SarPhat Author
ဒီနေ့ Job Interview ဖြေတော့မယ်ဆိုရင် Part (2) မှာတော့ Job Interview ဖြေရင် ဘယ်အချက်တွေဆောင်ရမယ်၊ ဘယ်လိုအရာတွေတော့ရှောင်ရမယ်ဆိုတာကို Sharingလုပ်ပေးသွားပါမယ်။
ပထမဆုံးအချက်ကတော့ ကိုယ်အင်တာဗျူးသွားဖြေရမယ့် အလုပ်နေရာကို သူတို့အင်တာဗျူးချိန်းထားတဲ့အချိန်ထက်နောက်မကျဘဲ အတတ်နိုင်ဆုံးအနည်းဆုံး ၁၅မိနစ်၊ နာရီဝက်လောက်စောရောက်အောင်သွားပါ။ စောရောက်တာကပြသနာ
မဟုတ်ပါဘူး။ ချိန်းထားတဲ့အချိန်ထက်နောက်ကျမှရောက်ရင် ကိုယ်ကအချိန်ကိုမလေးစားဘူးလို့ သတ်မှတ်ခံရနိုင်ပါတယ်။
အင်တာဗျူးဖြေဆိုတဲ့အခါမှာ ယောကျာ်းလေးပဲ
ဖြစ်ဖြစ်၊ မိန်းကလေးပဲဖြစ်ဖြစ် မိမိကိုယ်မိမိ
အဝတ်အစား၊ အပြင်အဆင် သပ်ရပ်သန့်ရှင်းမှုရှိစွာ ဝတ်ဆင်သွားခြင်းကလည်း မိမိအတွက် အကျိုးရှိတဲ့တစ်ချက်ဖြစ်ပါတယ်။ Personal Hygiene & Grooming အလေ့အထကောင်းများကို
ကောင်းမွန်စွာဖြင့် ကျင့်သုံးသွားပါ။ ဆံပင်ကို
သပ်ရပ်စွာ ပုံသွင်းသွားပါ။ မိန်းကလေးများ မိမိတို့ရဲ့မျက်နှာအပြင်အဆင် သင့်တင့်စွာပြင်ဆင်သွားပါ။ မိမိနဲ့လိုက်ဖက်ပြီး Formal ကျသော
ဝတ်စားဆင်ယင်မှုမျိုးကို ဝတ်ဆင်ပါ။
အနံ့အလွန်ပြင်းသောအမွှေးနံ့သာများ အသုံးပြု
ခြင်းကို လုံးဝရှောင်ကြဥ်ပါ။ မိမိတို့ ခံတွင်းနံ့မကောင်းခြင်း မဖြစ်အောင် အထူးဂရုစိုက်ပါ။ ဆေးလိပ်သောက်တတ်သူ၊ ကွမ်းစားတတ်သူများ
မိမိတို့ခံတွင်းသန့်ရှင်းရေးကိုအထူးဂရုစိုက်ကာ
လုပ်ဆောင်သွားပါ။ ဖြစ်နိုင်ရင် အင်တာဗျူး
မဖြေခင် ပူရှိန်းတစ်ခုခုငုံထားပါ။
အင်တာဗျူးသွားရောက်ဖြေဆိုတဲ့အခါမှာ မိမိ
အတွက်လိုအပ်တဲ့စာရွက်စာတမ်းများကို မူရင်းရော မိတ္တူပါ သေချာစွာစီစဥ်ပြင်ဆင်၍
ယူဆောင်သွားပါ။ မိတ္တူကူးဖို့လိုတာတွေ
တခါတည်းကူး လိုအပ်တဲ့စာရွက်တွေ
အစဥ်လိုက်အတိုင်း Stapler နဲ့ချုပ်၊ ဓာတ်ပုံကိုကော်နဲ့ကပ်ဖို့လိုနိုင်တာဖြစ်တဲ့အတွက် Passport photo နဲ့ ကော်ဘူးလဲမမေ့ပါနဲ့။
အင်တာဗျူးမဖြေခင်မှာ မိမိတို့လျှောက်ထားတဲ့
သက်ဆိုင်ရာအလုပ်နဲ့ပတ်သက်တဲ့ Test မျိုးတွေ ဖြေရတတ်ပါတယ်။ စိတ်အေးအေးနဲ့စဥ်းစားပြီး ပေးထားတဲအချိန်မှာအမှားနည်းအောင် ကြိုးစားဖြေဆိုပါ။
အင်တာဗျူးခန်းထဲဝင်ရတော့မယ်ဆိုရင် မိမိရဲ့
ဆံပင်၊မျက်နှာအနေအထားနဲ့ ဝတ်စားပုံတို့ကို
တခေါက်ပြန်လည်ကြည့်ရှုသုံးသပ်ပါ။ အကျီကော်လံတွေ၊ ကြယ်သီးတွေ စဖြင့် သပ်ရပ်မှုရှိမရှိ၊ မျက်နှာနဲ့ဆံပင်သပ်ရပ်လှပမှုရှိ၊မရှိ စစ်ဆေးပါ။
