Author's Profile Photo

Eaint

15/12/2025

Daily Motivation Challenge

1 min read
Culture
Creative
Motivation

ဘဝရည်မှန်းချက်ဆိုတာ
ကိုယ့်ကို မနက်တိုင်း နိုးလာစေတဲ့ အကြောင်းရင်းတစ်ခုပါ။

အချိန်တိုင်း မပြတ်သားသေးလည်း
လမ်းမပျောက်အောင် ဦးတည်ရာကို ပြသပေးနေတဲ့
မီးတိုင်လေးတစ်တိုင်လိုပါပဲ။

တချို့လူတွေက ရည်မှန်းချက်ကြီးကြီးထားတတ်ကြသလို
တချို့အတွက်တော့
မိသားစုအတွက် သာယာတဲ့ဘဝတစ်ခု
ကိုယ်ချစ်တဲ့အလုပ်ကို လုပ်နိုင်ခြင်းတစ်ခုပဲ
အကြီးဆုံးရည်မှန်းချက် ဖြစ်နေတတ်ပါတယ်။

အရေးကြီးတာက
သူများနဲ့ နှိုင်းယှဉ်ပြီး ရည်မှန်းချက်မရွေးဖို့ပါ
ကိုယ့်ဘဝ၊ ကိုယ့်အခြေအနေ၊ ကိုယ့်အိပ်မက်နဲ့ ကိုက်ညီတဲ့
ရည်မှန်းချက်တစ်ခုရှိရင်
လမ်းနှေးသွားလည်း မမှားပါဘူး။

မရောက်သေးသရွေ့ လက်မလွှတ်ပါနဲ့
ဘဝရည်မှန်းချက်ဆိုတာ
တစ်နေ့တည်း မရောက်နိုင်ပေမယ့်
မနားဘဲ လှမ်းလာရင်
တစ်နေ့တော့ သေချာရောက်လာမှာပါ 💪✨

SH Book


Keep Reading

ထပ်ကာထပ်ကာလေ့ကျင့်ခြင်းက ကျွမ်းကျင်စေတယ် ◾နွေရာသီသို့ရောက်လျှင် မိုးရာသီနှင့် ဝေးတော့မည် မဟုတ်နတ်နက္ခတ်၊ လူနက္ခတ်၊ ဘီလူးနက္ခတ်တို့အကြောင်းပိုက်ဆံမစုပါနဲ့ ပိုက်ဆံကို ခိုင်းပါ ◾နံရံမဲ့ကျောင်း ---------------ကြည့်ချင်ပွဲ လူတစ်ယောက်အတွက် အခြေခံလိုအပ်ချက်တွေမှ မပြည့်စုံရင် ◾မိဘတို့ သိကြဖို့ --------------Daily Motivation Challengeလူတစ်ယောက်ကို စီးပွားပျက်စေနိုင်တဲ့ L သုံးလုံး ◾