Author's Profile Photo

မြသွန်း(တောင်ဒဂုံ)

5/07/2024

?မြန်မာနိုင်ငံထဲက တစ်နှစ်ပတ်လုံး နှင်းတွေဖုံးလွှမ်းနေတဲ့နေရာတစ်ခု

1 min read
Education
General Knowledge
Culture
?မြန်မာနိုင်ငံထဲက တစ်နှစ်ပတ်လုံး နှင်းတွေဖုံးလွှမ်းနေတဲ့နေရာတစ်ခု's photo

?အခုမိတ်ဆွေတို့အားလုံးမြင်တွေ့နေရတဲ့ နှင်းလွှာထုကြီးတွေဖုံးလွှမ်းနေတဲ့ အိမ်ခေါင်တွေ၊ မျက်စိတစ်ဆုံးရှိတဲ့ ဆီးနှင်းတွေအပြည့်နဲ့နေရာက တောင်ကိုရီးယားက မဟုတ်သလို ဥရောပနိုင်ငံတွေကလည်းမဟုတ်ပါဘူး။

?ဒါဆိုရင် မြန်မာနိုင်ငံမှာတင် အဲ့လိုနေရာမျိုးရှိတယ်လို့ပြောရင် ယုံနိုင်ကြမလားရှင်။ တကယ်လည်း ဒါက မြန်မာနိုင်ငံမှာရှိတဲ့ ရွာလေးတစ်ရွာပဲဖြစ်ပါတယ်။ ဒီတော့ အခုလို ဥရောပတိုက်ရောက်သွားသလိုခံစားရတဲ့ ဒီနေရာ‌လေးက မြန်မာနိုင်ငံရဲ့ဘယ်အပိုင်းမှာ တည်ရှိတာလဲ? အဲ့ဒီဒေသကိုရော ဘယ်လိုသွားရောက်လည်ပတ်နိုင်မလဲ?

?ဒီရွာလေးကတော့ ကချင်ပြည်နယ်၊ ခေါင်လံဘူးမြို့နယ်၊ ဇဲတန်းကျေးရွာအနီးမှာတည်ရှိတဲ့ ရှိန်းခေါင်ဆိုတဲ့ရွာလေးပဲဖြစ်ပါတယ်။

?အခုလိုမြန်မာပြည်မြောက်ဖျားပိုင်းက အအေးဆုံးနေရာဖြစ်တဲ့ ကချင်ပြည်နယ်မှာ နှင်းကျတယ်ဆိုတာက အထူးဆန်းကြီးတော့မဟုတ်ပေမယ့် ဒီရှိန်းခေါင်ရွာလေးမှာက ထူးထူးခြားခြားပဲ တစ်နှစ်ပတ်လုံး ဆီးနှင်းတွေဖုံးလွှမ်းနေတာကို တွေ့ရပါတယ်။

?ဆီးနှင်းတွေထူးပိန်းချက်ကတော့ အိမ်ဆိုရင် ဘယ်တော့မှခေါင်မမြင်ရသလို၊ လမ်းဆိုရင်လည်း ဘယ်တော့မှ မြေမမြင်ရတတ်ပါဘူး။ ဒီလိုနေရာမျိုးက မြန်မာနိုင်ငံထဲမှာရှိတယ်ဆိုတာကို အခုလိုဂျက်နဲ့လက်နဲ့မပြောနိုင်ရင် ဘယ်သူမှယုံနိုင်ကြမယ်တောင်မထင်ပါဘူး။

? ရှိန်းခေါင်ရွာလေးဟာဆိုရင် ပင်လယ်ရေမျက်နှာပြင်အထက် ပေ(တစ်သောင်းကိုးရာ)အမြင့်မှာတည်ရှိနေတဲ့ ကုန်းမြင့်ဒေသလေးတစ်ခုဖြစ်ပြီး တစ်နှစ်ပတ်လုံးဆီးနှင်းတွေဖုံးလွှမ်းနေတဲ့ ရွာလေးပဲဖြစ်ပါတယ်။

? ရွာဆိုပေမယ့် စာသင်ကျောင်းလည်းရှိသလို ဆေးရုံတွေလည်းရှိပါတယ်။ ရှိန်းခေါင်ရွာမှာနေထိုင်တဲ့‌ လူဦးရေကတော့ (၁၅၀၀)ဝန်းကျင်လောက်ပဲရှိတဲ့အတွက်ကြောင့် သိပ်တော့မများလှပါဘူး။

? ဒီမှာမေးစရာတစ်ခုက အခုလိုဥရောပက နှင်းလွှာထုကြီးတွေနဲ့ အပြိုင်အဆိုင်လှပနေတဲ့ မြန်မာနိုင်ငံက ဒီလိုနေရာလေးအကြောင်းကို ဘာ့ကြောင့်လူတွေ သိပ်မသိကြတာလဲ? အကြောင်းကတော့ သွားရေးလာရေးခက်ခဲ‌နေတာကြောင့်ပါ။