အင်တာဗျူးခန်းထဲဝင်ရောက်ပြီဆိုလျှင်လည်း မိမိထိုင်ရမယ့်ထိုင်ခုံကိုတွေ့တာနဲ့ ပြေးထိုင်တာမျိုး
မလုပ်ပါနဲ့။ ထိုင်ခုံဆီသို့ တည်ငြိမ်စွာလျှောက်လှမ်းပြီး အင်တာဗျူးမယ့်သူတွေကို Attentionထားကာ
ရိုသေစွာနှုတ်ဆက်သင့်ပါတယ်။ အင်တာဗျူးမယ့်သူတွေဘက်မှ ထိုင်ပါလို့ပြောမှသာ ထိုင်ခုံကိုဖြေးညှင်းစွာဆွဲယူ၍ တည်ငြိမ်စွာထိုင်ပါ။
အင်တာဗျူးဖြေကြားနေစဥ်အတွင်းမှာလဲ
စိတ်လှုပ်ရှားမှုကို ထိန်းပါ။ မိမိတို့ကိုယ်တိုင် အင်တာဗျူးဖြေဖို့ဆုံးဖြတ်ပြီး ဒီနေရာထိရောက်လာပြီးမှတော့ စိတ်တအားလှုပ်ရှားနေတာမျိုးကို ရအောင်ထိန်းချုပ်ပါ။ မေးတဲ့မေးခွန်းများကိုလဲ မိမိတို့လူအချင်းချင်း သာမန်ပုံမှန်တွေ့ဆုံပြောကြားနေတဲ့ Conversation လေးတစ်ခုအဖြစ်သာဖန်တီးပါ။ But လေးစားမှုရှိရှိနဲ့ပြောဖို့ကတော့ အရေးကြီးပါတယ်။ သင့်တင့်တဲ့ ကိုယ်နေဟန်ထား Body Language နဲ့ ပေါ့ပါးသွက်လက်စွာပြောဆိုပါ။ မျက်နှာအမူအရာချိုသာမှုရှိအောင် ကြိုးစားပါ။ Confidentရှိရှိ စကားပြောဆိုပါ။ Overconfidentအထိတော့ မဖြစ်ပါစေနဲ့။ မေးခွန်းများကိုဖြေကြားစဥ် မည်သည့်အချက်ကိုမဆို
အမှန်အတိုင်း မလိမ်ညာပဲဖြေဆိုပါ။ မိမိအလုပ်ရလိုစိတ်တစ်ခုနဲ့ အင်တာဗျူးမှာ လိမ်ညာမှားယွင်းစွာဖြေဆိုခြင်းသည် နောက်ပိုင်းတွေမိမိကို ပြန်လည်
ထိခိုက်နိုင်မယ့်အကြောင်း ရှိလာတတ်ပါတယ်။
အင်တာဗျူးမဖြေခင်မိမိတို့အနေနဲ့ Personal Issues တွေ Personal Problems & Feelings တွေ ရှိနေပါက အင်တာဗျူးခန်းပြင်ပမှာသာထားခဲ့ပါ။ အင်တာဗျူးခန်းထိမသယ်လာပါနဲ့။ အလုပ်နဲ့
ကိုယ်ရေးကိုယ်တာခွဲခြားပါ။
အင်တာဗျူးဖြေနေစဥ်တလျှောက် လေးစားမှုရှိစွာ စကားပြောဆိုရင်း နိုးကြားစွာနေပါ။ မိမိသိလိုသောအချက်များကိုလည်း အင်တာဗျူးသူများဘက်မှ သိချင်တာရှိရင်ပြန်မေးနိုင်ပါတယ်လို့
ပြောတဲ့အချိန်မှာမေးပါ။ တကယ်သိသင့်တဲ့ သိလိုတဲ့ အရေးပါတဲ့ မေးခွန်းမျိုးပြန်မေးနိုင်အောင် စဥ်းစားလေ့ကျင့်ပါ။
အင်တာဗျူးပြီးဆုံးပါသဖြင့် နှုတ်ဆက်သည့်အခါတွင် မိမိတို့ထိုင်နေတဲ့ထိုင်ခုံနေရာမှာ ငြင်သာ
တည်ငြိမ်စွာ ထ၍ ခုံကိုနေရာတကျပြန်နေရာချပေးခဲ့ပါ။ အချို့ Company များတွင် မိမိအားလက်ဆွဲနှုတ်ဆက်ခဲ့သည်ရှိသော် တည်ငြိမ်စွာလက်ဆွဲနှုတ်ဆက်ပါ။ အင်တာဗျူးခန်းထဲမှအထွက် လေးစားစွာနှုတ်ဆက်၍ ထွက်ခွါပါ။
#HRZone
Keep Reading