ရဲဘုန်းသွင်
အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ၏ သူရဲကောင်းများအနက် မင်းခေါင်အနော်ရထာ (ခေါ်) ဦးတွန် သည် တိုက်ရည်ခိုက်ရည် ကောင်းလှသည်။ သူ၏ ဇာတ်သိမ်းမှာ ကြေကွဲဖွယ်ကောင်းလှသည်။ မင်းခေါင်နော်ရထာသည် ကုန်းဘောင်တိုက်ပွဲများတွင် ရှေ့ဆုံးမှ ရွပ်ရွပ်ချွံချွံ တိုက်တတ်သူ ဖြစ်သည်။
မောင်တွန်ကို ၁၇၁၇ ခုနှစ်တွင်မုဆိုးချုံရွာတွင်ဖွားမြင်သည်။ မုဆိုးချုံရွာသားဖြစ်သောကြောင့် နောင်အခါ မုဆိုးချုံဗိုလ်ဟုသာ ထင်ရှားသည်။ မုဆိုးချုံဗိုလ်ဦးတွန်သည် အင်းဝပျက်ခါနီး ဟံသာဝတီရောက်မင်းလက်ထက်တွင် ကမ္ဘောဇတိုင်းသို့သွားကာ ဆေးကျမ်း၊ ဗေဒင်နတ်က္ခတ်တို့ကိုလေ့လာနေသည်။ အင်းဝပျက်သောအခါ ရှမ်းပြည်မှပြန်လာ၍ မုဆိုးဘို ရွာထိပ်တွင် ဦးအောင်ဇေယျနှင့်တွေ့ရာ ဦးအောင်ဇေယျမှန်းမသိဘဲ စကားပြောကြရင်း သိကြသည်။ ဦးတွန်ကအင်းဝပျက်လျှင် "မည်သူ့ထံခိုလှုံလျှင် ကောင်းမည့်အကြောင်း"စကားစမည်ပြောကြရာ ဦးအောင်ဇေယျက မုဆိုးဘိုရွာသူကြီးအောင်ဇေယျသည် ဘုန်းလက်ရုံးနှင့်ပြည့်စုံ၍ သြဇာအာဏာကောင်းကြောင်း ခိုလှုံရန်သင့်ကြောင်း" ပြောကြသည်။ ဦးတွန်ကိုယ်တိုင် မုဆိုးဘိုသို့ ဝင်ရောက်သောအခါ မိမိနှင့်တွေ့သောသူမှာ အောင်ဇေယျဖြစ်ကြောင်းသိ၍ အဆောင်အယောင် ပေးသနားလေသည်။ မြင်းရည်တက် ၆၈ ဦးဖွဲ့သောအခါ ဦးတွန်ကိုယ်တိုင် ထိပ်ဆုံးမှ ပါဝင်ခဲ့သည်။ နောက်ပိုင်းတိုက်ပွဲများတွင် အလောင်းမင်းတရားနှင့် လက်ရုံးခြင်းယှဥ်၍ တိုက်ခိုက်ကြရာ တိုက်ပွဲတိုင်းအောင်မြင်ခဲ့သည်။ ဘဝရှင်မင်းတရားက အားကိုးအားထားပြုသည်နှင့်အညီ သီရိရွှေတောင်၊ မင်းလှရွှေတောင်၊ မင်းလှမင်းခေါင်၊ မင်းခေါင်နော်ရထာဘွဲ့များ အဆင့်ဆင့်အပ်ကာ အယောင်အယောင်များစွာဖြင့် သူကောင်းပြုထားခြင်းခံရသူဖြစ်သည်။
