Moe
အားလုံးပဲ မဂ်လာပါ စာဖတ်သူလေးတို့ရေ
ခရီးသွားရတာကြိုက်နှစ်သက်တဲ့သူတွေရှိကြမယ်လို့ထင်ပါတယ်။
လူအများစုကခရီးသွားရတာကို
ကြိုက်နှစ်သက်ကြပေမဲ့ကိုယ်ခရီးသွားမယ်နေရာအကြောင်းကိုသေချာမစုံစမ်းမိတတ်တာမျိုးတွေရှိကြပါတယ်။
အဲဒီအခါကျရင်တော့မှန်းချက်နှင့်နှမ်းထွက်မကိုက်တာမျိုးလေးတွေကိုကြားရမှာဖြစ်ပါတယ်။
ဒါပေမဲ့ဘယ်လောက်ပဲမှားမှားအခုပြောပြမယ့်အရာကိုယောင်လို့တောင်မှမှားပြီးမသွားမိပါစေနဲ့။
ဘာကြောင့်လဲဆိုရင်ဒီနေ့တင်ဆက်ပေးမှာကတော့ကမ္ဘာပေါ်မှာအန္တရာယ်အများဆုံးနေရာပဲဖြစ်ပါတယ်။
? ဘရားဇီနိုင်ငံကမြွေကျွန်း
တောင်အမေရိကတိုက်မှာတည်ရှိတဲ့ဘရားဇီးနိုင်ငံကသူရဲ့လှပတဲ့ရေမြေသဘာဝစိမ်းစိုနေတဲ့တောအုပ်တွေကြောင့်နာမည်ကြီးနေပါတယ်။
? ကမ္ဘာပေါ်ကအကောင်းဆုံးဘောလုံးသမားတွေလို့ပြောလိုက်တိုင်းဘရားဇီးနိုင်ငံကိုပြေးမြင်မိတဲ့အထိရင်းနှီးနေကြတာဖြစ်ပါတယ်။
? ဒါပေမဲ့လှပတဲ့ဘရားဇီးနိုင်ငံမှာတော့ယောင်လို့တောင်မသွားသင့်တဲ့ကမ္ဘာအန္တရာယ်အများဆုံးနေရာတစ်ခုရှိပါတယ်။
?? ဘရားဇီးနိုင်ငံ စပိုလိုမြို့ကနေ ၉၃မိုင်အကွာရှိတဲ့ ပင်လယ်ပြင်ထဲမှာတော့ ကျွန်းတစ်ကျွန်း ရှိပါတယ်။
? ထူးခြားတာကဒီကျွန်း မှာဘယ်သူမှမရှိဘဲမြွေတွေသာအရေအတွက်အများအပြားရှိနေတာပါ။
❌ ? ဘယ်လောက်တောင်မှာအန္တရာယ်များလဲဆိုရင် အစိုးရအနေနဲ့ဒီကျွန်းပေါ်ကိုဘယ်သူမှမတက်ဖို့ပါ အမိန့်ထုတ်ထားတာရတာပဲဖြစ်ပါတယ်။
? မြွေတွေအများကြီးထဲမှာအရမ်းအဆိပ်ပြင်းတဲ့မြွေတစ်ကောင်ဖြစ်တဲ့အဲဒီကျွန်းပေါ်မှာလုံခြုံတဲ့နေရာဆိုလို့တစ်လက်မတောင်မရှိပါဘူး။
ဒီကျွန်းပေါ်ကိုနောက်ဆုံးရောက်တဲ့လူကတော့ 1920ခုနစ်တုန်းက ငါးဖမ်းသမားတစ်ယောက်ဖြစ်ပါတယ်။
ကံမကောင်းစွာနဲ့ပဲနောက်တစ်နေ့မှာဒီ ငါးဖမ်းသမားကိုလည်း မြွေကိုက်ဒဏ်ရာတွေနဲ့ကမ်းခြေပေါ်မှာ လှေပေါ်မှာ သေနေတာကိုတွေ့ရှိခဲ့ရတာပဲဖြစ်ပါတယ်။
ဒီနေရာကိုဘယ်လိုနည်းနဲ့မှမရောက်ချင်တာတော့အမှန်ပါပဲ။
ဘာမြူဒါတြိဂံ သို့မဟုတ် နတ်ဆိုးနယ်မြေ
BERMUDA TRIANGLE ? နယ်မြေကို မကြားဖူးတဲ့လူကိုဆိုတာခပ်ရှားရှားဖြစ်မှာပါ
