Author's Profile Photo

Honey cho

7/07/2024

Your choice, your life

1 min read
Personal Development
General Knowledge
18 Again

What do you want for your life?

လူတိုင်းဟာ ဘဝမှာကိုယ်ပိုင် ရည်မှန်းချက်၊ရည်ရွယ်ချက်တွေရှိကြပါတယ်။ဒါဆို သင်ဟာလည်းလူထဲက လူတစ်ယောက်ဆိုတော့ သင့်ရဲ့ life goal ကဘာလဲပေါ့။ကိုယ့်ဟာကိုစဉ်းစားမိကြရဲ့လား။မစဉ်းစားရသေးရင်လည်း ဟန်နီနဲ့အတူကိုယ့်ရဲ့ goal ကို ဒီဆောင်းပါးလေးအပြီးမှာချမှတ်ကြရင်း ဘဝကိုပိုပြီး အဓိပ္ပာယ်လေးနက်အောင်ပုံဖော်လိုက်ကြပါစို့။

1.Success အောင်မြင်မှု
လူတိုင်းဟာ ကျိန်‌းသေပေါက်ဘဝမှာမွေးဖွားချိန်ကနေ သေဆုံးသည့်တိုင်အောင် အောင်မြင်မှုဆိုတဲ့သရဖူလေးကိုတော့ ပိုင်ဆိုင်ချင်ကြပါတယ်။

2.Frame ကျော်ကြားမှု
တစ်ချို့ကတော့ နာမည်ကျော်ကြားချင်ကြပါတယ်။ကိုယ်ဟာ ကိုယ့်နာမည်ကို လူကြားထဲ ချပြောရင်တောင် နောင်တရစရာမရှိတဲ့ဖြစ်တည်မှုမျိုးဆိုလည်းမမှားပါဘူး။လူအများရဲ့ ပါးစပ်ဖျားမှာရေပန်းစားခံရခြင်းဟာလည်းတချို့သူတွေရဲ့အကြီးမားဆုံး အိပ်မက်ဘဲဖြစ်ပါတယ်။

3.Multi millionaire or wealthyness ချမ်းသာကြွယ်ဝမှု
တစ်ချို့ လူတွေကတော့ ဘဝမှာ ငွေသာလျှင်ဒုတိယဘုရားသခင်လို့ ယုံကြည်ထားကြတဲ့အတွက် ချမ်းသာကြွယ်ဝမှုကသာ သူတို့ဘဝအတွက်အကြီးမားဆုံးအိပ်မက်တစ်ခုပါ။


4.Highest educated people အဆင့်မြင့်ပညာတတ်များ
တစ်ချို့လူတွေကတော့ လုံးဝကို အောင်မြင်မှုတွေ၊ပိုက်ဆံချမ်းသာမှုဆိုတဲ့ အရာတွေ ထက်ကို ပညာဟာပိုပြီးအရေးကြီးတယ်လို့သတ်မှတ်ကြပါတယ်။ဒီလူတွေဟာလည်း ဘဝမှာပညာရဲရင့်မှသာပွဲလယ်တင့်မယ်ဆိုတဲ့ ရှေးထုံးကိုမပယ် ဈေးသုံးကိုမကြွယ်တဲ့ လုံးဝပညာကိုသာအပတ်တကုတ်ရှာဖွေကြတဲ့ ရိုးသား‌ကြိုးစားဖိုးသခွားရည်မှန်းချက်ပိုင်ရှင်တွေဘဲဖြစ်ပါတယ်။

ဒီဖော်ပြသွားတဲ့ လူတွေထဲကကိုယ်ဟာ ဘယ်type ထဲမှာပါနေလဲဆိုတာ စဉ်းစားပြီးကိုယ့်ရဲ့ဦးတည်ချက်ကိုအကောင်းဆုံးလျှောက်လှမ်းနိုင်ဖို့ကိုမျှော်လင့်မိပါတယ်။

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအပေါ်ယံသမားစာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်နှစ်ဆယ့်ငါး-ခက်ခဲမှုတို့ရဲ့နောက်ကွယ်တန်ဖိုးစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်း