Moe

ဒီဂြိုလ်သိမ်ဂြိုလ်မွှား ဆိုတာကအင်္ဂလိပ်လို Dwarf planet)လို့ခေါ်ကြပါတယ်ရှင့်။
နေစကြဝဠာမှာ ဂျူပီတာဂြိုဟ်နဲ့ မားဂြိုဟ်တို့ သွားရာလမ်းကြောင်း နှစ်ခုစပ်ကြား မိုင် ၃ဝဝဝဝဝဝဝဝ ကျယ်ပြောတဲ့ လဟာပြင်မှာဆိုရင်အဲ့လို ဂြိုဟ်ကလေး ပေါင်းအများကြီးရှိပါတယ်တဲ့ရှင့်။
ယနေ့အထိ ဂြိုဟ်ကလေးပေါင်း ၁၅ဝဝ ကျော်ကို နက္ခတ္တဗေဒပညာရှင်တို့ တွေ့ရှိခဲ့ပါပြီရှင့်။နောက်ထပ်လည်းအခြားဂြိုဟ်ကလေးတွေကို ထပ်မံတွေ့ရှိရေတုန်းပါပဲရှင့်။
ဂြိုလ်သိမ်ဂြိုလ်မွှားတွေကို အဝေးကြည့်မှန်ပြောင်းနဲ့ကြည့်မှ မြင်နိုင်တာပါရှင့်။
နက္ခတ္ထပညာရှင်တွေရှာဖွေတွေ့ရှိရသလောက်တော့ အကြီးဆုံး ဂြိုဟ်ကလေးက ဆီးရီးဖြစ်ပြီးတော့ အချင်း ၄၈၅ မိုင် ရှိပါတယ်ရှင့်။
ဂြိုဟ်ကလေးအချို့ရဲ့အချင်းက ၁ဝ မိုင်အောက်ပဲ ရှိကြသေးတာပါရှင့်။
ပုံမှာမြင်ရသလိုတော့အကြီးကြီးတွေလည်းရှိပေမယ့် အဲ့တာကိုလညဂြိုလ်သိမ်ဂြိုလ်မွှားလို့ပဲခေါ်ကြပါတယ်ရှင့်။
ဘာလို့ဆိုရင် လုံးဝန်းတဲ့အရာတွေကိုပဲ ဂြိုလ်လို့ခေါ်တာမို့ပါရှင့်။
#Moe
Keep Reading