Moe
ကျွနု်ပ်တို့ဆက်သွယ်ပြောဆိုတဲ့ဘာသာစကား ပဲဖြစ်ဖြစ်ကျွန်ုပ်အိုင်ဒီယာတွေစိတ်ခံစားမှုတွေမျှဝေတဲ့အခါပဲဖြစ်ဖြစ် ဘာသာစကားကို အသုံးပြုပြီး ဆက်သွယ်ကြရပါသည်။
ကျွန်ုပ်တို့ယနေ့ခေတ် ဘာသာစကားဆိုရင် တော့Eng ဘာသာစကားက လူပြောများတဲ့ဘာသာစကားတစ်ခုဖြစ်ပြီး Eng ဘာသာစကားပြောဆိုသူစုစုပေါင်း 1.4 billion ကျော်ထိရှိကြပါသည်။
ဒါပေမဲ့စာဖတ်သူတို့အနေနဲ့ကမ္ဘာသက်တမ်းအရင့်ဆုံးဘာသာစကားထဲက ဘယ်ဘာသာစကားဖြစ်မလဲဆိုတာစဥ်းစားမိကြလိမ့်မယ်ထင်တယ်။
အဲဒါဆိုအခုရေးတဲ့စာက စာဖတ်သူတို့အတွက်ပဲဖြစ်ပါတယ်။
အခုပြောပြပေးမယ့်အကြောင်းအရာကတော့ကမ္ဘာသက်တမ်းအရင့်ဆုံးဘာသာစကား (10)ခုဖြစ်ပါသည်။
(1) Egyptian ?? ဘာသာစကား
ကမ္ဘာကြီးရဲ့ပထမဆုံး လူယဥ်ကျေးမှုထွန်းကား ခဲ့တဲ့အီဂျစ်ဒေသပဲဖြစ်ပါတယ်။
သက်တမ်းအားဖြင့် ဘီစီ၄၀၀၀ထဲက စတင်ခဲ့တဲ့အတွက် နှစ်ပေါင်း (6000)ကျော်သက်တမ်းရှိပါတယ်။
အခုလက်ရှိကတော့ မူလလက်ဟောင်း အီဂျစ်ဘာသာစကားကိုအသုံးမပြုတော့ဘဲ အီဂျစ်ပြည်ကို အစ္စလာမ်ဘုရင် သိမ်းပိုက်ခဲ့ပြီး အီဂျစ်,Arabic စကားကို ယနေ့အသုံးပြုလာကြတာပဲဖြစ်ပါတယ်။
Egyptian ဘာသာစကားကို နှုတ်ဆက်တာကတော့ Salam Aaikku ပဲဖြစ်ပါတယ်။
Salam Aaikku ဒီစကားလုံးကတော့ အီဂျစ်ဘာသာစကားကနေဆင်းသက်လာတာပဲဖြစ်ပါတယ်။
အခုအခါ အစ္စလာမ်လူမျိုးများ အပြန်အလှန် နှုတ်ဆက်တဲ့အခါမှာလည်းအသုံးပြုကြပါတယ်။
အဓိပ္ပါယ်ကတော့ ငြိမ်သက်ခြင်းရှိပါတယ်လို့အဓိပ္ပါယ်ရပါတယ်။
Hello in Egyptian = Salam Aaikku
(2) Sanskrit ဘာသာစကား
Sanskrit ဘာသာစကားရဲ့ သက်တမ်းအရ နှစ်ပေါင်း (5000) ကျော် သက်တမ်းရှိပါတယ်။
ဟိန္ဒူဘာသာ၀င်တွေအတွက် Sanskrit ဘာသာစကားဟာ အမြင့်မြတ်ဆုံး ဘာသာစကားဟူလည်း ယူဆကြပါတယ်။
ကမ္ဘာကုလသမဂ္ဂ UNO ရဲ့ ပြောကြားချက်အရ Sanskrit ဘာသာစကားဟာ ကမ္ဘာတစ်ဝှမ်းရှိ ဘာသာစကားများရဲ့ 97% ဟာ Sanskrit မှတိုက်ရိုက် (သို့မဟုတ်) သွယ်ဝိုက်တဲ့နည်းဖြင့် ဆင်းသက် လာတာပဲဖြစ်ပါတယ်။
အခုလက်ရှိ Sanskrit ဘာသာစကားကိုတော့ ဟိန္ဒူကျမ်းဂန် တရားများနှင့် လူနည်းစုသာပြောဆိုကြပါတယ်။
Sanskrit ဘာသာစကားကို နှုတ်ဆက်ကတော့ Namaste ပဲဖြစ်ပါတယ်။
Hello in Sanskrit = Namaste
(3) Tamil ဘာသာစကား
သုတေသနပညာရှင်များပြောကြားချက်အရ Tamil ဘာသာစကားဟာ နှစ်ပေါင်း(5000)ထိ သက်တမ်းရှိကြပါတယ်။
Tamil ဘာသာစကား ကို BC 3000 ခုနစ်ထဲက အသုံးပြုနေကြတာပဲဖြစ်ပါတယ်။
