Author's Profile Photo

May Hua

24/06/2024

What is Function??

1 min read
What is Function??'s photo


Function ကို လုပ်ငန်းဆောင်တာ တစ်ခုခုလုပ်ဆောင်ပေးတဲ့ အရာတစ်ခုလို့ မှတ်ယူနိုင်ပါတယ်။
အသီးတွေကြိတ်တဲ့ Blender တစ်ခုကို မျက်လုံးထဲမြင်ယောင်လိုက်ပါ။ အဲ့ Blender ထဲကို အသီးတွေထည့်မယ်။ ပြီးရင် ခလုတ်နှိပ်မယ် ဒါဆို အသီးတွေကြိတ်တဲ့ function ကိုလုပ်ဆောင်မယ်။ ပြီးရင် ဖျော်ရည်ထွက်လာမယ်။ ဒီလိုပါပဲ function ဆိုတာလည်း တစ်ခုခုကို လုပ်ဆောင်ပေးတဲ့အရာပါ။ အရင်ဆုံး function တစ်ခုကို တည်ဆောက်ထားပြီး လိုအပ်တဲ့အခါ function ရဲ့ အမည်ကိုခေါ်ယူပြီး သုံးစွဲနိုင်ပါတယ်။
Function ကို create လုပ်တဲ့ပုံစံက programming language တွေအပေါ်မူတည်ပြီး ရေးပုံရေးနည်းပြောင်းလဲပါတယ်။ ဥပမာ Javascript မှာဆိုရင်

function function_name(){


}

Python မှာဆိုရင်

def function_name():


စသဖြင့်ပါ။ ဒါပေမယ့် လုပ်ဆောင်ပုံကတော့ အတူတူပါပဲ။
Input လိုတဲ့ function ရှိသလို input မလိုတဲ့ function လည်းရှိပါတယ်။ လုပ်ဆောင်ချင်တဲ့ ပုံစံပေါ်မူတည်ပြီး ကိုယ်ကြိုက်သလို တည်ဆောက်နိုင်ပါတယ်။

နောက်တစ်ခု အနေနဲ့ သိရမှာက function တွေမှာ output ပြန်ပေးတဲ့ function နဲ့ output ပြန်ပေးတာမဟုတ်ဘဲ တစ်ခုခုလုပ်ဆောင်ပေးတဲ့ function ဆိုပြီးတော့ရှိပါတယ်။
ဥပမာ ကားရဲ့ ဘရိတ်ကို နှိပ်လိုက်လို့ ကားရပ်သွားတာမျိုးက function တစ်ခုလုပ်ဆောင်ပေးတာပါ output တစ်ခုခုကို ပြန်မပေးပါဘူး။ Blender လို အသီးဖျော်ပေးတဲ့ function ကျတော့ အသီးရဲ့ ဖျော်ရည်ကို output အနေနဲ့ ပြန်ပေးပါတယ်။ ဒါလည်း ကိုယ်လုပ်ဆောင်ချင်တဲ့ ပုံစံပေါ်မူတည်ပြီး တည်ဆောက်နိုင်ပါတယ်။ function ကနေ output data တစ်ခုခုပြန်ပေးတာကို return ပြန်တယ်လို့ ခေါ်ပြီး အဲ့ output data ကိုတော့ return value လို့ခေါ်ပါတယ်။

Keep Reading