Author's Profile Photo

SarPhat Author

5/07/2024

Functions & Activities of HRM HRM ရဲ့ လုပ်ဆောင်ချက်တွေအကြောင်း?‍?

1 min read
Business
General Knowledge
Functions & Activities of HRM

HRM ရဲ့ လုပ်ဆောင်ချက်တွေအကြောင်း?‍?'s photo

HRM ဆိုတာ Organizationတစ်ခုမှာ လူတွေကိုအဓိက Focus ထားပြီးစီမံခန့်ခွဲသောလုပ်ငန်းများကို လုပ်ဆောင်ကာ အဖွဲ့အစည်းကို တိုးတက်ဖွံ့ဖြိုးစေခြင်း၊ အားဖြည့်ပံ့ပိုးပေးခြင်းနှင့် ကောင်းသောပြောင်းလဲခြင်းများလုပ်ဆောင်ခြင်းတို့ကဲ့သို့သော အရေးကြီးသည့် အခန်းကဏ္ဍများကိုလုပ်ဆောင်ခြင်းမှပါဝင်ပါတယ်။

HRM ၏ အဓိကလုပ်ဆောင်ရသော အရေးကြီးသောလုပ်ဆောင်ချက်များမှာ......

?HR Planning
Organization တစ်ခုမှာ အဲဒီOrganizationရဲ့ ရည်မှန်းချက်များအောင်မြင်စေဖို့အတွက် လူ့စွမ်းအားအရင်းအမြစ်နှင့်ပတ်သက်သော လုပ်ငန်းဆောင်တာများလုပ်ဆောင်ရန် အစီအစဥ်ချမှတ်ရေးဆွဲခြင်းဖြစ်ပါတယ်။

 ? Recruitment
Organization အတွက်လိုအပ်နေသော လစ်လပ်ရာထူးနေရာအတွက် ဝန်ထမ်းသစ်ခန့်ထားနိုင်ရန် ရှာဖွေစုဆောင်းခြင်းဖြစ်ပါတယ်။

 ? Selection
Recruitmentပြုလုပ်ပြီး ရရှိလာသော လျှောက်ထားသူများထဲမှ လုပ်ငန်းခွင်ရှိလစ်လပ်ရာထူးနှင့် သင့်လျော်ကိုက်ညီမည့်အရည်အချင်းရှိသူကို လူမှန်၊ နေရာမှန်ရွေးချယ်ခန့်ထားခြင်းဖြစ်ပါတယ်။

? Training & Development
Organizationရှိ လူများအားလုံး တိုးတက်ဖွံ့ဖြိုးမှုရှိစေရန် လေ့ကျင့်ပေးခြင်းဖြစ်ပါတယ်။

 ? Compensation & Benefits
ဝန်ထမ်းများရပိုင်ခွင့်နှင့်ခံစားခွင့်များ သတ်မှတ်စီစဥ်ပေးခြင်းဖြစ်ပါတယ်။

? Performance Management & Appraisal
Organizationရှိ ဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည် သုံးသပ်အကဲဖြတ်ခြင်းဖြစ်ပါတယ်။

? Health & Safety
Organizationရှိ ဝန်ထမ်းများ၏ ကျန်းမာရေးနှင့် လုပ်ငန်းခွင်လုံခြုံမှုရှိစေခြင်းဖြစ်ပါတယ်။

 ? Discipline & Grievance
Organizationတွင်း လိုက်နာကျင့်သုံးလုပ်ဆောင်ရမည့် စည်းမျဉ်းစည်းကမ်းများချမှတ်ခြင်းဖြစ်ပါတယ်။

 ? Termination & Dismiss
အလုပ်မှ ထုတ်ပယ်ခြင်း၊ ရပ်နားခြင်းဖြစ်ပါတယ်။

HR Professional တစ်​ဦးအနေနဲ့ အထက်ပါ Functionsတွေကို ဗဟုသုတပြည့်ဝစွာ လုပ်ဆောင်နိုင်စွမ်းရှိနေရန် လိုအပ်ရုံသာမက HR တစ်ယောက်အနေဖြင့် နေ့စဉ်ပြောင်းလဲတိုးတက်နေသော လူမှုအဖွဲ့အစည်းနှင့်အညီ ဖွံ့ဖြိုးတိုးတက်စေရန် စဥ်ဆက်မပြတ် ကြိုးစားလုပ်ဆောင်နေကြရမှာ ဖြစ်ပါတယ်။

HR & Business နဲ့ပတ်သက်တဲ့ Knowledge တွေကို ဆက်လက်ဝေမျှပေးသွားပါဦးမယ်။

#HRZone

Keep Reading

လူလတ်တန်းစားထောင်ချောက်ဘဝမှာ ချမ်းသာကြွယ်ဝမယ့်အခွင့်အလမ်းကို ပိတ်ဆို့နေတဲ့Limitation တွေ အကြောင်း ငွေရှာဖွေနည်း၏ ကောင်းကျိုးဆိုးကျိုး"ပန်နိုရာ" တိုက်မှ ပထမဆုံးရိုက်နှိပ်ထုတ်ဝေလိုက်သည့် "မိနစ်ပိုင်းစာ စီးပွားပညာ" အပိုင်း(၁) စာအုပ်ကို 𝗣𝗿𝗲-𝗼𝗿𝗱𝗲𝗿 မှာယူနိုင်ပါပြီ။အောင်မြင်ဖို့ အဓိက ဘာလိုသလဲ ချမ်းသာဖို့အတွက် ဘာလိုသလဲချွေတာမလား၊ ပိုရှာမလား3L for Successမြန်မာပြည်က လူငယ်အများစုရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ပိတ်ဆို့စေတဲ့အရာနှစ်ခုလုံခြုံစိတ်ချရမှုကိုရွေးမလား၊ စွန့်စားမလား