ဒါအပြင် Tamil ဘာသာစကား ဟာ သဒ္ဒါစာအုပ်ဖြစ်တဲ့ Tolkppiyam စာအုပ် ဟာ BC 3000 ခုနစ်ထဲကရှိခဲ့တဲ့ အထောက်အထား တွေလည်းရှိပါတယ်။
ဒါအပြင် Tamil ဘာသာစကား နှင့် Korea ဘာသာစကား အသံထွက် တူညီတဲ့စကားလုံးများစွာရှိပါတယ်။
အခုအချိန် Tamil ဘာသာစကားကို အသုံးပြုတဲ့နိုင်ငံကတော့ သီရိလက်ာ စကာ်ပူ အိန္ဒိယတောင်ပိုင်း နှင့် TAMILNADU ပြည်နယ်များပဲဖြစ်ပါတယ်။
Tamil လို နှုတ်ဆက်တာကတော့ Vanakam ပဲဖြစ်ပါတယ်။
Hello in Tamil = Vanakam
(4) Greek ဘာသာစကား
ဂရိဘာသာစကားရဲ့ သက်တမ်းကတော့ နှစ်ပေါင်း (3000) ကျော် သက်တမ်းရှိပြီး အနောက်နိုင်ငံတွေအတွက် အလွန်အရေးကြီးတဲ့ဘာသာစကားတစ်ခုအဖြစ် တည်ရှိနေပါတယ်။
Eng ဘာသာစကားရဲ့ (12%) ဟာ Greek စကားလုံးများရဲ့ ဘာသာစကား ဖြစ်ပါတယ်။
ဥပမာအနေနဲ့ အသုံးများတဲ့စကားလုံးများမှာ Especially Philosophy Photograph Scientific စတဲ့စကားလုံးတွေဟာ ဂရိဘာသာစကားမှ ဆင်းသက်လာသော စကားလုံးပဲဖြစ်ပါတယ်။
ဂရိတ်ဘာသာလို နှုတ်ဆက်တာကတော့ geiasou ပဲဖြစ်ပါတယ်။
Hello in Greek = Geiasou
(5) Chinese ဘာသာစကား
တရုတ်ဘာသာစကားရဲ့ သက်တမ်းအရ နှစ်ပေါင်း (3200) ကျော် သက်တမ်းရှိပြီး China Taiwan Singapore Hongkown နှင့် Macau မှာပြောဆိုကြတာပဲဖြစ်ပါတယ်။
ယနေ့အချိန်ကမ္ဘာတစ်၀ှမ်းမှာ ပြောဆိုမှုအများဆုံးနိုင်ငံကတော့ Eng ဘာသာစကားပြီးရင် Chinese ဘာသာစကားပဲဖြစ်ပါတယ်။
Chinese ဘာသာစကားကို ပြောဆိုသူစုစုပေါင်း (1.31 billion) နဲ့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။
တရုတ်ဘာသာစကားကို နှုတ်ဆက်တာကတော့ နီဟောင် ဖြစ်ပါတယ်။
(6) Korea ဘာသာစကား
Korea ဘာသာစကားရဲ့ သက်တမ်းကို အတိအကျမသိပေမဲ့ တချို့ပညာရှင် တွေရဲ့ ပြောကြားချက်အရ နှစ်ပေါင်း (3200) ကျော်သက်တမ်းရှိပြီးဖြစ်ပါတယ်။
ယနေ့ကိုရီးယားဘာသာစကားကိုတော့ တောင်ကိုရီးယားနှင့်မြောက်ကိုရီးယားမှာ ပြောဆိုကြပြီး ပြောဆိုသူစုစုပေါင်း (78) သန်းထိရှိပါတယ်။
ကိုရီးယားဘာသာစကားကိုနှုတ်ဆက်တာကတော့ လူတိုင်းသိပြီးသားမို့ ဖော်မပြပေးတော့ပါဘူးရှင့်။
(7) Aramic ဘာသာစကား
သက်တမ်းကတော့ နှစ်ပေါင်း (3000) ကျော် သက်တမ်းရှိပြီး ရှေးခေတ်နိုင်ငံများနှင့် အင်ပါယာနိုင်ငံများမှာ စိုးမိုးမှုအများဆုံးဖြစ်ပြီး ဘုရား၀တ်ပြုခြင်း နှင့် ဘာသာရေးလေ့လာလိုက်စားမှုဘာသာစကားတစ်ခု အဖြစ်လည်းကောင်း အသုံးပြုခဲ့ကြပါတယ်။
ဒါအပြင် ခရစ်ယာန်ဘာသာ၀င်တွေ ကိုးကွယ်ကြတဲ့ ယေရှုခရစ်တော်များကလည်း Aramic ဘာသာစကားကိုပဲ အသုံးပြုခဲ့ကြပါတယ်။
