Default Profile Photo

SarPhat User

2/07/2024

Palace of Languages

2 mins read
Personal Development
General Knowledge
Art

စိတ်ဆန္ဒနန်းတော်
တိတ်ဆိတ်သော စာကြည့်ခန်း၏ တောင့်တစ်နေရာတွင် မီယာ့အား စာအုပ်များက ခံတပ်သဖွယ် ဝန်းရံလျက်ရှိသည်။ ထူထဲလှသော စာအုပ်တစ်ပုံချင်းစီသည် လွန်ခဲ့သော နှစ်နှစ်အတွင်း သူ လေ့လာခဲ့သည့် ဘာသာစကားမျိုးစုံစာအုပ်များဖြစ်သည်။ ပြင်သစ်၊ ဂျပန်၊ အာရဘီ စသဖြင့် ယင်းတို့သည် သူ၏ ကမ္ဘာ အစိပ်အပိုင်းများ ဖြစ်လာခဲ့သည်။  သို့သော် ယခုနေ့မှာတွင်တော့ စာလုံးဝေါဟာရများသည် သူ့အား နစ်ချလိုက်ဖို့ ပြင်နေသော လှိုင်းလုံးကြီးသဖွယ် လွှမ်းမှိုးနေသည်။ မီယာသည် သူ၏ စာကြည့်စားပွဲတွင်ထိုင်ကာ အဆုံးမရှိသော ဝေါဟာရစာရင်းများကို မျက်နှာအရေးအကြောင်းများ ထင်းလာသည်အထိ စိတ်ပျက်လက်ပျက် စိုက်ကြည့်နေမိသည်။

စိတ်ခံစားမူပေါင်းစုံ လုံးထွေးလျက် မီယာသည် သူ၏ အတိတ်ကို တွေးမိသည်။ သူသည် တစ်ချိန်က အဆောက်အအုံများကို ဒီဇိုင်းရေးဆွဲရန် စိတ်အားထက်သန်ခဲ့သော ဗိသုကာပညာဘွဲရတစ်ဦးဖြစ်သည်။ ယင်းစိတ်အားထက်သန်မူသည် ဘာသာစကားများကို ချစ်မြတ်နိုးခြင်း၏ နောက်ကွယ်တွင် နေရာယူထားလျက် ရှိသည်။ သို့သော် ယခုတွင်မူ ယင်းနောက်ဖက်က ခေါ်ဆိုမူဆီသို့ လှည့်ပြန်သွားသည်ဟု ခံစားနေရသည်။ ဗိသုကာအလုပ်ဆီ ပြန်သွားရန် စိတ်ကူးသည် စိတ်သက်သာစေရာရစေသလို တွန့်ဆုတ်နေခြင်းကလဲ ဖြစ်နေသည်။

ထိုအချိန်တွင် ကျွိကနဲမြည် တံခါးပွင့်သံနှင့်အတူ သူ၏ သူငယ်ချင်းဟောင်း အတန်းဖော်ဟောင် စင်သီ က ဝင်လာသည်။ စင်သီသည်လည်း ဗိသုကာတစ်ဦးအဖြစ် အခက်အခဲများကို ကျော်လွန်ကာ ဗိသုကာနယ်ပယ်တွင် အလုပ်တွင်ကျယ်လျက်ရှိသည်။

“ မီယာ၊ နင့်ရဲ့ ဘာသာစကားကမ္ဘာမှာ နစ်မြှုပ်နှံထားနေတုန်းပါလား၊ ငါသိတယ်” စင်သီက ရွှတ်နောက်နောက်နဲ့ စိန်ခေါ်မူ အရိပ်အမြွက်လဲပါတဲ့ လေသံဖြင့် ပြောလိုက်သည်။

မီယာက မော့ကြည့်ကာ ပြုံးပြလိုက်သည်။ 

“ဟုတ်တယ်၊ ဒါပေမဲ့ ဒီနေ့တော့ ဘာသာစကား တွေက ငါ့ကို မြှုပ်နှံနေသလိုပဲဟယ်”

