှင့်။
မြန်မာ့ယဉ်ကျေးမှုအရစေတီပုထိုးတွေရဲ့ထီးတော်၊ သင်္ကန်းတော်၊ဗုဒ္ဓဆင်းတုတော်တွေကိုရွှေသင်္ကန်းချတဲ့နေရာမှာလည်းအသုံးပြုကြပါတယ်ရှင့်။
ရွှေကို Periodic Tableမှာခွဲပုံ
ရွှေကperiodic tableမှာGroup 11/Period 6မှာရှိပါတယ်ရှင့်။
သူ့ရဲ့ပျော်မှတ်နဲ့သမိုင်းကြောင်း
(1064.18 °C, 1947.52 °F)မှာအရည်ပျော်ပါတယ်။
ရှာတွေ့ခဲ့တာကတော့ အရှေ့အလယ်ပိုင်းဒေသမှာ 6000 BCမတိုင်ခင်ကပါရှင့်။
ခေတ်သစ် အသုံးပြုမှုကတော့
ရွှေကလျှပ်စီးလွယ်တာကြောင့် ခုခေတ်ကွန်ပျူတာရဲ့မားသားဘုတ်၊ အီလက်ထရွန်းနစ်ပစ္စည်းတွေရဲ့အိုင်စီပြားမှာအသုံးပြုလာကြပါတယ်ရှင့်။
#Moe
Keep Reading