Author's Profile Photo

Nyein

2/07/2024

"တိတ်ဆိတ်ခြင်းဟာ ပညာပါပဲ"

1 min read
Culture
Entrepreneurship
18 Again
"တိတ်ဆိတ်ခြင်းဟာ ပညာပါပဲ"'s photo

" တိတ်ဆိတ်ခြင်းဟာ ပညာပဲ"

ရမ်းသမ်း တိတ်ဆိတ် လို့မရပါဘူး...


"ဒေါသမရှိဘူးတော့ ဘယ်ဟုတ်ပါ့မလဲ
ရှိတာပေါ့ ရှိပေမယ့်လည်း...

ဒီဒေါသကို ထုတ်မပြနိုင်တာက ပညာပဲ''


"မခံစားရဘူးတော့ ဘယ်ဟုတ်ပါ့မလဲ
ခံစားရတာပေါ့ ခံစားရပေမယ့်လည်း...

မျက်နှာမှာ မပေါ်လွင်အောင် ထိန်းချုပ်
နိုင်တာက ပညာပဲ''


"ဝမ်းမနည်းတတ်တာတော့ ဘယ်ဟုတ်ပါ့မလဲ
ဝမ်းနည်းတတ်တာပေါ့ ဝမ်းနည်းပေမယ့်လည်း
လူတကာကို လှပ်ပြပြီး ပြောပြ
မနေတော့တာက
ပညာပဲ''


"လူပဲ ခံစားချက်ကတော့ အသက်ရှင်နေသ၍
ရှိနေဦးမှာပဲ ဘယ်လို ပညာသားပါပါ
ဖော်ထုတ်ပြမလဲဆိုတာပဲ ကွာသွားကြတယ် ''

"ဖော်ပြလို့ မထူးဘူးဆိုရင် ဒီလိုပဲ အဆင်ပြေ
အောင် ကျိတ်မှိတ်ကျော်လွှားရမှာပဲ''

"ဒေါသရှိတိုင်း ထုတ်ပြရင် ကိုယ်ပဲ
ဒေါသကြီးတယ်ဆိုတဲ့ နာမည်ရသွားမယ်။


ဘာကြောင့် ဒေါသတွေကြီးလဲ
ဆိုတာကိုတော့...သိကြမှာ မဟုတ်ဘူး''


"ခံစားချက်တိုင်း ထုတ်ပြနေရင်
ကိုယ့်အားနည်းချက် လူသိတာပဲ

အဖတ်တင်တယ်ကိုယ်ခံစားရတာ သူတို့က
ပြေလည်အောင် လုပ်ပေးနိုင်တာမှ မဟုတ်တာ''


"ဝမ်းနည်းတိုင်း ငိုပြနေရင် ကိုယ်
အားပျော့တာပဲ လူသိတယ် ။


ဖေးမကူညီမှာထက် ဝေဖန်တဲ့လူတွေက
ခပ်များများဆိုတော့ နေတတ်အောင်နေမှ
နေပျော်တဲ့ ဘဝလေးကိုရမှာ''။


"လူဖြစ်လာပေမယ့်လည်း ဒီလူတွေနဲ့
နေဖို့ဆိုတာ တော်တော်လေး အထာကျပြီး
ရင့်ကျက်နိုင်မှ တော်ကာကျတယ်''။


"ဒီလိုရင့်ကျက်အောင် နေနိုင်ဖို့ ဆိုတာကလည်း
တော်တော်လေးကို ခက်တာ''။


"တိတ်ဆိတ်နေနိုင်ဖို့ ဆိုတာဟာ
တကယ့်ပညာပါပဲ။

လောက အလယ်...
ရင့်ကျက်ဖို့ သင်ယူကြရပေဦးမည် ။



ဒီကြားထဲ
တော့...
အတတ်နိုင်ဆုံး တိတ်ဆိတ်
နေလိုက်ပါ့မယ်''။





#Nyein
2/7/2024(Tuesday)

Keep Reading

ညဘက်လက်သည်းမညှပ်ရခြင်းနှင့် ထူးခြားဆန်းပြားအကြောင်းအရင်းများ‘မိအေး နှစ်ခါနာတဲ့ Victim များ’အနုပညာ ဟန် တစ်ခု ခိုင်ခိုင်မာမာနောက်လိုက်လျှောက်သူ ရှိမြဲ။ ( Trends အကြောင်း )​ပျောက်ကွယ်မသွားတဲ့သကြန်အ​မွေအနှစ်များကျောင်းစာကြည့်တိုက် ပညာရေး -----------------------------တန်ဖိုးနားလည်တတ်ပြီလားထပ်ကာထပ်ကာလေ့ကျင့်ခြင်းက ကျွမ်းကျင်စေတယ် ◾နွေရာသီသို့ရောက်လျှင် မိုးရာသီနှင့် ဝေးတော့မည် မဟုတ်အို...သင်္ကြန် ဘယ်ခါမုန်းလို့ ဆုံးစေတော့ပိုက်ဆံမစုပါနဲ့ ပိုက်ဆံကို ခိုင်းပါ ◾