စင်သီက တခစ်ခစ်ရယ်ပြီး ကုလားထိုင်ကို ဆွဲလိုက်သည်။ 

“ငါသိတယ်၊ ဒါပေမဲ့ နင်က အမြဲတမ်း လုပ်သင့်တာတွေထက် နည်းနည်းတော့ ပိုလုပ်တတ်တာပဲ။ တစ်ခုခုမှာ အာရုံစိုက်ပြီး ကောင်းအောင် မလုပ်တာလဲ။ ဗိသုကာအလုပ်မှာ နင်ကောင်းခဲ့တာပဲ။ ပြောရင်းနဲ့ မေးရအုံးမယ်။ ဘာလို့ ဆက်မလုပ်တာလဲ၊ နင့်မှာ လုပ်နိုင်စွမ်းရှိသားပဲကို”

မီယာက သက်ပြင်းချသည်။ 

“ဘာသာစကားတွေက ငါ့ကို ဆွဲဆောင်နေကြတယ်၊ ငါ့အတွက် ကမ္ဘာသစ်တံခါးတွေကို ဖွင့်ပေးကြတယ်၊ ဒါပေမဲ့ အခုတော့ နှစ်ခုစလုံးကို ဆုပ်ကိုင်ထားရင်းနဲ့ ဆုံးရှုံးသွားသလို ခံစားနေရတယ်၊ ဗိသုကာအလုပ်ကိုလဲ ငါသွားချင်တယ်၊ ဒါပေမဲ့ အဲဒီနှစ်ခုကို ဘယ်လို ပေါင်းစပ်ရမလဲ မသိဘူး”

စင်သီက သူ့ကိုယ်ကို ကိုင်းလိုက်ပြီး အလေးအနက်ပြောလိုက်သည်။

“နင် ဇဟာဟာဒီး ကိုကြည့်၊ သူ့ဘဝမှာ အတားအဆီးတွေ အခက်အခဲတွေ အများကြီး ရင်ဆိုင်ရပေမဲ့ ဘယ်တော့မှ အရူံးမပေးခဲ့ဘူး၊ သူ့အသက် လေးဆယ်မှာ ဗိသုကာအဖွဲ့ကို ထူထောင်ခဲ့ပြီးတော့ ခုကြည့် အကျော်ဇေယျ ဖြစ်ခဲ့ပြီ၊ ပြီးတော့ ဒန်းနစ်စကော့ဘရောင်း၊ အဖျက်တွေကြားကနေ သူ့ရဲ့ ဗိသုကာသီအိုရီကို ပြန်ပြီး သတ်မှတ်နိုင်ခဲ့တယ်၊ သူတို့ အရှုံးမပေးခဲ့ကြသလို နင်လဲပဲ မဖြစ်သင့်ဘူး”

မီယာက သူ့သူငယ်ချင်း၏ စကားကို ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်သည်။ 

“နင်ပြောတာ မှန်ပါတယ်၊ သူတို့တွေ အကျော်အမော် ဖြစ်ခဲ့ကြတယ်၊ ငါလဲလုပ်နိုင်ရမယ်” 

စင်သီက ပြုံးလိုက်သည်။

“ နင် စိတ်အားထက်သန်နေတဲ့ အရာနှစ်ခုကို ပေါင်းစပ်လို့ မရဘူးလို့ ဘယ်သူပြောလဲ၊ ဘာသာစကားကနေတစ်ဆင့် မတူတဲ့ ယဥ်ကျေးမူကနေလာတဲ့ အဆောက်အအုံတွေကို ပိုမြင်နိုင်မှာ၊ နေရာတွေသက်သက်ပဲ မဟုတ်တဲ့ အဓိပ္ပါယ်ရှိတဲ့ ဖွဲ့စည်းပုံတွေကို ဖန်တီးပေးနိုင်မှာပဲ” 