သမိုင်းပညာရှင်တွေလေ့လာမှုနှင့် ဘာသာရေးအကြီးအကဲများကလည်း ပြောဆိုနေကြပါတယ်။
အခုလက်ရှိ Aramic ဘာသာစကားကိုတော့ အီဂျစ်နိုင်ငံမြောက်ပိုင်း နှင့် ဆီးရီးယားနိုင်ငံမှာပြောဆိုနေကြပါတယ်။
Aramic ဘာသာစကားရဲ့ နှုတ်ဆက်စကား ကတော့ shlomo ပဲဖြစ်ပါတယ်။
Hello in Aramic = Shlomo
(8) Hebrew ဘာသာစကား
Hebrew ဘာသာစကားကတော့ နှစ်ပေါင်း (3000) ကျော်သက်တမ်းရှိပါတယ်။
အခုလက်ရှိ Hebrew ဘာသာစကားကိုတော့ အခုလက်ရှိ အစ္စလာမ်နိုင်ငံက တရား၀င်ဘာသာစကား အဖြစ် ပြောဆိုနေကြတာပဲဖြစ်ပါတယ်။
Hebrew ဘာသာစကားကို ပြောဆိုသူစုစုပေါင်း (9) သန်း ကျော်ရှိပါတယ်။
Hebrew ဘာသာစကား နှင့် Seamade ဘာသာစကား ကတော့ သဒ္ဒါစကားလုံးတူညီပြီး အလားတူစကားလုံးများစွာရှိပါတယ်။
ဥပမာအားဖြင့်
Hebrew ဘာသာစကား အဖြစ်
Shlo,
အာရက်ဘာသာစကားကို စလန်လို့ ခေါ်ဆိုကြပြီး ငြိမ်းချမ်းခြင်း သို့မဟုတ် နှုတ်ဆက်တဲ့အခါပြောကြပါတယ်။
Hebrew ဘာသာစကားကိုနှုတ်ဆက်တာကတော့ shalom ဖြစ်ပါတယ်။
Hello in Hebrew = Shalom
(9) Arabic ဘာသာစကား
Arabic ဘာသာစကားကတော့ နှစ်ပေါင်း (2500) ကျော် သက်တမ်းရှိပါတယ်။
Arabic ဘာသာစကားကို ပြောဆိုသူစုစုပေါင်း သန်း(380) ထိရှိကြပါတယ်။
ဒါအပြင် အစ္စလာမ်လူမျိုးတွေ အထွတ်အမြတ်ထားတဲ့ Quran ကျမ်းဟာလည်း Arabic ဘာသာစကား အဖြစ် ရေးသားထားတာပဲဖြစ်ပါတယ်။
Arabic ဘာသာစကားအဖြစ်ဆင်းသက်လာရတဲ့ဘာသာစကားကတော့ Turkish Urdu Indonisian Punjabi ဘာသာစကားအပြင် အခြားဘာသာစကား များစွာရှိကြပါတယ်။
Arabic ဘာသာစကားကိုနှုတ်ဆက်တာကတော့ Mrhban ဘဲဖြစ်ပါတယ်။
Hello in Arabic = Mrhban
(10) Latin ဘာသာစကား
Latin ဘာသာစကားကတော့ နှစ်ပေါင်း (2100) ကျော်သက်တမ်းရှိပါတယ်။
ရောမအင်ပါယာ နှင့် ရောမနိုင်ငံများမှာအသုံးပြုကြပါတယ်။
အခုလက်ရှိမှာတော့ ကမ္ဘာအငယ်ဆုံးနိုင်ငံဖြစ်တဲ့ Vatican နိုင်ငံရဲ့ တရား၀င်ဘာသာစကားပဲဖြစ်ပါတယ်။
ဒါအပြင် ကမ္ဘာတစ်၀ှမ်း ခရစ်ယာန်ဘာသာ၀င်ဖြစ်တဲ့ မှန်ကက်သရစ်ဘုရားကျောင်းမှာ၀တ်ပြုခြင်း,ဆုတောင်းခြင်းပြုလုပ်တဲ့အခါမှာလည်း Latin ဘာသာစကားကို အသုံးပြုကြပါတယ်။
ထူးခြားတဲ့အချက်ကတော့ Eng Romania Italy France Spain ဘာသာစကား ဆိုတာလည်း Latin ဘာသာစကားကနေ ဆင်းသက်လာတာပဲဖြစ်ပါတယ်။
Latin ဘာသာစကားကိုနှုတ်ဆက်တာကတော့ Salve ပဲဖြစ်ပါတယ်။
Hello in Latin = Salve
#Moe
Keep Reading