Author's Profile Photo

SarPhat Author

16/09/2023

ဘာကြောင့် နည်းပညာနယ်ပယ်မှာ အမျိုးသမီး Software Developer ဦးရေက 10 ရာခိုင်နှုန်း ခန့်သာရှိတာလဲ?

1 min read
ဘာကြောင့် နည်းပညာနယ်ပယ်မှာ အမျိုးသမီး Software Developer ဦးရေက 10 ရာခိုင်နှုန်း ခန့်သာရှိတာလဲ?'s photo

ဘာကြောင့် နည်းပညာနယ်ပယ်မှာ အမျိုးသမီး Software Developer ဦးရေက 10 ရာခိုင်နှုန်း ခန့်သာရှိတာလဲ?

အခုလို နည်းပညာတွေ ထွန်းကားလာတဲ့ အချိန်မှာ Software Development နယ်ပယ်ကို စိတ်ဝင်စားပြီး အသက်မွေးဝမ်းကျောင်းအဖြစ် ရွေးချယ်လုပ်ကိုင်ချင်ကြတဲ့ အမျိုးသမီးများလည်း ရှိလာကြမယ်လို့ ယုံကြည်ပါတယ်။ သို့သော် Software Development နယ်ပယ်မှာ အမျိုးသမီးဦးရေက ၁၀ ရာခိုင်နှုန်း ဝန်းကျင်ခန့်သာ ရှိတယ်လို့ စာရင်းတွေအရ ဖော်ပြထားကြပါတယ်။

ဒါကြောင့်မို့လို့ နည်းပညာနယ်ပယ်မှာ အမျိုးသမီး Software Developer နည်းနေရခြင်းရဲ့ အကြောင်းအရင်း (၃) ချက်ကို မျှဝေပေးချင်ပါတယ်။

(1) လူမှုဘဝပုံစံနှင့် ပညာရေးတွင် ကျား၊မ ခွဲခြားမှု

အမျိုးသမီး Software Developer ရှားပါးခြင်းရဲ့ အဓိကအကြောင်းအရင်းတစ်ခုကတော့ လွဲမှားနေတဲ့ လူမှုအဖွဲ့အစည်းပုံစံနှင့် ကျားမ ခွဲခြားမှုများကြောင့်လို့ ပြောလို့ရပါတယ်။ မိန်းကလေးများအနေဖြင့် ငယ်ရွယ်စဥ်ကတည်းက STEM (Science, Technology, Engineering, and Mathematics) နယ်ပယ်တွေကို လျှောက်လှမ်းဖို့ စဥ်းစားပေမဲ့ ဒီဘာသာရပ်တွေက ယောင်္ကျားလေးများအတွက်သာ ပိုပြီး သင့်တော်တယ်လို့ လူမှုပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးမှုများကြောင့် အမျိုးသမီးများရဲ့ အသက်မွေးဝမ်းကျောင်းရွေးချယ်မှုအပေါ်မှာ အများကြီး သက်ရောက်မှုရှိနိုင်ပါတယ်။ ဒါကြောင့် ဒီအချက်လေးဟာဆိုရင် အမျိုးသမီး Software Developer နည်းခြင်းရဲ့ အကြောင်းအရင်းတစ်ခု ဖြစ်လာခဲ့ပါတယ်။

(2) စံပြအမျိုးသမီးများ နည်းပါးမှု

Software Development နယ်ပယ်တွင် လေးစားအတုယူနိုင်ဖို့ အမျိုးသမီး စံနမူနာများ ရှားပါးခဲ့ခြင်းက ဒီနယ်ပယ်ကို စတင်ဝင်ရောက်မဲ့ အမျိုးသမီးများအနေနဲ့ အားလျော့စေနိုင်ပါတယ်။ အခုမှ စတင်ဝင်ရောက်မဲ့ အမျိုးသမီးငယ်များအတွက် Software Development နယ်ပယ်မှာ အောင်မြင်တဲ့ အမျိုးသမီးများစွာ ပေါ်ထွက်လာမယ်ဆိုရင် အနာဂတ် အမျိုးသမီး Software Developer များအတွက် စံနမူနာဖြစ်စေတာမို့ အမျိုးသမီးအရေအတွက်လည်း ပိုမိုများပြားလာနိုင်ပါတယ်။

(3) လုပ်ငန်းခွင်အတွင်းမှ အခက်အခဲများ

နည်းပညာနယ်ပယ်ရှိ လုပ်ငန်းခွင်များမှာဆိုရင် အမျိုးသားအများစုရဲ့ လွှမ်းမိုးမှုက အားကောင်းလျက်ရှိပါတယ်။ Software Development နယ်ပယ်တွင် အချိန်ကြာမြင့်တဲ့ လုပ်ငန်းခွင်နှင့် များပြားတဲ့ အလုပ်သတ်မှတ်ချက်တွေက အမျိုးသမီးများအတွက် အလုပ်နှင့်ဘဝ ထပ်တူကျရေးမှာ စိန်ခေါ်မှုအနေနဲ့ ရှိနေနိုင်ပါတယ်။

Keep Reading