Author's Profile Photo

SarPhat Author

5/07/2024

ခိုငှက်ငယ်တွေလိုချစ်ခြင်း ၂

1 min read
Book Review
Poetry
Art
ခိုငှက်ငယ်တွေလိုချစ်ခြင်း ၂'s photo

၁။ စောင့်စားရတာတွေ မောနွမ်းလာပြီးနောက် ​အရင်လို ကျွန်မမောင့်ကို မစောင့်ဖြစ်တော့ပါ။အချစ်ကိုအချစ်အတိုင်း မထားခဲ့နိုင်တုံးက မောင့်ကိုရူးခဲ့သလို အချစ်ကိုအချစ်အတိုင်း ထားခဲ့နိုင်သွားတော့လည်း မောင့်ကိုကျွန်မ မေ့နိုင်ပြီ။ မောင်လွတ်လပ်စွာ ဆက်လက်ပျံသန်းပါ ။

၂။ ကျွန်မဘဝမှာ မောင့်ကိုပဲ လိုအပ်ခဲ့တာပါ ။ ဘဝနဲ့ရင်းပြီးမောင့်စီက ရွေးချယ်မှုကို ကျွန်မမျှော်လင့်ခဲ့တယ်
မောင်ရွေးခဲ့ပါတယ် ကျွန်မမဟုတ်တဲ့ မောင့်ထက်၃နှစ်ငယ်တဲ့ ကောင်မလေးကို မောင်ရွေးခဲ့ပါတယ် ။ ကျွန်မကမောင့်ကိုဦးခဲ့ပါတယ် ။ ကျွန်မအိုဇာတာမှာ မောင်မပါခဲ့တာလွဲရင် ကျွန်မမောင့်ကို မမုန်းခဲ့ပါဘူး။

၃။ သုံးပွင့်ဆိုင်တဲ့အခါ ကျွန်မပဲနေခဲ့ပါရစေမောင် ။ မောင်သိပ်မြတ်နိုးရတဲ့ အမျိုးသမီးအနားမှာနေပြီး ကျွန်မတို့ထပ်ဆုံဖို့ မောင်မတွေးပါနဲ့။ ကျွန်မစကားကိုငြင်းဆန်ပါမောင် ။ ကျွန်မနှလုံးသားကို တိတ်ဆိတ်သော မောင့်ရဲ့အမုန်းလက်နက်နဲ့ ဖြေးညင်စွာသတ်ပါ ။ ကျွန်မရင်ခွင်နယ်နိမိတ်မှာ အသွေးအသားတွေ ကြေမွသွားသည်အထိ ရက်စက်စွာ ခြေစုံကန်ထွက်သွားပါမောင် ။ နောက်ဆုံးနေ့ရက်တွေအထိ ကျွန်မမောင့်ကိုချစ်ခဲ့ပါတယ်။

၄။ reply တွေကြာနေလည်း အရင်လို ကျွန်မ ခံစားမနေတော့ဘူး။ အဝင် call တွေမရှိတော့ရင်လည်း အရင်လို ဝမ်းနည်မနေတော့ပဲ စာတွေဖတ်ရင်း ကျွန်မဖြတ်သန်းမယ်။ မောင့်ရဲ့အရံလူတွေ တစ်ယောက်မဟုတ်တစ်ယောက်တော့ မောင့်လိုအင်နဲ့ မောင့်ကိုဂရုစိုက်ပေးနေမှာပါဆိုတဲ့အတွေးတွေကြောင့် ကျွန်မအရင်လို စိတ်မပူဖြစ်တော့ဘူး။

၅။ မောင်နဲ့ဝေးပြီးတဲ့နောက်မှာ ကျွန်မလူတွေကိုကြောက်လာတယ် ။ ပျက်စီးလွယ်တဲ့အရာဝတ္ထုတွေကို ကျွန်မ မပိုင်ဆိုင်ချင်တော့ဘူး။ ကျွန်မ စွဲစွဲလမ်းလမ်းတွယ်တာမိတဲ့ မောင့်ကို ဆုံးရှုံးပြီးတဲ့နောက်မှာ ကျွန်မအရာရာကြောက်တတ်လာတယ် မောင်။

၆။ မျှော်နေသေးတယ် ရောက်လာဦးမယ်အထင်နဲ့ ပြန်ရောက်မလာတော့ တမ်းတမ်းတတ ဖြစ်နေတဲ့ နှလုံးသားကို ကျွန်မအသွေးအသားက လှမ်းမေးတယ်
မင်းအမှတ်မရှိဘူးလားတဲ့။

၇။ လျှော့ပေးခဲ့ပါတယ် တင်းမာလွန်တဲ့မာနတွေအောက်မှာ သံယောဇဥ်ကြိုးတွေလည်း တစ်စတစ်စ နာနာကျင်ကျင်ဖြစ်ဖို့ နာနာကျင်ကျင် ပြတ်တောက်သွားခဲ့ရတယ်။

၈။ ကြိုးကလေးနဲ့ လိုရာကိုဆွဲပြီး မောင့်စိတ်ကြိုက် ဆော့ကစားချင်နေခဲ့မယ်ထင်ပါတယ် ။စိတ်လိုလက်ရ မရှိတော့တဲ့အခါ ကျွန်မတို့ စိတ်ချလက်ချ ဝေးသွားဖို့ပဲ ကံပါတော့တယ်။

၉။ ဝေးသွားပြီးဆိုကာမှ ဝေးပြီးခဲ့တာ အတော်ကြာနေမှန်း ကျွန်မပြန်သတိရလိုက်တယ် ။ မောင်ကကြိုးတစ်ချောင်းကို ဓားနဲ့ တစ်ချက်တည်း ဖြတ်တောက်လိုက်တဲ့အခါ ကျွန်မတို့သံယောဇဥ်တွေအကုန် ပြတ်တောက်သွားခဲ့ရတယ် ။ ကျွန်မမှာတော့ ကြာမျှင်တွေလို ဖြစ်နေတယ် ပြတ်တောက်သွားပေမယ့် ကျန်ရှိနေတဲ့ ကြာမျှင်ကလေးတွေနဲ့ မောင့်ကိုဆက်ပြီး ပိုင်ဆိုင်ချင်နေမိသေးတယ်။

၁၀။ နယ်နိမိတ်တစ်ခုမှာ မြတ်မြတ်နိုးနိုးနဲ့ နမ်းရှိုက်ခွင့်မရှိပေမယ့် ငေးခွင့်လည်းရှိသလို ဆွေးခွင့်လည်းရှိခဲ့ပါတယ် ။

ခိုငှက်ငယ်တွေလိုချစ်ခြင်း ၃ နောက်ဆုံးပိုင်းအား ဆက်လက်စောင့်စားပေးကြပါ။

-Joy (ဘုန်းမိုးသွန်း)

Keep Reading

ညဖြူဖြူ သူတော်စင်ရူး သူခိုးငရိုးလိုမှသုံးပါအင်တာနက်နဲ့ လူနေမှုဘဝ မေတ္တာမဏ္ဍိုင်ရှောင်တာက ကြောက်ခြင်းမဟုတ်အပေါ်ယံသမားဟိုလိုလို ဒီလိုလို ဝေလည်လည်အဖေကို ဘာကြောင့်မုန်းတာလဲတဇောက်ကန်းသမားဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)