? ပူတာအိုကနေ ရှိန်းခေါင်ရွာလေးဆီသွားမယ်ဆိုရင် အချိန်အားဖြင့် (၃)ရက်ကနေ (၄)ရက်လောက်အထိကြာတတ်ပြီး ဒါကလည်း ချောချောမွေ့မွေ့နဲ့သွားနိုင်တဲ့လမ်းကြောင်းတစ်ခုတော့ မဟုတ်ပါဘူး။

? ဒါမယ့်မြန်မာနိုင်ငံကနေ တရုတ်ဘက်ကိုကူးသွားပြီးတော့မှ တရုတ်ကနေတစ်ဆင့် ရှိန်းခေါင်ရွာကိုသွားမယ်ဆိုရင်တော့ လမ်းသိပ်မကြမ်းဘူးလို့သိရပါတယ်။

?ဆောင်းရာသီအလယ်လောက်ကနေ နွေရာသီအထိဆိုရင် ဆီးနှင်းတွေထူထပ်နေတတ်ပြီး အဲ့လိုအချိန်တွေမှာ နှင်းရုပ်ကြီးတွေလုပ်တာမျိုးတို့၊ နှင်းလုံးတွေကိုလုံးပြီး တစ်ယောက်နဲ့တစ်ယောက် ပစ်ပေါက်တမ်းဆော့ကစားတာမျိုးတို့၊ အတွဲတွေဆိုရင်လည်း အမိုးအောက်ကနေ ကော်ဖီလေးသောက်ရင်း နှင်းအလှကိုတစိမ့်စိမ့်ထိုင်ကြည့်ရတာမျိုးတို့ အခုလိုအပန်းဖြေဖို့အတွက် ရှိန်းခေါင်ရွာလေးက တကယ်ကိုသင့်တော်တဲ့နေရာလေးတစ်ခုပါ။

?ဒါမယ့်လည်း အရှေ့မှာပြောခဲ့သလို လမ်းပန်းဆက်သွယ်ရေးအခက်ခဲကြောင့် ရှိန်းခေါင်ရွာကို ခရီးသွားလာသူက မရှိသလောက်ကိုနည်းပါးနေပါတယ်။ နောက်ပြီး ရွာသားတွေက ဆောင်းရာသီဆိုရင် စားနပ်ရိက္ခာအခက်ခဲတွေနဲ့ပါ ရင်ဆိုင်နေရတာဖြစ်ပါတယ်။

?တကယ်လို့ လမ်းပန်းဆက်သွယ်ရေးတစ်ခုသာ အဆင်ပြေသွားခဲ့မယ်ဆိုရင် ဒီလိုအခက်ခဲတွေအားလုံး ပြေလည်သွားမှာဖြစ်သလို ရှိန်းခေါင်ရွာလေးက ရွာသားတွေအတွက်လည်း ပြည်တွင်းပြည်ပ ခရီးသွားဝင်ငွေတွေပါ တစ်ဖက်တစ်လမ်းကနေ ရရှိနိုင်မှာပဲဖြစ်ပါတယ်။

?ဒါ‌ဆိုရင် နောက်ဆုံးအနေနဲ့ပြောချင်တာက မိတ်ဆွေတို့လည်း အခါအခွင့်ကြုံရင် ရှိန်းခေါင်ရွာလေးဆီ တစ်ခါလောက်သွားလည်ကြည့်ကြဖို့ တိုက်တွန်းချင်ပါတယ်။

မြသွန်း(တောင်ဒဂုံ)

Keep Reading

မမေ့ချင်ဆုံး အမှတ်တရ (သို့) ဒုတိယမြောက် Grade-12 ကျောင်းသာဘဝ (Episode-2)တက်ညီလက်ညီ ပန်းတိုင်ဆီသို့မမေ့ချင်ဆုံး အမှတ်တရ (သို့) ဒုတိယမြောက် Grade-12 ကျောင်းသားဘဝ (Episode-1)ပညာတတ်ဆိုသည်မှာ အဘယ်နည်း ------------------------------------ကိုယ်ချင်းစာစိတ် ---------------လဖြစ်ပေါ်ပုံနှင့် ပတ်သက်ပြီး ဖြစ်နိုင်ချေအရှိဆုံး အဆိုကြမ်းများနှင့် သက်သေအချို့လွမ်းမောစရာအတိတ်လင်းယုန်ငှက်ထံမှ အတုယူသင့်သည့် ခေါင်းဆောင်မှုစိတ်ဓာတ်လေညင်းတွေဟာ ဘယ်ကလာUWC scholarship