၁၇၅၃ ဒီဇင်ဘာလတွင် အင်းဝကို သိမ်းပိုက်ရန် မင်းလှမင်းကျော်ခေါင် ဦးကောင်း၊ ရဲစက်တံခွန် ဦးကျော်မှတ်၊ မုဆိုးချုံဗိုလ် ဗိုလ်တွန်(မင်းခေါင်နော်ရထာ)၊ မင်းကျော်တန်ဆောင် ဦးမြတ်သာ၊ ဗညားဥပရာဇာ(တောင်ငူရာဇာ၏ အမှုထမ်းဟောင်း)တို့၏ တပ်များကို အင်းဝအနီးလောင်သာသို့ လွှတ်လိုက်၏။ ဦးကောင်းတပ်များချင်းတွင်းမြစ်ကြောင်းအတိုင်းချီလာရာမူးမြစ်ဝတွင်ရှိသော ဦးတွန် တပ် ၄ တပ်နှင့်ပူးပေါင်းကာ လောင်သာရှိမွန်တို့ကို တိုက်လေ၏။ မွန်စစ်သူကြီး ငွေကခန်ဝန်နှင့်စစ်တောင်းဗိုလ် လက်ျာဗိုလ် တို့သည် အင်းဝသို့ပြေးလေ၏။ လောင်သာတိုက်ပွဲမှာပြင်းထန်၍ ဦးကျော်မတ်ကျဆုံးခဲ့ရသည်။ နောင်သောအခါမြို့တွင် မွန်တို့ငတ်မွတ်သဖြင့်အင်းဝကို အလွယ်ရလေသည်။
၁၇၅၃ ဒီဇင်ဘာ ၁ တွင် သားတော် ဒီပဲယင်းမင်းသားနှင့်အတူ မုဆိုးချုံဗိုလ်၍ဦးတွန်၏ တပ်များကို ကွေ့ရှမ်းဗိုလ် ဂုဏ္ဏအိန်အား သိမ်းသွင်းရန်ရှမ်းတောင်သို့ လွတ်လိုက်လေသည်။ ရှမ်းတောင်တန်းတစ်နေရာတွင် ချုံခိုတိုက်ခိုက်ခံရကာ အကျအဆုံးများလျက်ရှိလေ၏။ မင်းသားက ဗိုလ်တွန်ကိုဆီးကာ တိုက်ခိုက်ရန် အမိန့်ပေးခဲ့ရာ မိမိတပ်တွင်လည်းတပ်သားများသည် အကျအဆုံးများလျက်ရှိသောကြောင့် တပ်သားများကိုအချည်းအနည်းစတေးမည့်အစား ဗိုလ်တွန်က မတိုက်ခိုက်ဘဲလွတ်ရာသို့ရှောင်လေ၏။ သို့သော်လည်း ကွေရှမ်းတို့ကိုအောင်မြင်စွာ စည်းရုံးနိုင်ခဲ့၏။ နေပြည်တော်သို့ပြန်ရောက်သောအခါ မင်းသားက မင်းတရားကို ပြန်လည်လျှောက်တင်ရာ ဦးတွန်ကို သံခြေကျင်းဖြင့် ခေတ္တအကျဥ်းကျထားခဲ့သည်။ သို့သော်လည်း မင်းတရားက သံယောဇဥ်ကြီးလှ၍ အဆောင်အယောင်မပျက်ပြန်ထားလေသည်။
၁၇ ဇန်နဝါရီ၁၇၅၃ တွင်မြေးဒူးမင်းသာ
အလောင်းမင်းတရားကြီးသည် မွန်တို့ကိုသိမ်းသွင်းရန် ဖေဖော်ဝါရီလ ၄ ရက် ၁၇၅၆ တွင် ညီတော်ဦးရွှေကြူကို ကြည်းကြောင်းမှလည်းကောင်း၊ သားမြေဒူးမင်းသား ကိုရေကြောင်းမှလည်းကောင်း စုစုပေါင်းအင်အား ၃၀၀၀၀ ဖြင့် ချီတော်မူ၏။ ဧပြီလ ၉ ရက်တွင် ဦးကောင်းကို သံလျှင်သို့လည်းကောင်း၊ ၂၅ ရက်နေ့တွင် ဗိုလ်တွန်ကို ဟံသာဝတီ-ပဲခူးသို့လည်းကောင်း နှစ်တပ်ခွဲ၍ စေလွတ်လိုက်၏။ မွန်တို့ကလည်း ဗိုလ်တွန်နှင့်ဦးကောင်းကို ရပါက အောင်ဇေယျတပ်ပျက်မည်ဟုယူဆ၍ ထိုနှစ်ဦးကိုဖိ၍ တိုက်၏။ ဟံသာဝတီကိုတိုက်သောအခါ ပြင်သစ်တို့က မွန်တို့ ဘက်မှကူညီသော်လည်း ၁၂ မေ ၁၇၅၇ တွင် ပဲခူးကို အလိုတော်ပြည့်ခဲ့လေသည်။ ထိုတိုက်ပွဲတွင် ဦးတွန်သည် အကျ်ီမပါ ဆံပင်ဖားလျားနှင့်ဓားကိုင်ကာ တစ်ယောက်ထဲထွက်၍ ခုခံသောကြောင့် မွန်အချို့လန့်၍ အလောင်းမင်းတရားထံခိုဝင်လေသည်။ ဟံသာဝတီတိုက်ပွဲတွင် မင်းခေါင်နော်ရထာ၏ သတ္တိကို မွန်တို့ပင် ချီကျူးရလေသည်။
အလောင်းမင်းတရား ယိုးဒယားသို့ ချီစဥ်က ဦးတွန်နှင့်မြေဒူးမင်းသားတို့သည် ရှေ့ချီတပ်ကို ဦးဆောင်ရပြီးအောင်ပွဲအလီလီရကြလေသည်။ ယိုးဒယားကို အလောင်းမင်းတရားဝန်းရံထားရာမှ မအောင်မြင်ပဲ ဆုတ်ခွာလာရာလမ်းတွင်လည်း သူသည် နောက်ဆုံးမှချန်ကာ နေခဲ့သည်။ ဝိုင်းရံထားသော ယိုးဒယားတပ်များကို တိုက်လျှင် မင်းတရားကြီးတို့ ပြန်လှည့်ကာ စစ်ကူပေးရမည် ဖြစ်သဖြင့် မတိုက်ပဲ အဝိုင်းခံထားလိုက်သည်။ ကျန်သည့် ဗိုလ်မှူးတပ်မှူးများကိုလည်း အလောင်းမင်းတရားကြီးဆီသာ လွှတ်လေသည်။ သူကိုယ်တိုင်ကား တပ်တစ်တပ်နှင့်သာ ကျန်ရစ်သည်။
တပ်သားများက
" ဗိုလ်ချုပ်ကျွန်ုပ်တို့ မြောက်ဘက်မှတပ်ကိုဖောက်၍ ထွက်မှတော်ပေမည် မြို့တွင်းမှထွက်တိုက်ပါက ကျွန်ုပ်တို့ခံနိုင်မည်မဟုတ်"
လျှောက်တင်ကြသောအခါ ဦးတွန်က
" မင်းတရားဆုတ်သည်မှာတစ်စခန်းနှစ်စခန်းမျှသာရှိသောသည်ငါတို့ဖောက်ထွက်သော် တိုက်ပွဲဖြစ်၍ ကူညီနေရလျှင်ခရီး ဖင့်တော့မည်၊ မစိုးရိမ်ကြလင့်"
ဆိုကာ ခံ၍ ကျန်ခဲ့သည်။ ထိုနောက်တပ်တို့ကိုဖောက်၍ ထွက်သောအခါ မင်းလှနော်ရထာက မြို့တွင်းမှယိုးဒယားတို့ထွက်တိုက်သည်မှတ်၍ လာကူညီ၏၊ သို့သော်ဦးတွန်က
"သွေးသောက်မစိုးရိမ်နှင့် မင်းတရားကိုသာစောင့်ရှောက်၍ ဆုတ်ပါလေ နောက်ကြောင်းကိစ္စကျုပ်ရှင်းနိုင်သည်မင်းတရားကို
Unlock to read this premium article with 10 points.