အခုထိတောင်အဖြေမရှာနိုင်သေးတဲ့ပဟေဠိဆန်ဆန်နေရာတစ်ခုဖြစ်နေပါသေးတယ်။ FLORIDA & BERMUDA မြို့တွေကို ထောင့်သုံးထောင့်အနေနဲ့အခြေပြုပြီး မှတ်သားထားတဲ့ဒီနေရာကိုနတ်ဆိုးတြိဂံလို့ခေါ်ကြပါသေးတယ်။
ဒီနေရာမှဟိုးအရင်ထဲကသဘော်တွေ လေယာဉ်တွေ မရေမတွက်နိုင် အောင်အကြောင်းပြချက်မရှိဘဲပျောက်ကွယ်သွားတတ်ကြပါတယ်။
ဒါနဲ့ပတ်သက်ပြီးသီအိုရီပေါင်းများစွာ ရှိခဲ့ပေမဲ့တိကျတဲ့သက်သေနဲ့ဖြေရှင်းချက် တွေမှမရှိပါဘူး။
ဒီနယ်မြေအတွင်းမှာဘယ်ရေဒီယိုမှအလုပ်မလုပ်သလိုဘယ်လျှပ်စစ်ကိုမှလည်းအသုံးပြုလို့မရပါဘူး။
ထူးခြားတာကဒီနယ်မြေထဲကိုဝင်သွားမိတဲ့ ဧရာမသဘ်ောကြီးတွေ လေယာဉ်တွေဆိုရင်တောင် ဘယ်လိုအချက်ပြမှုမှမရဘဲ ပျောက်ကွယ်သွားတာဖြစ်ပါတယ်။
တစ်ချို့ကလည်းဒီနေရာမှာ သိပ်ကိုကြီးမားတဲ့သံလိုက်စက်ကွင်း တစ်ခုရှိနေပြီး ဒါကပဲပင်လယ်ကြမ်းပြင်အထိ ဆွဲချနိုင်တဲ့ရေဘဝဲ ?တွေကိုဖန်တီးနေတာဖြစ်ပါတယ်။
ဘယ်လိုကြောင့်ပဲဖြစ်ဖြစ် အဲဒီနေရာကိုတော့ လှေစီးရင်မဝင်မိနိုင်အောင် ဂရုစိုက်စေချင်ပါတယ်။
နတ်ဆိုးရေကန်
ဒီရေကန်ကိုတော့တန်ဇန်းနီးယား ??
ကင်ညာနိုင်ငံအစက်မှတွေ့ရတာဖြစ်ပါတယ်။
ဒီရေကန်ကြီးဟာ အယ်ကာလိုင်းပါဝင်မှုအလွန်မြင့်မားနေတာပဲဖြစ်ပါတယ်။
နောက်ပြီးကန်ရေနဲ့ထိတွေမိတဲ့အနီးအနားပတ်ဝန်းကျင်က သတ္တဝါတွေကို ကျောက်ရုပ်လိုဖြစ်သွားစေတဲ့အထိ အန္တရာယ်များတာပဲဖြစ်ပါတယ်။
ဒါအပြင် ဓာတုဓာတ်ပြုမှုအဆက်မပြတ် ဖြစ်နေတာကြောင့်အဲဒီရေကန် ပတ်ဝန်းကျင်ရဲ့အပူချိန်ဟာ အဆမတန်များပြားနေလေ့ရှိပါတယ်။
ကန်ရေပြင်ပေါ်ကအရောင်လက်လက် တွေကငှက်တွေအတွက် မြေပြင်လို့အထင်မှားစေပြီး ဆင်းလာတဲ့အခါမှတော့ ကံဆိုးသွားစေပါတယ်။
ရေကန်ထဲကအယ်ကာလိုင်းတွေ ကြောင့် ကျောက်ရုပ်တွေလိုဖြစ်ပြီး သေဆုံးကြရပါတယ်။
ကယ်လီဖိုးနီးယားနိုင်ငံ ကသေမင်းချိုင့်ဝှမ်း
အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယား ပြည်နယ်ထဲကသဲကန္တာရ မှာရှိတဲ့ဒီချိုင့်ဝှမ်းကို သေမင်းချိုင့်ဝှမ်း လို့ခေါ်ကြပါတယ်။
