Author's Profile Photo

Spirit

7/07/2024

ကွန်ပျူတာတွေဟာ အိတ်ကပ်ထဲထည့်လို့ရတဲ့အထိကို သေးငယ်နေပြီဆိုတာကို သိကြပြီလား ?

1 min read
Software Development
Education
Programming



အပေါ်ကစာလေးကို ဖတ်ပြီးတော့ ဟုတ်ရောဟုတ်ပါ့မလားဆိုပြီး တွေးနေကြမယ်ထင်ပါတယ်။ ယုံကြည်တဲ့သူလည်းရှိသလို မယုံတဲ့သူတွေအတွက်လည်း ကျွန်တော်က လက်တွေ့ကျကျလေး သက်သေပြသွားမှာပါ။ အခု ဒီစာ‌ကို ဖတ်နေတဲ့သူတွေရဲ့ ဖုန်းတွေကို ကိုယ့်ရဲ့အင်္ကျီ ဒါမှမဟုတ် ဘောင်းဘီ အိတ်ကပ်ထဲ ထည့်ကြည့်လိုက်ပါ။ ထည့်လို့ရတယ်ဟုတ်။ ဒါကအဖြေပါပဲခင်ဗျာ။ ?

ဒါဆိုရင် ထပ်ပြီးမေးစရာရှိတာက ကွန်ပျူတာလို့ပြောပြီး ဘာလို့ဖုန်းကို ထည့်ခိုင်းတာလဲ ဆိုတာပါပဲ။ ပြန်ပြီးဖြေရမယ်ဆိုရင်တော့ ဖုန်း နဲ့ Tablet တွေဟာ Touch Screen Computer အမျိုးအစားတွေဖြစ်‌နေလို့ပါ။ ?

ကွန်ပျူတာရဲ့ လုပ်ဆောင်ချက်ကိုပြပါဆိုရင် အသုံးပြုသူတွေဆီကနေ input လို့ခေါ်တဲ့ အချက်အလက်တွေကိုတောင်းပါတယ်။ အဲ့ဒီအချက်အလက်တွေအပေါ်မူတည်ပြီး တွက်ချက် အလုပ်လုပ်ပေးကာ အသုံးပြုတဲ့သူတွေဆီကို Output လို့ခေါ်တဲ့ အချက်အလက်တွေကို ပြန်ပို့ပေးရတာပါ။ ဥပမာ- YouTube ကို ဖွင့်မယ်ဆိုပါစို့။ Mouse လို့ခေါ်တဲ့အရာလေးနဲ့ YouTube App ကို ဖြစ်စေ၊ Browser တစ်ခုခုနဲ့ Keyboard ကနေ www.youtube.com လို့ဖြစ်စေ ရိုက်ထည့်ပေးရမှာပါ။ အဲ့ဒါက Input ပါ။ အဲ့ဒီ Input နဲ့ YouTube ဆိုတဲ့ software လေး ပွင့်လာဖို့အတွက် နောက်ကွယ်ကနေ အလုပ်လုပ်ပေးရပြီးတော့ YouTube ရဲ့ ပင်မစာမျက်နှာကို မြင်ရပြီဆိုရင်တော့ Output လို့ပြောလို့ရပါတယ်။ ?

ဖုန်းတစ်လုံးရဲ့အလုပ်လုပ်ပုံဟာလည်း ကွန်ပျူတာနဲ့ပုံစံတူအလုပ်လုပ်ပေးတာဖြစ်ပါတယ်။ အဲ့ဒီလိုပဲ ပါဝင်တဲ့ Components တွေလည်းတူကြပါတယ်။ ကွန်ပျူတာမှာ CPU, RAM, ROM, OS တွေပါသလို ဖုန်းတို့ Tablet တို့မှာလည်းပါပါတယ်။ သူ့ရဲ့ ဆိုင်ရာပုံစံကိုလိုက်ပြီး အရွယ်အစားနဲ့အသုံးပြုတဲ့ Software versionတွေသာ ကွဲသွားကြတာဖြစ်ပါတယ်။ ဥပမာ ဖုန်းမှာဆိုရင် Android Os, IOS ကိုသုံးသလို ကွန်ပျူတာမှာတော့ Windows OS, Max OS အစရှိသဖြင့် သုံးပါတယ်။✨

ကွန်ပျူတာမှာလုပ်လို့ရတဲ့ အလုပ်တွေကို ဖုန်းမှာလည်း လုပ်လို့ရပါတယ်။ ဥပမာ - Computer မှာ Video editing လုပ်လို့ရသလို ဖုန်းမှာလည်းရပါတယ် လို့ပြောရင် ဆဲကြမှာပေမဲ့ ဒါဟာအမှန်တရားပါပဲ။ တစ်ခုရှိတာက ဖုန်းနဲ့လုပ်ရင်တော့ အကန့်အသတ်တွေများပါတယ်။ ?

ဒီလောက်ဆိုရင်တော့ ဖုန်းတို့ Tablet တို့ဟာ ကွန်ပျူတာအမျိုးအစားတွေဖြစ်တယ်ဆိုတာကို သိသွားလောက်ပါပြီ။ ဆိုတော့ ကွန်ပျူတာတွေဟာ အိတ်ကပ်ထဲထည့်လို့ရတဲ့အထိ သေးငယ်နေပြီဆိုတာလည်း ယုံကြည်ကြပြီထင်ပါတယ်ဗျ။ ?

Source
https://www.computerhope.com/issues/ch001540.htm

Facebook page
https://www.facebook.com/spiritforsoul?mibextid=ZbWKwL

Telegram Channel
https://t.me/spirit_for_you

#Spirit
#Spirit_for_You
#Knowledge_Sharing
#Computer
#SmartPhone

Keep Reading

VPN အကြောင်း သိကောင်းစရာဘာကြောင့် နည်းပညာနယ်ပယ်မှာ အမျိုးသမီး Software Developer ဦးရေက 10 ရာခိုင်နှုန်း ခန့်သာရှိတာလဲ?လုပ်ငန်းခွင်ဝင်ရောက်မယ့် လူငယ်များအတွက် Remote Working ကို ထိရောက်စွာ စီမံခန့်ခွဲနိုင်မယ့် အချက်(3)ချက်Programming လေ့လာရာမှာ Study Plan တစ်ခုကို ဘယ်လိုတည်ဆောက်မလဲ?Programmer များအတွက် ကောင်းမွန်တဲ့ Mental Health ကို တည်ဆောက်နိုင်ဖို့ နည်းလမ်း (၆) သွယ်။What Is a VPN? VPN ဆိုတာဘာလဲ?အင်္ဂလိပ်စာကို မြန်မာပြန်ခြင်းမှ ရသည့် အသိ။cyber security အကြောင်းသိကောင်းစရာWhat is Function??Telegram ကို ဘယ်သူတွေက ဘယ်ချိန်မှာ စတင်တည်ထောင်ခဲ့လဲ။ ဆက်လေ့လာကြမယ်။