မီယာ့ မျက်လုံးများ လင်းလက်လာသည်၊

“အဲဒါ သိပ်လှတဲ့ စိတ်ကူးပဲ စင်သီ၊ အခန်းတိုင်းဟာ မတူညီတဲ့ ဘာသာစကားကို ကိုယ်စားပြုတာပဲ၊ ငါ့ရဲ့ စိတ်အခန်းကို နန်းတော်လို တည်ဆောက်နိုင်တာပဲ၊ အဲဒီအခန်းတွေကို ဝေါဟာရစကားလုံးတွေနဲ့ အလှဆင်ပြီး တစ်ကန့်ဆီ ဖွဲ့စည်းပေးလို့ရတာပဲ” 

စင်သီက ရယ်သည်။

“အခုမှပဲ ငါသိတဲ့ မီယာနဲ့တူတော့တယ်၊ ဝေါဟာရတွေရဲ့ နေရာအခန်းနန်းတော့တဲ့”

အသစ်တစ်ဖန် သန္နိဌာန်ဖြင့် မီယာသည် သူ၏ စာအုပ်များဆီ ပြန်ကြည့်လိုက်သည်။ စကားလုံးမုန်တိုင်းများ ငြိမ်သက်သွားပြီး ပြတ်သားသော လမ်းကြောင်းတစ်ခု ထွက်ပေါ်လာသည်။

သူသည် ဘာသာစကားများကို လေ့လာသူ အဖြစ်သာမက သူ၏ဘဝ သူ၏ကိုယ်ပိုင် ကံကြမ္မာကို ဗိသုကာတစ်ဦးအနေဖြင့် ဇွဲရှိရှိ ဖန်တီးလုပ်ဆောင်ရပါမည်။

နောက်ပိုင်းကာလများတွင် မီယာသည် သူကိုယ်တိုင် ရေးသားခဲ့သော ကဗျာတစ်ပုဒ်မှ ဥာဏ်ကွန့်မြူးမူများ ရလာပါတော့သည်။

“ဆိတ်ငြိမ်စာဖတ်ခန်း၊ အရိပ်ကျ တောင့်တစ်နေရာ
စာအုပ်ပုံအကြား၊ ကိုယ်ကိုင်း ကောက်ယူ
လေပြင်းမုန်တိုင်းသဖွယ် လှည့်ပတ်နေသော ဝေါဟာရများ
စိတ်တွင်းအလင်းနှင့် ရင်ဆိုင်လိုက်သည်။

စကားစုများသည် ကခုန် လှုပ်ရှားသက်ဝင်
အလွတ်ကျက် မြဲမြဲနေအောင် ဖမ်းဆုပ်ထားသည်
စိတ်ကူးဖြင့် တည်ဆောက်ထားသော နန်းတော်ဝယ်
ဘာသာစကားတစ်ခုစီက မြင့်မြတ်နေရာကိုတွေ့ရှိကြသည်။

မာကျော ကျောက်တုံးများကို ကွေ့ပတ်စီးဆင်း မြစ်များလို
ပြင်းပြဆန္ဒသည် မယိမ်းပါ မယိုင်ပါ
စိတ်၏ ဗိသုကာပညာရှင်
နောင်တမရှိ ဦးမော့လာခဲ့သည် တဖန်။

ကဗျာ၏ စကားလုံးများသည် သူ့စိတ်တွင် ပဲ့ထင်ထပ်နေပြီး ဆက်ရမည့် ခရီးလမ်းနှင့် ရှိရမည့်ခွန်အားကို အစဥ်သတိရစေသည်။ သူ၏ ဝါသနာနှင့် စိတ်ဆန္ဒများအကြား တံတားများဆောက်တည်ကာ သူ့အတွက် ကိုယ်ပိုင်ဖြစ်သောအလုပ်လမ်းကြောင်းကို ဖန်တီးနိုင်မည်ကို သူ သိသည်။ ပြီး စင်သီကဲ့သို့ သူငယ်ချင်းများနှင့်အတူ ဘဝ၏ စိန်ခေါ်မူများကို ရင်ဆိုင်ရန် အားအင်များအပြည့်နှင့်လည်း ဖြစ်နေပါတော့သည်။

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအပေါ်ယံသမားစာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်နှစ်ဆယ့်ငါး-ခက်ခဲမှုတို့ရဲ့နောက်ကွယ်တန်ဖိုးစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်း