ဘာကြောင့်ဒီလို အမည်ကိုပေးထားတာဖြစ်မလဲ။
ဒီနေရာမှအစွန်းနှစ်ဖက်အရမ်းကိုမမျှတဲ့နေရာကြောင့်လို့ပြောရမှာဖြစ်ပါတယ်။
အဲဒါတွေကတော့အပူချိန် တွေမှာ သဲကန္တရာတွေရဲ့ သဘာဝအတိုင်း နေဘက်တွေမှာ အရမ်းပူလောင်နေပေမဲ့ ညဘက်တွေမှာ အနုတ် ဒီဂရီအထိတောင် အေးပါတယ်။
ဒါပေမဲ့ ဒီသေမင်း ချိုင့်ဝှမ်းမှာတော့ နွေရာသီမှာဆိုရင် ကမ္ဘာအပူဆုံးအချိန်ထိတောင် မှတ်ယူထားရမှာပဲဖြစ်ပါတယ်။
နေဘက်အပူချိန် 57°စင်ဒီဂရိတ် ထိရှိတာဖြစ်ပြီး ဒါဟာကမ္ဘာမျက်နှာပြင် ပေါ်က အခြားနေရာတွေထက် အများကြီးပိုများတာပဲဖြစ်ပါတယ်။
ပိုကြောက်ဖို့ကောင်းတာကတော့ နေဝင်သွားတဲ့အချိန်မှာ အပူချိန်လုံးဝ ထိုးကျသွားပြီး အနုတ်ဒီဂရီထိပါ တောင်ရောက်ရှိသွားခြင်းဖြစ်ပါတယ်။
လူတစ်ယောက်သာ သေမင်းချိုင့်ဝှမ်း မှာတစ်ရက်လောက်နေကြည့်ရင် အပူချိန်ကွာခြားချက်နဲ့တင် အသက်သေဆုံးမှုဖြစ်သွားမှာဖြစ်ပါတယ်။
ကာဝါအေးကျန်မီးတောင်
အင်ဒိုနီးရှားနိုင်ငံဟာ မီးတောင်? တွေပေါတဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်။
မီးတောင်ကနေလအပြာမီးတောင် တွေနဲ့ချော်ရည်တွေဆိုတာကိုတွေးကြည့်ရင်တောင် ရုပ်ရှင်တော်တော်ဆန်နေမှာဖြစ်ပါတယ်။
ဒါပေမဲ့ဒါတွေက အပြင်မှာတကယ်ရှိနေပါတယ်။
အင်ဒိုနီးရှားနိုင်ငံက ကာဝါအေးကျန်မီးတောင်က အခြားမီးတောင်တွေလိုပုံမှန်မီးတောင် မဟုတ်ဘဲ ထူးခြားနေတာကတော့ မီးတောင် ကထွက်တဲ့ ဓာတ်ငွေ့တွေကြောင့်ဖြစ်ပါတယ်။
ဒါအပြင် မီးတောင်ရဲ့တောင်ထိပ်ပေါ်က ရှိတဲ့ရေကန် ဟာဆိုရင်သိပ်ကို အဆိပ်ပြင်းတဲ့ ဓာတုဓာတ်ပြုမှု တွေကြောင့် အရမ်းကိုအန္တရာယ်များတာပဲဖြစ်ပါတယ်။
မီးတောင်ပြာတွေကို ညဘက်မှာ မီးတောင်အသေးလေးတွေဆီက လောင်နေတာကိုတွေ့ရပါတယ်။
ဒါကြောင့်လည်းရေကန် တစ်ခုလုံးဟာ ဟိုက်ဒရိုကလိုရစ် အက်စစ်တွေ ဖြစ်နေတဲ့ရေကန်တစ်ခု ဖြစ်နေတာဖြစ်ပါတယ်။
ဒါပေမဲ့လည်း ဆလဖာရှာတဲ့အလုပ်သမားတွေ ကတော့ရှိနေပါသေးတယ်။
ဒါတွေကတော့ကမ္ဘာပေါ်က အန္တရာယ်အများဆုံးနေရာတွေအကြောင်းကိုပြောပြခြင်းဖြစ်ပါတယ်။
#Moe
#knowledge
#forward_only
Keep Reading